29/6/2014
လူ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကာကွယ်ပေးရန်အခြေခ့ဥပဒေကို မလွဲမသွေပြင်ဆင်နိုင်ဖို့ပြည်သူအားလုံးတာဝန်ယူပြီး ညီညီညွတ်ညွတ်ပေါင်းကြစို့ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နူန်းသာရှိတဲ့လွှတ်တော်ထဲမှာ ၇၅ ရာခိုင်းနူန်းကျော်ထောက်ခံမှ အခြေခံဥပဒေပြင်ဆင်လို့ရမယ်ဆိုတဲ့ပုဒ်မ ၄၃၆
ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့၂၅ ရာခိုင်နူန်းက မထောက်ခံရင်ပြင်ဆင်လို့မရနိုင်တဲ့ ပုဒ်၄၃၆
လွှတ်တော်ထဲက ၇၅ရာခိုင်နူန်းကျော်ထောက်ခံသော်လည်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ ပုဒ်ပ ၄၃၆
အခြေခံဥပဒေကိုလွှတ်တော်ထဲမှာဘယ်လိုမှ ပြင်ဆင်လို့မရနိုင်အောင်လုပ်ထားတဲ့ပုဒ်မ ၄၃၆
နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်များလေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေလောက်ပြုပြင်ပြောင်းလဲရန် တင်းကျပ်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါ။
မည်သည့်နိုင်ငံတွင်မှ ရွေးချယ်တင်မြှောက်ခြင်းမခံရသော ကိုယ်စားလှယ်များ သဘောတူညီချက်မရှိလျှင်ပြင်ဆင်၍ မရနိုင်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေဟူ ၍မရှိပါ။
ထိုကြောင့်ဒီမိုကရေစီစံနူန်းစံထားများနှင့်ကိုက်ညီစေရန်လည်းကောင်း၊ ၄င်းဒီမိုကရေစီစံနူန်းများအနက် အဓိကဖြစ်သော ပြည်သူဆန္ဒကိုလေးစားခြင်းဟူသောမူကို ခိုင်မြဲစေရန်လည်းကောင်း ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို အမြန်ဆုံးပြင်ဆင်ရန်ဖြစ်ပါသည်။
မှတ်ချက်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုရင်သမ္မတမှစပြီး ၀န်ကြီးအားလုံးလက်မှတ်ရေးသင့်ကြောင်း
အကယ်၍လက်မှတ်မထိုးဘူးဆိုရင်ဖြင့် တကယ့်ဒီမိုကရေစီကိုလမ်းကြောင်းကိုလျှောက်နေတာမဟုတ်ကြောင်းလိမ်ပညာနေသောဒီမိုကရေစီသာဖြစ်ပါကြောင်းရဲရဲတင်းတင်းရေးသားဖော်ပြအပ်ပါတယ်။

















0 comments:
Post a Comment