မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် နွေစပါး စိုက်ပျိုးကြသော တောင်သူများ ကုန်ကျစရိတ် များသော်လည်း ထွက်နှုန်း ကောင်းပြီး စပါးဈေး ကောင်းသောကြောင့် တောင်သူများ တွက်ခြေကိုက်ကြကြောင်းသိရသည်။ထိုကဲ့သို့ တောင်သူများ အကျိုးဖြစ်ထွန်းသော နွေစပါးနှင့် ပတ်သက်၍ သိရှိလိုသောကြောင့် မကျီးကန်ကွင်းတွင် စပါးရိတ်နေသော တောင်သူများထံသို့ မေးမြန်းကြည့်ရာတောင်သူတစ်ဦးကယခုလိုပြောပြပါတယ်။ ကျွန်တော်တို့က စရိတ်တာ နှစ်ရက်ပဲ ရှိသေးတယ်။ တစ်ချို့ကတော့ ရိတ်သိမ်းပြီးပါပြီ။ နွေစပါးကို သက်တမ်းတို ရက် (၉၀) စပါးမျိုးကို အဓိကထား စိုက်ပျိုးကြပါတယ်။ နွေစပါး စိုက်ပျိုးတဲ့အချိန်မှာ ပျိုးနှုတ်ကောက်စိုနေ့စားအလုပ်သမားခတွေလယ်ထွန်တဲ့ အခါမှာ ထွန်းငှားတွေကဈေးကြီးပေးရတယ်။ စိုက်ပျိုးပြီး ရိတ်သိမ်းချိန် ရောက်တော့လည်း မိုးဦးလေဦးကျမှာ ရိတ်သိမ်းရတော့ မိုးလေကင်းလွတ်ပြီး အချိန်မီ အမိုးအကာအောက် ရောက်ဖို့ ကို အလုပ်သမားတွေငှား၊ စက်မှုလယ်ယာသုံး ပစ္စည်းတွေ ငှားပြီးလုပ်ရတော့ ကုန်ကျစရိတ် များပါတယ်။ ဒါပေမဲ့ နွေစပါးက မိုးစပါးထက် အထွက်နှုန်း ပိုကောင်းတာရယ် စပါးဈေးက မနှစ်ကထက် အထိုက်အလျောက် ပိုကောင်းတော့ ကုန်ကျစရိတ်များပေမဲ့တွက်ခြေကိုက်ပါတယ်လိုပြောပြပါတယ်။ သာစည်မြို့နယ်တွင် နွေစပါးကို သက်တမ်းတို ရက်(၉၀) စပါးမျိုးနှင့် ပုလဲသွယ် စပ်မျိုးစပါးတို့ကို စိုက်ပျိုးကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၄င်းစပါးသည် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တောင်သူများ စိုက်ပျိုးကြကြောင်းလည်းသိရှိရပါတယ်။ ၄င်းနည်းတူ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်က တောင်သူတစ်ဦးပြောပြရာတွင် သူတိုဆီမှာတော့ အေရာမင်းခေါ်သက်ကြီးစပါးကို စိုက်ကြပါတယ်။ ကျနောတို့ မြို့နယ်တွေမှာတော့ ၄င်းစပါးသည် အထွက်ကောင်းပြီး စားတဲ့အခါမှာလည်း အခြားသောဆန်းများနဲ့မတူပဲ အလွန်ပင်စားလို့ကောင်းကြောင်းပြောပြပါတယ်။ ထို့ကြောင့်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းဒေသတို့တွင် မတူညီသည့် စပါးအထွက်နှုန်းတွေရှိနေတဲာတော့အမှန်ပါပဲ၊ မြန်မာနိုင်ငံသားများအတွက် ၀မ်းသားပိတိများဖြစ်ရသလို့ ၄င်းတောင်သူကပဲ ကျနော်တို့မြန်မာနိုင်ငံသည် ပြည်တွင်း ပြည်ပကိုပါ အရည်သွေးကောင်းမွန်စွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်းပြောပါသည်။

















0 comments:
Post a Comment