28/7/2014
၂၀၁၅ဖြတ်သန်းရမယ့်ပင်လယ်ပြင်ကလှိုင်းထန်လိမ့်မယ်။အဲ့ဒိမုန်တိုင်းက ငွေကြေးမုန်တိုင်း ရမ္မက်မုန်တိုင်းလောဘမုန်တိုင်း မောဟမုန်တိုင်း လူ့သဘာဝမုန်တိုင်း သံသယမုန်တိုင်း
အာဏာမုန်တိုင်းတွေတစ်ခုပြီးတခုဆက်တိုက်ဝင်လာလိမ့်မယ်။ပင်လယ်ထဲကလှေငယ်တစ်စင်းပဲဖြစ်တဲ့ပွင့်လင်းဟာအဲ့ဒိလှိုင်းထန်ပင်လယ်ပြင်မှာဒီမုန်တိုင်းကြီးတွေတစ်လုံးပြီတစ်လုံးတိုက်ခက်လာလိမ့်မယ့်ဒဏ်ကိုခံနိုင်ပါ့အလား။ကျုပ်ဆန္ဒအမှန်ကတော့ဒီမုန်တိုင်းတွေကိုကြံ့ကြံ့ခံပြီးပွင့်လင်းဆိုတဲ့ဒီမိုကရေစီလှေတစ်စင်းအောင်မြင်ခြင်း...ကမ်းခြေကိုရောက်သွားတာမြင်ချင်လှပါတယ်။ယောနသံဇင်ယော်လိုလွတ်မြောက်သွားစေချင်တယ်။
မုန်းတိုင်းတကာ့မုန်တိုင်းတွေထဲမှာကြောက်စရာအကောင်းဆုံးမုန်တိုင်းနှစ်ခုကတော့ အာဏာဆိုတဲ့မုန်တိုင်းနဲ့ငွေကြေးဆိုတဲ့မုန်တိုင်ပါ။
အာဏာနဲ့ ငွေကြေးဆိုတာလူတိုင်းကျော်လွှားဖို့ အင်မတန်ခက်ပါတယ်။လူ့ သည်းခြေကြိုက်မို့ အာဏာထက်ငွေကြေးဆိုတာပိုတောင်ကြောက်စရာကောင်းတဲ့မုန်တိုင်းပါ။
ဒို့ဗမာအစည်းအရုံးကြီး၏သမိုင်းကိုအတုယူကြ
တစ်ပွင့်ချင်းနီကျမှတစ်တောလုံးနီလိမ့်မယ်
တစ်ပွင့်ချင်းဝေမှတစ်တောလုံးဝေလိမ့်မယ်
တစ်ပွင့်ချင်းပွင့်မှတစ်တောလုံးပွင့်လိမ့်မယ်
၂၀၁၅တွင်လူထုအောင်ပွဲခံပါစေ။

















0 comments:
Post a Comment