• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

25/6/2014 ရွှေမြန်မာက မန္တလေး - အင်ဖာ ခရီးစဉ်ကို လာမယ့် သောကြာနေ့မှာ ပြန်လည် ပျံသန်းမယ်လို့ သိရပါတယ်။ အင်ဖာမြို့က အိန္ဒိယမြန်မာနယ်စပ် အာသံမဏိပူရပြည်နယ်မှာ တည်ရှိပါတယ်။ အဲဒီပြည်နယ်ကစစ်ကိုင်းတိုင်းနဲ့တမူးမြို့နှင့်ကပ်လျက်ရှိပါတယ်။အခုလေကြောင်းလိုင်းအသစ်ပြေးဆွေးရင်တော့ အရင်က လူစီးကားတွေနည်းသွားနိုင်ပါတယ်။ ယခင်တော့ အင်ဖာကနေ မိုးလေး(ရေး) မိုးလေး(ရေး)ကနေ တမူးမြို့၊ကလေးမြို့၊မန္တလေးမြို့ စသည်မြို့များသို့လာရောက်တဲ့အခါ အောက်လမ်းကနေ ၀င်ကြ၊ထွက်ကြပြီး ကားနဲ့သွားလာနေကြတာပါ။ အခုတော့ လေယဉ်ပြေးဆွဲတော့မယ်ဆိုတော့ သွားရလာရ လမ်းပန်းဆက်သွယ်ရေးအရင်ကထပ်စာရင် အများကြီးခရီးရောက်ပါတယ်.။ ယခင်က အောက်လမ်းကနေ၀င်ရင် အစစ်အဆေးအသားဆီးတွေနဲ့ သွားလာနေကြရတာပါလို့ စစ်တိုင်းဒေသကြီး၊ တမူးမြို့၊ မြို့နယ်ခံတစ်ဦးက ပြောပြပါတယ် ။ပြေးဆွေးမည်ရက်ကတော့ သောကြာနေ့ ဇွန်၂၇ ရက်နေ့ဖြစ်ပါတယ်။အပြန်ခရီးက ဇူလိုင် ၃ ရက်နေ့ ကြာသပတေးနေ့ဖြစ်လိမ့်မယ်လို့ အာသံမဏိပူရအပ်ဒိတ် အွန်လိုင်းသတင်းတစ်ပုဒ်မှာရေးထားတာကိုလည်း တွေ့ရပါတယ်။ခရီးသည်တွေကတော့ မဏိပူရဒေသကနေ စင်္ကာပူကို သွားမယ့်သူတွေ ဖြစ်ဖွယ်ရှိပါတယ်တဲ့။ ရွှေမြန်မာကစင်္ကာပူကိုလည်းနေ့စဉ်ပျံနေတာပါ။ စင်္ကာပူချန်ဂီလေဆိပ်အွန်လိုင်းစာမျက်နှာမှာတော့ ရွှေမြန်မာဟာ မန္တလေးကနေ နိုင်ငံတကာခရီးစဉ်အတွက် စင်္ကာပူကို ရွေးခဲ့တဲ့ ပထမဆုံး လေကြောင်းလိုင်းဖြစ်တယ်လို့ ဆိုပါတယ်။စင်္ကာပူ-မန္တလေးကို ၂၀၁၃ ဧပြီ ကတည်းက ပြေးခဲ့တယ်၊ အခုဆို နေ့တိုင်းအသွားအလာ ရှိတယ်၊ လမ်းမှာ ရန်ကုန်ကို ၀င်တယ်လို့ ဆိုပါတယ်။Golden Myanmar Airline ကို ပိုင်ဆိုင်သူက KMA Group မှ ဦးခင်မောင်အေး ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ ခရိုနီများမြန်များ မြန်မာနိုင်ငံကို ရောင်းစား လိမ်မည်ဖြစ်ကြောင်း သိပ္ပံနဲ့နည်းပညာဆရာကြီး လွင်ပြင်ရိုင်းကဟောကိန်းထုတ်ထားပါတယ်။ ယခုခရိုနီစီးပွားရေးလုပ်ငန်းရှင်များ မြန်မာပြည်အနှံလက်ဝါးကြီးလုပ်ကိုင်နေကြသည်ကို ပြည်သူတွေအတွေ အနေနဲ့ သတိကြီးကြီးရှိကြဖို့လို့ပြီဖြစ်ပါတယ်။

0 comments:

Post a Comment