• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

25/6/2014 ရန်ကုန်ရဲ့ ပထမဆုံး ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုဖြစ်လာမယ့် ၂၂ဧကလောက်ကျယ်တဲ့ စစ်ရုံးချုပ်ဝင်းထဲက ဝန်ထမ်းအိမ်ရာနေရာမှာ Dagon City 1 ကို ဒီနှစ်ကုန်မှာ စတင်ဆောက်လုပ်ပါတော့မယ်။ ဘယ်ကုမ္ပဏီက ဘယ်လိုဆောက်မှာလဲ။ နိုင်ငံတကာမှာ နှစ် ၃ဝကျော် အတွေ့အကြုံရှိတဲ့ Marga Landmark ဆောက်လုပ်ရေးက နိုင်ငံတကာအဆင့်မီ Luxury မြို့အဖြစ် ဒီဇိုင်းဆွဲတည်ဆောက်မှာဖြစ်ပြီး ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်နဲ့ လူနေခန်းတွေ ပါဝင်မှာဖြစ်ပြီး အဆောက်အဦးတစ်ခုချင်းစီမှာ Sky Garden ၂ထပ်စီ ထည့်သွင်းသွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်၊ ဟောင်ကောင်နဲ့ ကိုရီးယားက ကျွမ်းကျင်သူတွေပါဝင်တဲ့ Global Syndicate Marga Group က ၇ဝ%၊ ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ သုခရတနာက ၃ဝ% အကျိုးတူပူးပေါင်းပြီး အာရှိတိုက်ရဲ့ ထိပ်တန်း City ဖြစ်လာဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ ရွှေတိဂုံစေတီတော်အရှေ့တောင်ဖက်နဲ့ ဦးထောင်ဘိုလမ်းထောင့်မှာရှိတဲ့ ဒီနေရာမှာ အထပ်မြင့်ဆောက်လုပ်ရေးမှာ စည်ပင်သာယာနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ စီးပွားရေးအရှိန်မြှင့်ဖို့ ကမ္ဘာ့အဆင့်မီ Commercial Complex တွေဖန်တီးပြီး ပြည်တွင်းမှာ အလုပ်အကိုင် ၅ဝဝဝကျော်ကို ဖန်တီးပေးမယ်လို့ ဆိုပါတယ်။ Dagon City 1 စီမံကိန်းမှာ Residential Towers ၄ခုပါဝင်မှာဖြစ်ပြီး ခေတ်မီဗိသုကာနဲ့ မြန်မာရိုးရာ ဒီဇိုင်းတွေ ပေါင်းစပ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆောက်လုပ်မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းမြင့်တက်မှု၊ စားသောက်ဆိုင်လုပ်ငန်းကနေ ဝင်ငွေတိုးရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment