• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

27/6/2014 မြန်မာနိုင်ငံဟာ ယခင်စစ်အာဏာရှင်လက်ထက်က ဖုန်းဆင်းကဒ်တွေကို မတရားအဓမ္မဈေးတင်ရောင်းချကိုယ်ကျိုးလောဘတွေရှာဖွေလုပ်ခဲ့ကြသည်။ထို့ကြောင့် မြန်မာပြည်သူများဟာအရမ်းကိုသနားစရာကောင်းတယ်။ ၁၅၀၀တန်ရောင်းချတော့လည်း မဲစနစ်နဲ့ မတ်တတ်ရပ်တန်းစီး မဲပေါက်မှ ၄င်းဆင်းကဒ်ကို ကိုင်ရပါတယ်။ ဒါတယ်မကသေးဘူး တစ်လကို ၅၀၀၀ မသုံးရင်ဖုန်းပိတ်မယ်ပြောလို့ ဆင်းဒုက္ခတွေကြားက ငွေကဒ်ဖြည့်ဖို့ရတာအမော်ပဲ၊ အဲဒါဘယ်လောက်ကလိမ်ကကျစ်ကျပြီး ဘယ်လောက်ဒုက္ခပေးလဲစဉ်စားတာကြည့် ကံသုံးပါးကိုယုံကြည်တယ်ဆိုရင် ၀ဋ်ဆိုတာ လည်တယ်နော်။ ဒီဘ၀ကောင်းစားပေမယ့် နောင်းဘ၀မှာသူတောင်းစားတောင်မဖြစ်ဘူးလို့ တရားဓမ္မတွေထဲမှာဖတ်ရပါတယ်။ မကောင်းတဲနည်းမျိုးစုံနဲ့ လုပ်နေတဲ့ခရုနီများကို သန်၆၀ကျော်ပြည်သူတွေက ပြန်ပြီး ဆုပေးဒဏ်ပေးစနစ်ကို ရောက်လာမှာအမှန်ပါပဲ။ စင်္ကာပူ၊ မလေးရှား၊ထိုင်း နိုင်ငံစသည့် နိုင်ငံများကိုသွားတဲ့ အသွားအပြန်လေယာဉ်လတ်မှတ်နဲ့စားသောက်စရိတ်လောက်ပေးရတယ်။ အဲဒါ ဘယ်နိုင်ငံမှာမ မရှိဘူးနော်ဒီလိုဖုန်းတွေရောင်းစားတာ….ဟာဟာဟာ။ အော် ဖုန်းနည်းပညာမထွင်တတ်လို့သာ ထွင်တတ်ရင် နိုင်ငံခြားတိုင်းပြည်ကို ဖုန်းတစ်လုံးကို ဒေါ်လာ ၅၀၀၀ လောက်ရောင်းမှ အရင်းလောက်ပဲကျန်မယ်ပြောအုံးမှာ ဟားဟားဟား …အော်လောဘ..အော်လောဘ၊ လောကနဲ့လောဘဆိုတာ သေသွားခဲ့ရင်တော့ ငရဲကြီး ၈ ထပ်ဆိုတာကြားဖူးတယ် ငရဲကြီး ၈ ထပ်ထဲမှာပါတဲ့ ဘုံလေးကိုကြည့်ကြရအောင် ခွေးတွေဟာငရဲဘုံနော် သေချာပြန်လည်စဉ်းစားကြနော် ဟဲဟဲ….ငရဲကို မယုံသူတွေလုပ်ကြပေါ့.။ ကျနော်တို့နိုင်ငံဟာ သိသိကြီးနဲ့လိမ်ညာ ညစ်ပတ်စုတ်ပြတ်နေသောအခြေခံဥပဒေကို အရေကြိုသောက်သူတွေ ရှိလို့လားဆိုတာမေးခွန်းရှိတယ်။ အဲဒီဥပဒေက အမှန်တကယ်လိုက်နာကြရဲ့လား ကျပ်သိန်း၂၀၊ ကျပ်သိန်း၁၅ ကနေပြီး ကျပ်၂သိန်း ၊ကျပ်၂သိန်းကနေ ကျပ် ၁၅၀၀ ဆိုပြီး အဆင့်ဆင့် မုသာဝါဒတွေ သုံးပြီးလုပ်လာကြတာ ယခု အခါ overseas ဆိုပြီးလုပ်ပြန်ပြီ ရယ်စရာတော့ကောင်းနေပြီ ရွှေမြန်မာတို့ရေ ကျနော်ဖော်ပြခဲ့တဲ့နိုင်ငံတွေမှာ ဆိုရင် မြန်မာနိုင်ငံကို ပြန်တာနဲ့ပဲဖုန်းဆင်းကဒ်တွေအလကားတောင်ပေးခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံကတော့ ၁၅ သိန်းတန်၊ ၁၀ သိန်းတန်၊ ၂သိန်း တန်၊ ၁၅၀၀တန် ဆင်းကဒ်များကိုတော့ ပျောက်မည်စိုးသောကြောင့် တယုတယနဲ့သိမ်းထားကြရပါတယ်။မြန်မာနိုင်ငံတော်သမ္မတကြီးသည် ၄င်းအကြောင်းအရာကို မသိလေရော့သလား၊ အခြေခံဥပဒေများ ရေးဆွဲနေလို့လားဆိုတာ ကျနော်တို့ နားမလည်ပါဘူ။ လိမ်စား၊ ညာစား၊ဗြောင်စား၊ရိုက်စား၊တိုင်စား၊လုစား၊ခိုးစား စသည် ဒီမိုကရေစီ ရွှေမြန်မာကွ လုပ်ကြ၊ အတ္တကင်းစင် ဒီလွင်ပြင်ကနေ ဟိုရေးဒီရေးတွေ့တာကိုအကုန်စွပ်ရေးလိုက်တာနော် ပရိသတ်ကြီးရေ… ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့်WCDMA ဖုန်း ကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ မိမိအသုံးပြုနေသည့်ဖုန်းများ သယ်ဆောင်အသုံးပြု ခွင့်ကို ဇူလိုင် ၂ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်းကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။ “International Outbound Roaming သွားရောက်သုံးစွဲနိုင်တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်...တော်တို့ရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ Prepaid ဖုန်းရော Postpaid ဖုန်းနှစ်မျိုးစလုံး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Prepaid ဖုန်းများအနေနဲ့ကတော့ Top-Up များကို မိမိဆန္ဒရှိတဲ့အလျောက် ဖြည့်တင်းသွားဖို့ လိုအပ်သလိုTop-Up ကတ်များကို ဝယ်ယူသွားပြီး တခြားအသုံးပြုမယ့် နိုင်ငံမှာ ကုန်သွားလို့ထပ်မံပြီး Top-Up လုပ်မယ်ဆိုရင် ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Postpaid ဖုန်းအသုံးပြုသူတွေအနေနဲ့ နိုင်ငံတကာလေဆိပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တယ်လီဖုန်းအခွန်ကောက်ခံရေးကောင်တာများမှာ သွားရောက်ပြီး မိုဘိုင်းဖုန်း International Outbound Roaming သုံးဖို့အတွက်ကို ငွေကျပ်ငါးသိန်း ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။ “ဖုန်းခေါ်ဆိုခနှုန်းထားတွေအနေနဲ့ အာဆီယံနိုင်ငံတွေအတွင်းမှာတော့ ဇုန် ၁ ပေါ့၊ တောင်အာရှတိုက်ကိုတော့ ဇုန် ၂၊ အလယ်အာရှတိုက်ကိုတော့ ဇုန် ၃ ၊ ကျန်တဲ့ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက်များကို ဇုန် ၄ ဆိုပြီး ခွဲခြားထားပါတယ်။ အာဆီယံနိုင်ငံတွင်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ်ဆိုရင် တစ်မိနစ် ကို ကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခေါ်ဆိုမယ်ဆို ရင် တစ်မိနစ်ကို ကျပ် ၃၅ဝဝ၊ အလယ် အာရှတိုက်ကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ကျပ် ၄၅ဝဝ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက် တွေကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်မယ်ဆိုရင် တစ်မိနစ်ကို ကျပ် ၅ဝဝဝ နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သုံးစွဲသူတွေကို ခေါ်ဆိုမယ်ဆိုရင် ပုံမှန်ပြည်တွင်းမှာ ကောက်ခံနေတဲ့ ခေါ်ဆိုခနှုန်းထားအတိုင်းသာ ခေါ်ဆိုသူက ကျသင့်မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Outbound Roaming ဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် သုံးရက်ကြိုတင် လျှောက်ထားရမည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။

0 comments:

Post a Comment