26/6/2014
လွန်ခဲ့သော ရာစုနှစ်တွေက ခေါ်ဝေါ်အသုံးပြုကြသည့် ရွှေမြန်မာ စကားလုံးကို ယနေ့ခေတ်မှာတော့ တယ်ကိုမှန်ပြီ ရွှေမြန်မာဖြစ်လို့ စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် မယ် ကုမာရီပေါ့ ပေါ်လာလို့ အောအတော် ဂုဏ်ယူစရာကောင်းပါပေတယ်။ ကျနော်ရွှေမြန်မာနိုင်ငံဟာ နာမည်နဲ့လိုက်တယ် ရွှေခတ်ရောက်လို့မှ မပြရင် ကမ္ဘာ့အလည်မှာနောက်ကျနေမည်သာဖြစ်သည်။ အခုတော့ဖြင့် မြန်မာ့ယဉ်ကျေးမူနဲ့ လိုက်လျောညီထွေလှဲကလေးကိုစီးပြီး စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် ဆိုတော့ အတော်ကို ချမ်းသာနေပြီပဲ ကျနော်တို့ကတော့ ရွှေနိုင်ငံတောင် အိမ်မက် မမက်နိုင်ပါဘူးလို့ ရွှေပုဂံသားတစ်ဦးဆိုပါတယ်။ အကြောင်းအရင်းကတော့ ကျနော်တို့ရွှေပုဂံသားတွေဟာ နေပူကြဲံကြဲမှာ ၀မ်းရေးအတွက် မနည်းလုပ်နေရတဲ့အချိန်မှာ စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် မယ် ကုမာရီတွေကို မြင်ရတော့အရမ်းကိုအံ့အားသင့်မိတယ်လိုဆိုပါတယ်။ အခြားသောနိုင်ငံများကတော့ အာကာသကိုသွားကြပါတယ်။ ဒါပေမယ့် လေ့လာစရာဗဟုသုတတွေနဲ့ နည်းပညာတွေကို မြင်ရတွေ့ရပါတယ်။ အခုကျနော်လဲ အာကာသမှာတောင်မမြင်ဘူးတဲ့လှဲယဉ်နဲ့တွေ့ရတွေ့ရတော့ အာကာသ ကလား နတ်ပြည်ကဆင်းလာတဲ့ နတ်သမီးလားဆိုတာ ထင်ယောင်ထင်မှားဖြစ်မိပါတယ်လို့ပြောပြပါတယ်။ အော်ရွှေမြန်မာ ရွှေမြန်မာ ရွှေရှိသူတို့အဖို့ ရွှေမြန်မာ ကမ္ဘာကိုတောင်ပတ်နေပြီနော် ရွှေမြန်မာ။
မယ်စကြ၀ဠာမြန်မာဆုအတွက် စကော်တင် ရွေးချယ်ခံထားရတဲ့ မယ်အယောက် ၂၀ ကို
ဟယ်လိုမဒမ် မီဒီယာက ပြည်တွင်းရက်တို လေ့လာရေး ခရီးစဉ်တစ်ခုစီစဉ်ခဲ့ပြီး ခရီးစဉ်
တစ်လျှောက်မှာ အလှမယ်များရဲ့ နေထိုင်ပုံကို အမှတ်ပေးပြီး နောက်ထပ်ပြုလုပ်သွားမယ့်
ထိုင်းနိုင်ငံ၊ ဖူးခက်ခရီးစဉ်အပြီးမှာ အလှမယ် တစ်ဦးကို ရွေးချယ်ပြီး Thailand Myanmar
Firendship ဆုကို ပေးအပ်မှာဖြစ်ပါတယ်။
"ပုဂံကိုရွေးဖြစ်တာကတော့ ပုဂံဆိုတာ မြန်မာရဲ့ အသည်းနှလုံးပါ။ အဲဒီတော့ ဒီခရီးစဉ်က တစ်ဆင့်
အလှဓာတ်ပုံတွေ အွန်လိုင်းမှာ တင်တဲ့အခါ နိုင်ငံတကာက မြန်မာရဲ့ အလှအပတွေနဲ့ ဒီနောက်ဆုံး
ဆန်ခါတင် အယောက် ၂၀ နဲ့ တွဲသိသွားနိုင်မယ်လို့ စဉ်းစားမိလို့ ရွေးလိုက်တာပါ"လို့
မယ်စကြ၀ဠာမြန်မာ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဟယ်လိုမဒမ် မီဒီယာ မန်နေဂျင်း ဒါရိုက်တာ
ဒေါ်စိုးယုဝေက မြန်မာတိုင်း(မ်)ကိုပြောပါတယ်။
လေ့လာရေးခရီးစဉ်က ရမှတ်များဟာ လာမယ့် ဇူလိုင်လထဲမှာ ကျင်းပပြုလုပ်သွားမယ့် နောက်ဆုံး
ပြိုင်ပွဲကြီးမှာ ၅၀ ရာခိုင် နှုန်း အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။
ဇွန် ၂၂ ရက်နေ့က ရန်ကုန်မြို့ကနေ စတင် ခဲ့တဲ့ ဒီခရီးစဉ်ဟာ တစ်ပတ်တာကြာမြင့်မှာ ဖြစ်ပြီး
ပုဂံအပြင် ပြင်ဦးလွင်မြို့ကိုလည်း သွားရောက်လေ့လာကြဦးမှာ ဖြစ်ပါတယ်။
"ညီမအတွက် သူငယ်ချင်းတွေနဲ့ ခရီး ထွက်ဖူးတာ ဒါပထမဆုံးပါ။ အခုပါလာတဲ့ အယောက် ၂၀
ကလည်း တစ်ယောက်နဲ့ တစ်ယောက် သိနေတာပဲရှိတာ။ အခုခရီးစဉ်အတွင်းမှာတော့
ညီအစ်မတွေလိုမျိုး ချစ်ချစ်ခင်ခင်လေးဖြစ်သွားပါတယ်" လို့ ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက
ပြောပါတယ်။
နောက်ဆုံးပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်သွား
မှာဖြစ်ပါတယ်။
ပြိုင်ပွဲကနေ ချီးမြှင့်မယ့် ဆုတစ်ဆုဖြစ်တဲ့ ၾင်် ၤောသက် ဆုအတွက် ပရိသတ်တွေက မဲပေးရွေးချယ်
ကြရာမှာ လက်ရှိမှာတော့ ခါးနံပါတ် ၆ ဖြစ်တဲ့ ဇွန်သံစဉ်က ထိပ်ဆုံးမှာ နေရာယူနေပြီး ဒုတိယ
နေရာမှာတော့ ယွန်းမီမီကျော်၊ တတိယနေရာမှာ သျှားထွဋ်အိနြေ္ဒ ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့၊
နေ့လယ် ၁၂ နာရီထိ မဲများကို လက်ခံသွားမှာပါ။

















0 comments:
Post a Comment