• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

28/6/2014 အိန္ဒိယနိုင်ငံ၊ ကျားထိန်းသိမ်းရေး ဘေးမဲ့ဥယျာဉ် တစ်ခုတွင် ငါးမျှားနေသူ တစ်ဦးအား ကျားတစ်ကောင်က လှေပေါ်ထိ ခုန်တက်လာကာ သတ်ဖြတ် ဆွဲယူသွားခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆွန်ဒါဘန်စ် ကျားထိန်းသိမ်းရေး စခန်းတွင် ဆူရှီလ်မက်ဂ်ျဟီသည် သားနှင့်သမီးတို့ကို ခေါ်ယူကာ လှေတစ်စင်းဖြင့် ချောင်းထဲတွင် ငါးဖမ်းထွက်ခဲ့သည်။ ဇွန်လ(၂၆)ရက်နေ့က ဖြစ်ရပ်တွင် ဆူရှီလ်သည် ဘေးမဲ့စခန်းအတွင်းရှိ ကန့်သတ်ထားသော ဧရိယာထဲသို့ လှေကို မောင်းနှင်ဝင်ရောက်ကာ ငါးဖမ်းခဲ့သည်။ အနောက်ဘင်္ဂလား ပြည်နယ်ရှိ ဘေးမဲ့စခန်းထဲတွင် ငါးမျှားနေစဉ် ကျားတစ်ကောင်သည် လှေအနီးမှ ရေထဲမှ ရုတ်တရက် ပေါ်လာကာ ဖခင်ဖြစ်သူကို ခုန်အပ်ပြီး ရွှံ့ထဲသို့ ဆွဲချကာ ပျောက်ကွယ်သွားကြောင်း ဆူရှီလ်၏ သားဖြစ်သူ ဂျိုတစ်ရှ် မက်ဂ်ျဟီက သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် တောထဲတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းထိ ဆူရှီလ်၏ အလောင်းကို ရှာမတွေ့သေးချေ။ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဒေသတွင် ရှိသော ကျားထိန်းသိမ်းရေး နယ်မြေကို (၈)ပေ အမြင့်ရှိသည့် တံတိုင်းခတ်ထားသော်လည်း အိန္ဒိယကရော၊ ဘင်္ဂလားဒေ့ရှ်ကပါ သီးခြားလုံခြုံရေး စောင့်ကြပ်မှု မရှိချေ။ အနီးအနားရှိ ရွာသားများသည် ကန့်သတ်ထားသော နေရာများသို့ ဝင်ရောက်၍ ငါးဖမ်းခြင်း၊ ပျားဖွပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ “နယ်နိမိတ် အပိုင်းအခြားကို စပြီးချိုးဖျက်တာ ကျားတွေမဟုတ်ဘူး။ လူတွေပဲ”ဟု ဆွန်ဒါဘန်စ် စခန်းမှ လက်ထောက် ကွင်းဆင်း ညွှန်ကြားရေးမှူး ကီရှော်မန်ကာက ပြောကြားခဲ့သည်။ “ကန့်သတ်နေရာကို မသွားကြဖို့ ငါးဖမ်းသူတွေကို ကျွန်တော်တို့ သတိပေးထားခဲ့တယ်။ ဒါပေမဲ့ လူတွေက ညွှန်ကြားချက်တွေကို ဘယ်တော့မှ မလိုက်နာဘူး”ဟုလည်း ၎င်းက ဆိုသည်။ ဆွန်ဒါဘန်စ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ဘင်္ဂလားကျားများကို ထိန်းသိမ်းမွေးမြူထားသည်။ သာမန်အားဖြင့် အဆိုပါ စခန်းမှ ကျားများသည် ကန့်သတ်ဧရိယာကို ကျော်လွန်လာမှု မရှိသလောက် ရှားပါးပြီး အကယ်၍ လူ့ပတ်ဝန်းကျင်အနီးထိ ရောက်ရှိလာပါကလည်း လူများကို အန္တရာယ် ပြုရန်ထက် ဆိတ်များကိုသာ ဖမ်းယူသွားတတ်ကြောင်း သိရှိရသည်။ http://www.7daydaily.com/story/14387

0 comments:

Post a Comment