28/6/2014
မြန်မာပြည်တွင် e-Visa စနစ်ကျင့်သုံးရန်အတွက် ပြည်ပအခြေစိုက် နည်းပညာ ကုမ္ပဏီများ လုပ်ငန်းလုပ်လိုပါက လဝကဝန်ကြီးဌာနထံ ဆက်သွယ်ဖို့ကြော်ငြာရန်တောင်းခံ ထားကြောင်း သတင်း ရရှိပါတယ်၊ကျနော်တို့မြန်မာနိုင်ငံမှာလိုင်းကားစီးရင်နဲ့ပြောနေကြတဲ့စကားသံလေးနော်…..မြန်မာနိုင်ငံဟာ လသားဒီမိုကရေစီပဲရှိသေးတယ်ဆိုပဲ…. ကျနော်ကတော့ အဲဒီလို့မမြင်တော့ဘူး ရှင်းရှင်းပဲမြင်တယ်။ နိုင်ငံတော်က ဘာမှမလုပ်ပေးတာကိုလသားလို့မထင်ပါကြောင်း အသက်ည၆၇ နှစ်တောင်ရှိပြီဆိုတော့ လသားတော့မဖြစ်နိုင်တာသေချာနေပါပြီ ဒါကို လသားလို့ခေါ်နေထင်နေကြရင်တော့ ကိုယ်ရဲ့ဖထွေးဖြစ်ကုန်တော့နော် သို့သော် လုပ်ပေးနိုင်စွမ်းတွေရှိသော်လည်း လာမည့်နှစ် ၃၀ ကျော်လောက်ဖြစ်မယ်လို့ သိရပါတယ်ဗျာ၊ အဲဒါအနည်းငယ်ပဲနော် အခုပဲကြည့်လေ ဦးသိန်းစိန်အစိုးရတက်လာတာ ၅ နှစ်ပြည့်တော့မယ် ဘာတွေများပြောင်းလဲဆိုရင်မြို့လယ်ခေါင်ပလက်ဖောင်းပေါ်မှနဲ့လမ်းဘေးမှာဈေးတယ်တွေပြည့်နေတာ တွေတွေ့ရလို့ တိုးတက်တာအမှန်ပဲလို့ပြောတာထင်ပါတယ်။ ပြောချင်းတာကတော့ အာရှနိုင်ငံတွေမှာ E-Visa နဲ့သွားနေတာကြာနေပါပြီ မြန်မာနိုင်ငံမှာကအခုမ လ၀က ၀န်ကြီးများဆိုသူက အခုမှ အမှီးကို မီးလောင်လို့ ထအော်ပြီး connection ချိတ်တုန်း သူခိုးပြေးမှ လခွမ်းချမ်းကိုင်နေတုန်းပဲ။ မြန်မာပြည်ဒီမိုကရေစီ လသားလေးတွေ အမွေးဖြူနေပြီ လသားလုပ်ချင်နေ တုန်းပဲ ဟဲဟဲဟဲ ယုံရင်တော့ ပြည်သူတွေ နောက်ထက် နှစ်ပေါင်း၆၀ ခံသွားရမယ်နော်။ မြန်မာနိုင်ငံမှာ E-Visa စနစ်ကို ဘာဖြစ်လို့မကျင့်သုံးလဲဆိုတာရှင်းပြရင် ဒီမိုကရေစီလသားတွေပျင်းသွားမှာစိုးလို့ E-visa စနစ်ဟာ လူမပင်ပန်း၊ ငွေမကုန်၊ အချိန်မကုန်တဲ့ NET လေးတစ်ခုပါ အဲဒါကို လက်ဝါကြီးအုပ်ပြီးလုပ်နေကြတာတော့ တရားမျှတတယ်ပြောမလား။ အခု ကြည့် ထိုင်းနိုင်ငံကိုသွားမယ်ဆိုရင် ထိုင်းသံရုံးရှေးမှာထီးဆောင် ဟိုမတ်တတ် ဒီမတတ်နဲ့စောင့်နေကြရတယ်။ စင်္ကာပူသံရုံးလဲဒီအတိုင်းပဲ လမ်းဘေးမှာထီးဆောင်းစောင့်နေရတာ ဟာဘယ်လောက်ဒုက္ခများလဲစဉ်းစားတာကြည့် အိမ်နီးချင်းနိုင်ငံမှာတော့ သံရုံးတွေထဲဝင်သွားရင် အဲယားကွင်းနဲ့ အေးအေးဆေးဆေးထိုင်စောင့်ရတာ လူနဲ့ပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီအဆင့်မရှိတာရှင်းပါတယ်နော် အခု လ၀က ၀န်ကြီးများက လမ်းဘေးမှာရပ်စောင့်ရတာကို သနားလို့ ပြည်သူ၊ ပြည်သားတွေကိုစေတနာထားပြီး ဒုက္ခတွေက လွတ်အောင် အဲယားကွန်းအောက်မှာ လွယ်ကူအောင် အခု E-Visa စနစ်ကို နိုင်ငံတကာနှင့်အညီလုပ်ပေးတော့မယ်လို့ဝ%နူန်းယုံကြည် ပါကြောင်းရေးသားတင်ပြအပ်ပါသည်။

















0 comments:
Post a Comment