30/6/2014
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှ...င့် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ယနေ့ ဇွန်လ ၂၈ ရက်နေ့၊ ၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ် အုပ်စုခွဲ၊ အမျိုးသားခန်းမ၌ နံနက် ၁ဝ နာရီ တွင်ကျင်းပပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဝင်းမင်းထွန်း၊ ကိုအောင်အောင်ကျော် တို့ သွားရောက်ခဲ့ကြသည်။
အခမ်းအနားမှူးအဖြစ် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ
ကိုအောင်အောင်ကျော် မှ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ပုဒ်မ ၄၃၆ အဘယ်ကြောင့်ပြင်ဆင်သင့်ကြောင်း ကို ဥပဒေဆိုင်ရာ ရှုထောင့်မှ ငသိုင်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူးဦးစိန်မှတ်က ရှင်းလင်းပြောကြား ခဲ့သည်။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုတွင် ပြည်သူများ ပူပေါင်းပါဝင်ရန် ဆွေးနွေးဟော ပြောမှုကို ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ဧရာဝတီတိုင်းေ ဒသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးနှင့် အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်
ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီတို့က ဟောပြော ဆွေးနွေး ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂းဝဝ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

















0 comments:
Post a Comment