• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

30/6/2014 ပန်သစ္စာ - ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။ ကလေး၊ ဇွန် ၂၇- ချင်းတောင် ကလေး ဒေသနှင့် အထက်ချင်းတွင်းဒေသတွင် မြေ ပေါ်မြေအောက် သယံဇာတများ ထုတ်ယူနေ သောကုမ္ပဏီများကြောင့် ချင်းတောင်ကလေး ဒေသနှင့် အထက်ချင်းတွင်းဒေသတွင် သဘာဝရေမြေတောတောင်များ ပျက်စီးမှုကြီး မားလာနေပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအပူ ပြင်းဆုံးမြို့တစ်မြ...ို့အဖြစ်ပင် သတ်မှတ်ခံနေ ရပြီဖြစ်ရာ မြေပေါ် မြေအောက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေး သုံးလျှပ်စစ်စက်ရုံ တည်ဆောက်ရေးကိစ္စ ကို အပြင်းထန်ဆုံး ကန့်ကွက်သွားမည်ဖြစ် ကြောင်း ကလေးမြို့ရှစ်လေးလုံးအင်အားစု မှ ဆရာဦးသောင်းရွှေက ပြောသည်။ ''ကျွန်တော်တို့ကတော့ ရှင်းရှင်း လေးပဲ သဘာဝတောတောင် လေထုရေထု မြေထု ပျက်စီးပျောက်ကွယ်မယ့်ကိစ္စ၊ အခု ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ တည် ဆောက်မည့်ကိစ္စ အပြင်းထန်ဆုံး ကန့်ကွက် ပါတယ်။ လွန်ခဲ့တဲ့ ဆောင်းကာလတုန်းက လဲ ထွန်းသွင်ကုမ္ပဏီက ကလေးမြို့မှာလာ ပြီး လျှပ်စစ်စက်ရုံ တည်ဆောက်ပေးမယ် လို့လာပြောတော့ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မေးတယ်။ ဘာမှ ရေရေရာရာဖြေမသွားဘူး။ လျှပ်စစ်စက်ရုံ တည်ဆောက်ပေးမယ်ဆိုတဲ့ စင်ကာပူက ပုဂ္ဂိုလ်ကလဲ တောပြောတောင် ပြော ပြောသွားတယ်''ဟု ကလေးမြို့ဒေသခံ ကိုကျော်သူစိုးက ပြောသည်။ ''ပလူစာဝရွာအနီးတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ် နေသောထွန်းသွင်ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်ပိုင်းက ကလေးမြို့ဒေသခံများနှင့် လျှပ်စစ်စက်ရုံ တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒေသခံတို့ ၏ ဆွေးနွေးမှုကို ဂရုပြုမှုမရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်စီးခဲ့ရကြောင်း မြို့မိမြို့ဖ တစ်ဦးကပြောသည်။ ''သူတို့က ပွင့်ပွင့်လင်းလင်းဘာမှ မရှိဘူး။ အခု ကျောက်မီးသွေးထုတ်တယ်။ သစ်ထုတ်တယ်၊ ရွှေထုတ်တယ်။ သူတို့သူဌေး ဖြစ်သွားတယ်။ ကျွန်တော်တို့ဒေသမှာ အခွံ ကျန်ခဲ့တယ်။ အခု ကျွန်တော်တို့ဒေသမှာ တောတွေပျောက်ပြီ၊ တောင်တွေပျောက် ပြီ။ ဘာကျန်လဲ၊ တောင်ခေါင်းတုံးနဲ့ပျက်စီး ယိုယွင်းနေတဲ့ ရေမြေကျန်တယ်။ သူတို့ ရောက်လာပြီး အခြေချသွားတဲ့ဒေသတစ် ဝိုက်က အကျင့်ပျက်ခဲ့တဲ့လူငယ်တွေ ကျန် တယ်။ အခု လက်ရှိအလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစောင့် ရှောက်မှု ဘာမှလုပ်ပေးတာမရှိဘူး။ ရှုံး ကျန်မှာက ဒေသခံတွေပါ'' ဟု သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့နယ်အနီးတွင်ဆောက်လုပ်မည့် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ပတ် သက်၍ မဂ္ဂါဝပ် ၆ဝဝ ရှိသော ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထွန်းသွင်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီတစ်ခု တို့တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေ သကြီးအစိုးရနှင့် သဘောတူညီမှုရထားသည် ဟုဆိုသည်။ ယခုအခါ ပြည်ထောင်စုအစိုးရ ထံဆက်လက်တင်ပြထားကြောင်း သိရသည်။ Yangon Media Group

0 comments:

Post a Comment