• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

26/6/2014 မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားကို ဥပဒေကြောင်းအရ အရေးယူတဲ့အခါ သတင်းမီဒီယာဥပဒေကလွဲလို့ အခြားဘယ်ဥပဒေနဲ့မှ အရေးယူလို့မရဘူးလို့ နည်းဥပဒေထဲထည့်ရေးတာကို ပြန်ကြားရေးက ကန့်ကွက်ခဲ့သလို လွှတ်တော်ကလည်း ဒီအပိုဒ်ကို ဖြုတ်လိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် သက်ရောက်မှု ရှိနိုင်ပါ့မလား။ သတင်းမီဒီယာသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူရမယ်လို့ ဖော်ပြတာဟာ နစ်နာသူ ကာယကံရှင်ရဲ့ အခွင့်အရေးကို ဥပဒေကြောင်းအရ ကန့်သတ်သလိုဖြစ်နေတာကြောင့် ဖြုတ်ချခဲ့ပေမယ့် ပြဿနာပေါ်ရင် စာနယ်ဇင်းကောင်စီကို အရင်ဆုံး သတိပေးပြီး ကောင်စီက ကြိုတင်ညှိနှိုင်းပေးမယ်ဆိုတဲ့အချက်ကို ထည့်ထားတယ်လို့ ဦးကျော်မင်းဆွေက ရှင်းပြပါတယ်။ သတင်းမီဒီယာဥပဒေရဲ့ နည်းဥပဒေမှာ မြန်မာသတင်းထောက်တွေ သတင်းအချက်အလက်ရယူတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ၁၂နာရီအတွင်း သတင်းပေးဖို့ နှောင့်နှေးပျက်ကွက်ရင် အရေးယူလို့ ရတဲ့အချက် ပါဝင်ပေမယ့် ဘယ်လိုအရေးယူမလဲဆိုတာကို လွှတ်တော်က ဖြုတ်ချလိုက်ပါတယ်။ ဒါဟာ အာဏာပိုင်တွေက ပြည်သူကို အစီရင်ခံဖို့ ပျက်ကွက်တယ်ဆိုတာ နားမလည်ကြဘူးလို့ ဇွန် ၂၅ရက်နေ့မှာ ရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။ ဌာနဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ သတင်းထိမ်ချန်ချင်လို့ ထိပ်တန်းလျှို့ဝှက်သတင်းအကြောင်းပြပြီး ရှောင်လွှဲမှာစိုးလို့ ထိပ်တန်းလျှို့ဝှက်ချက်သတင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဥပဒေထဲ ထည့်သွင်းထားတယ်လို့ ရှင်းပြပါတယ်။ ဒီသတင်းမီဒီယာဥပဒေဟာ မြန်မာစစ်တပ်အပါအဝင် ရွေးကောက်ပွဲကော်မရှင်အပေါ်မှာပါ သက်ရောက်မှုရှိဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်တွင်းပုံနှိပ်မီဒီယာတွေကို ပြည်ထဲရေးက အထူးရဲသတင်းတပ်ဖွဲ့ SB က သတင်းစာ ဂျာနယ်တွေကို ခေါ်ယူမေးမြန်းတဲ့ကိစ္စဟာ မီဒီယာအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုဖြစ်ပြီး အခြေခံဥပဒေအရ ဒီလို ခေါ်မေးခွင့်မရှိဘူးလို့ ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဆိုပါတယ်။ ကမာရွက် facebookမှဖော်ပြသည်

0 comments:

Post a Comment