• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

3/7/2014 ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည် ကျပ် ၃၀၀...၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ "ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။ ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ် ပြေးဆွဲရာတွင် (၁) ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်ခရီးစဉ်၊ (၂) ရန်ကုန်-ထားဝယ်-ထီးခီး-ကန်ချနာပူရီ-ဘန်ကောက်ခရီးစဉ်၊ (၃) ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်-ပရာကျွတ် ခရီးစဉ်၊ (၄) ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း-ဟိုင်းဂျိုင်း-ပီနန်-ကွာလာလမ်ပူ ခရီးစဉ်၊ (၅) ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း ခရီးစဉ်၊ (၆) ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ကလေး-တမူး-မိုးရေး-အင်ဖာလ်ခရီးစဉ်နှင့် (၇) ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်ခရီးစဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ ခရီးစဉ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းမှ နံနက် ၆ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး ဘားအံမြို့သို့ နံနက် ၁၀ နာရီ၊ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ၊ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့သို့ ည ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အတွက် စုစုပေါင်းအချိန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး တစ်ရက်ခြားစီ ပြေးဆွဲမည်ဟု သိရသည်။ (ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်) Eleven Media Groupမှဖော်ပြသည်

0 comments:

Post a Comment