• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

2/7/2014 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။ ယင်းပြင် သစ်နိုင်ငံ သားသည် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ အောင်ရတနာ ဟိုတယ်သို့ နံနက် ၈ နာရီခန့်က ရောက်ရှိခဲ့ပြီး တစ်ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၂၀ သည် တည်းခိုခ ဈေးနှုန်း မြင့်မားသည်ဟု ဆိုကာ ဟိုတယ်ရှေ့ရှိ “နိုင်ငံခြား သားများကို ကူညီစောင့်ရှောက်ပါ” ဟု ရေးထားသည့် ဆိုင်းဘုတ်အောက်တွင် ဖျာခင်း၍ နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “တခြား ဟိုတယ်တွေကို မေးပြီးမှ ကျွန်တော့်ဟိုတယ် ရောက်လာတယ် ပြောတယ်။ ဟိုတယ်ခက ကျွန်တော်တို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ဘယ်နိုင်ငံခြားသားမဆို ဒီဈေးပဲ” ဟု ၎င်းက ရှင်းပြသည်။ မြစ်ကြီးနားမှတစ်ဆင့် မန္တလေး၊ ထိုမှတစ်ဆင့် ကလေးမြို့သို့ ကုန်းလမ်းခရီးဖြင့် ရောက်ရှိခဲ့သူ ဖြစ်ကြောင်း၊ ထိုမြို့များတွင် တစ်ည တည်းခိုခမှာ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (ရှစ်ထောင်ကျပ်) ခန့်သာ ရှိကြောင်း၊ ကလေးမြို့တွင်မူ ဈေးနှုန်း မြင့်သောကြောင့် တည်းခိုနိုင်ခြင်း မရှိ၍ ယခုကဲ့သို့ နေခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ပြင်သစ်နိုင်ငံသား Mr. FACQUES CUILLAUME JEAN CLAUDE က ပြောကြားသည်။ ချင်းပြည်နယ်သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလည်လာရောက်ခြင်း ဖြစ်ကြောင်း၊ ချင်းတောင်သို့ သွားရောက်ရန်အတွက် ကလေးမြို့တွင် တည်းခိုခြင်း ဖြစ်ရာ ဟိုတယ်ခ ဈေးကြီးသဖြင့် ညမအိပ်နိုင်သောကြောင့် ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညှိနှိုင်းပေးချက်ဖြင့်သာ တည်းခိုခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ရတနာ ဟိုတယ်ပိုင်ရှင်နှင့် ညှိနှိုင်းကာ နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးခဲ့ကြောင်း ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်က ပြောကြားသည်။ ယင်းသို့ ညှိနှိုင်းပေးခြင်းနှင့် ပတ်သက်၍ “တစ်ယောက်ကို ဈေးလျှော့ပြီး တည်းခိုင်းလိုက်တယ် ဆိုရင် နောက်ထပ် ဒီလိုမျိုး ဖြစ်လာမှာ စိုးရိမ်တယ်” ဟု အောင်ရတနာ ဟိုတယ်ပိုင်ရှင် ဦးအေးဖေက ညည်းတွား ပြောဆိုသည်။ ဟိုတယ်များ၏ တည်းခိုခ ဈေးနှုန်း သတ်မှတ်ချက်မှာ လုပ်ငန်းရှင်များနှင့်သာ သက်ဆိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အနေနှင့် နိုင်ငံခြားသား အဝင်အထွက်သာ စာရင်းပြုခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ကလေးမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဦးခိုင်မွန်က ပြောကြားသည်။ ကလေးမြို့တွင် တည်းခိုခဈေးနှုန်း ကြီးမြင့်သည်ဟု ဆိုကာ လာရောက် တည်းခိုသူများ ဆန္ဒပြမှု မရှိခဲ့သောကြောင့် ယခုဖြစ်ရပ်သည် ကလေးမြို့တွင် ပထမဆုံး ဖြစ်ကြောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ည တည်းခိုက အမေရိကန်ဒေါ်လာ ၃၀ သတ်မှတ်ထားကြောင်း ကလေးမြို့တွင် နိုင်ငံခြားသားအများစု အဓိကတည်းခိုရာ ဟိုတယ်ဖြစ်သည့် တောင်ဇလပ်ဟိုတယ် မန်နေဂျာက ပြောကြားသည်။

0 comments:

Post a Comment