• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

24/7/2014 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးမှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန် ယနေ့ ကမန္တလေးမြို့ရှိ ယင်းတို့၏ ကိုယ်စားလှယ် များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူသို့လာမည့် သြဂုတ်လလယ်ပိုင်း တွင် ဖြန့်ချီသွား မည်ဖြစ်ကြောင်း ဒေါ်သီရိကြာညိုကပြောသည်။ "အများပြည်သူကို သြဂုတ်လ၊တတိယပတ်လမှာ ရောင်းသွားမယ်။လောလော ဆယ် တစ်မိနစ်ကို ဘယ်လောက် နှုန်းကျမယ် ဆိုတာမပြောနိုင်သေး ပါဘူး။ခုအရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းကဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀ ကျပ်ဖြည့် ထားသည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ အ၀င်အထွက်ပြော ဆိုနိုင်ကြောင်း၊အခြားမိုဘိုင်းဖုန်းများသို့ ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း အ၀င်လက်ခံနိုင်ကြောင်း သိရသည်။ "တခြားတော့ ခေါ်လို့မရဘူး။ တစ်မီနစ်ငွေဘယ်လောက် နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။ သုံးရတာတော့ အဆင်ပြေတယ်။"ဟုဆင်းကတ် ရရှိသုံးစွဲသူ တစ်ဦး ကပြောကြားသည်။ ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စားလှယ်များအား စမ်းသပ် ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍ ယင်းတို့သုံးစွဲရာမှ အခက်ခဲများ ၊ဖြေရှင်းရမည့်ပြဿနာများကို အဖြေရှာခြင်းဖြစ်ပြီးစမ်းသတ် အော်ရီဒူးဖုန်းကတ်သို့ အခြားမိုဘိုင်းဖုန်းများမှ ခေါ်ဆိုနိုင်သည်ဟုဆိုသည်။

0 comments:

Post a Comment