24/7/2014
Photo - Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး/Wikipedia
အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အာဖရိကတွင် ပျံသန်းနေစဉ် လတ်တလော အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။
အဆိုပါ လေယာဉ်သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ ပျံတက်လာပြီး အယ်လ်ဂျီးရီးယားသို့ ဦးတည်နေစဉ် လမ်းခရီး၌ ရေဒါမြင်ကွင်း၌ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
“လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦးက APSသတင်းဌာနသို့ ပြောကြားခဲ့သည်။
လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟုလည်း သိရသည်။ လေယာဉ်၏ ခရီးစဉ်အမှတ်မှာ AH5017ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။
_Ref: BBC

















0 comments:
Post a Comment