• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

11/8/2014 သမ္မတကြီးဗိုလ်သိန်စိန်က နောက်ပြန်မလှည့်ပါဘူးလို့ ကတိပေးတယ်ဆိုတော့ အရူးစကားပြောပြီး အရူးကတိပေးတယ်လို့ပဲ အောင်းမေ့လို့ရတယ်... ။ မြန်မာပြည်က တံတားတို့ တိုက်တို့ ကံထရိုက်တွေ ပြောတဲ့စကားလိုပဲ နှစ် ( ၁၀၀ ) အာမခံလားလို့ မေးတော့ ကံထရိုက်က နှစ် ( ၂၀၀ ) အာမခံသတဲ့လေ ။ ဒါနဲ့ကျုပ်က ကံထရိုက်ကို .. သူက နှစ် ၁၀၀ မေးတာ ခင်ဗျားက ဘာလို့ နှစ် ၂၀၀ အာမခံရတာလဲလို့ မေးတော့ .. သူကရယ်ပြီးဖြေတယ် ၊ ကျုပ်က အခု အသက် ( ၅၀ )ကျော်နေပြီး ၊ နှစ် ၁၀၀ အာမခံတယ်ဆိုရင်တောင် ကျုပ်က နောက်ထပ်နေရရင် နှစ်အစိပ် သုံးဆယ်ပေါ့ ၊ ကျုပ်သေမှတော့ သူတို့ဟာသူတို့ ဘယ်သူ့ကို တရားသွားစွဲစွဲပေါ့ ။ နှစ် ၃၀၀ အာမခံလိုချင်သေးလဲ ပေးလိုက်မယ်တဲ့လေ ။ အခု ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူး မဟုတ်ဘူး၊ သမ္မတနဲ့ တန်းတူညီတဲ့ ဗိုလ်ချုပ်မှူးကြီး လယ်ဘယ် ဖြစ်တယ် ။ ဗိုလ်ချုပ်မှူးကြီးဆိုတာ စစ်သေနာပတိချုပ်ရာထူးကို ယူထားတာ တကယ်တော့ စစ်သေနာပတိချုပ်ရာထူးဆိုတာ နိုင်ငံတော်မှာ အကြီးဆုံးဖြစ်တဲ့ သမ္မတလို ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက ယူရတာဖြစ်တယ် ။ ဒီတော့ ဗိုလ်မင်းအောင်လှိုင်က သမ္မတထက် အာဏာပါဝါပိုကြီးတယ် ။ အခုသမ္မတက တိုင်းပြည်ကို စီမံခန့်ခွဲခွင့်ပဲရှိတာ စစ်တပ်ကို ဘာမှအမိန့်အာဏာပေးခွင့်မရှိဘူး၊ စစ်တပ်က သမ္မတရဲ့ အမိန့်ကို နာခံစရာမလိုဘူး။ လွှတ်တော်အတွင်းမှာ အစိပ်သားစစ်တပ် ဝင်ထိုင်ထားတယ်ဆိုတာ စစ်တပ်စိတ်တိုင်းကျ ဥပဒေမဟုတ်ရင် ကန့်ကွက်လို့ရအောင်လို့ လုပ်ထားတာ ရှင်းနေတာပဲဖြစ်တယ် ။ အဲ့ဒီအထဲကမှ ပြည်သူက အင်အားကောင်းလာလို့ ပြည်သူ့လှုပ်ရှားမှု့တွေ ကြီးထွားလာခဲ့ရင် စစ်တပ်က အာဏာကို ပြန်လွှဲပြောင်းယူလို့ရသေးတယ် ၊ စစ်တပ်က အာဏာပြန်သိမ်းလို့ ရသေးတယ်။ စစ်တပ်က အာဏာကို လွှဲပြောင်းယူပြီးရင် ဗိုလ်သိန်စိန်ဆိုတဲ့ အရုပ်သမ္မတကြီးရဲ့ တခန်းရပ်လူလိမ် ပြဇာတ်လဲပြီးသွားပြီ ၊ သူအာမခံတယ်ဆိုတာလဲ ပြီးသွားပြီဖြစ်တယ် ။ ခင်ဗျားတို့ မှတ်မိကြမှာပါ .. ၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က မှူးကြီးစောမောင်က ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျှားကို ပြန်ပါ့မယ်၊ အခြေခံဥပဒေကို လွှတ်တော်အမတ်တွေကသာ ရေးဆွဲရမယ်၊ ကျုပ်တိုစစ်တပ်က သမိုင်းတရားခံ အဖြစ်မခံနိုင်ပါဘူးလို့ ကမ္ဘာသိ မီဒီယာမှာ တရားဝင်ပြောကြားခဲ့တာပဲ ။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ စစ်တပ်ထောက်ခံတဲ့ ပါတီရှုံးတော့ မှူးကြီးစောမောင်ကို အနားပေးလိုက်တယ် ၊ မှူးကြီးသန်းရွှေတက်လာတယ် .. ဘာကတိတွေ ဘာအာမခံချက်တွေ တည်ခဲ့လဲ ၊ သတင်းစကတောင်ရေးသေးတယ် ပြောချင်ရင်ဗိုလ်စောမောင်ကို သွားပြောတဲ့လေ .. အဲ့ဒီလို ကမ္ဘာကျော်အောင် ညစ်ပတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘောင်ဘီးချွတ်လူတန်းစားတွေ မဟုတ်လား။ အခုလဲ နောက်ပြန်မလှည့်ပါဘူးလို့ ပြောပြန်တယ် ။ ဘာတွေက ရှေ့ကို ရောက်ခဲ့သေးလို့လဲ ။ ရှေ့ကိုမရောက်သေပဲ .. ဘောင်းဘီချွတ်က လူလဲပြီးတော့ ဘောင်ဘီဝတ်တွေ ပြန်တက်တော့ရော ဘာထူနိုင်သေးလဲ ။ ချွတ်နဲ့ ဝတ်ပဲကွာမယ် ၊ ခွေးရူးတွေကတော့ ခွေးရူးတွေပါပဲ .. မဲမဲမြင်ရင် ကိုက်မှာပဲ ။ ( ဦးနိုင်ဝင်း လန်ဒန် )

0 comments:

Post a Comment