• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

8/8/2014 ၀န်ထမ်းလစာတွေသာ တခြားနိုင်ငံကို မမီတာ၊ ကုန် ဈေးနှုန်းနဲ့ သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ လစာတွေ ကျတော့ မီရုံတင် ဘယ်ကမှာလဲ၊ အိနိ္ဒယ သမ္မတထက်တောင် ကျော်သွားသေးတယ် ပြည်သူမပျော်ရင် နိုင်ငံလည်း ဆင်းရဲမယ်။ နိုင်ငံ ဆင်းရဲရင် အစိုးရလည်း မမြဲဘူး။ ပြည်သူ ပျော်ရွှင်နေမှသာလျှင် နိုင်ငံ ချမ်းသာမယ်၊ တိုးတက်မယ်၊ အဆင့်မြင့်လာမယ်။ ကျုပ်တို့လို တခြား ပြည်သူတွေထက် အရင်ဆုံး ပျော်ရွှင်အောင် လုပ်ပေးသင့်သူ များကတော့ ၁။ ပညာရေး လောကက ဆရာ ဆရာမတွေရယ်၊ ၂။ ကျန်းမာရေး လောကက ဆရာဝန်တွေနဲ့ သူနာပြုတွေရယ်၊ ၃။ တရားရေး ဌာနက တရားသူကြီး အပါအ၀င် တရားရေး ၀န်ထမ်းတွေရယ် အမြန်ဆုံးနဲ့ အရင်ဆုံး လုပ်ပေးသင့် ပါတယ်။ ဘာဖြစ်လို့လဲ မေးလာရင် သူတို့ မပျော်ရွှင်ရင် ကျန်တဲ့သူတွေ မပျော်ရွှင် တာထက် နိုင်ငံရဲ့ အခြေအနေ ဆိုးဝါးသွားနိုင်ပါတယ်။ သူတို့ ပျော်ရွှင်ဖို့ လိုအပ်သော အရာများကတော့ ၁။ လစာငွေများများနဲ့၊ ၂။ ဂုဏ်သိက်္ခာပါပဲ။ သူတို့ တစ်တွေ ညည်းတွားသံကို ကြားဖူးပါတယ်။ သူများတွေ (ဘယ်သူလဲလို့တော့ မပြောပါ) တစ်ယောက် တစ်ယောက်ကို အိမ်ကြီးရခိုင် ငါးလုံး၊ ကားငါးစီးနဲ့ မြေကွက် ပေါင်းများစွာ ပိုင်ဆိုင်နေချိန်မှာ ကိုယ်တွေမှတော့ အိမ် ခန်း တစ်ခန်းတောင် မပိုင်၊ ဆိုင်ကယ်တစ်စီးတောင် မ၀ယ် နိုင်ပါဘူးတဲ့။ သူတို့ အလုပ်တွေက အိပ်မက်တောင် ကောင်းကောင်း မမက်နိုင်တဲ့ ဘ၀ ရေသေကြီးထဲမှာ မျောပါ နေတာတဲ့။ ဒီကြားထဲ ကိုယ်ကတော့ စားပိုးနင့်အောင် စားပြီး သူများကျတော့ ပီတိကို ဇွတ်အစားခိုင်းနေတာ ကြားရတော့ စိတ်တိုတယ်တဲ့။ မူမှား၊ လူမှား၊ စာရိတ္တတွေပါ မှားနေကြတော့ ပြည်သူ တွေရဲ့ာငညျိနအ တွေကလည်း ဘယ်အမှန်အတိုင်း ရှိတော့ မှာလဲ။ ဒီလိုနဲ့ပဲ သူများနိုင်ငံမှာ မရှိတာတွေ၊ မကြားဖူးတာတွေ၊ မဖြစ်သင့်တာတွေဟာ ကျုပ်တို့ နိုင်ငံမှာ လာဖြစ်နေ တာပေါ့။ ဆီပိုက်ကိုင်ရတဲ့ နေရာတဲ့... စကားထဲကတင် ပေါ်နေပြီ။ ဂိုဒေါင်ကိုင်ရတာလေတဲ့။ သူ့ လက်မှတ်ရဖို့ သူ့ ပီအေကိုတောင် သိန်းထောင်ချီပေးရတာတဲ့ (ဘုရား...ဘုရား)။ ဌာန အပြောင်းအရွှေ့တွေ သူကိုယ်တိုင် ကိုင်ထား တာတဲ့။ စီမံကိန်းတွေက သူက ချပေးရတာတဲ့။ အဲ...ဘယ် နှရာခိုင်နှုန်းဆိုလား။ ထူးဆန်းသော စကားတွေပါပဲ။ ဆီပန့် မကိုင်ဘဲ မြေဖြူခဲ ကိုင်ရတဲ့သူတွေလည်း လူတွေ ဆိုတော့ လူနဲ့ တူအောင်တော့ နေချင်၊ စားချင်ကြတာပေါ့။ ဆီပန့် မကိုင်ရတော့ ဘာဖြစ်သေးလဲ။ ကျူရှင်ဖွင့်တာပေါ့။ လာထားလေ ဆီပန့်ကိုင်တဲ့ လူရဲ့ သားသမီး။ သိန်းထောင် ချီရတဲ့ လူရဲ့ သားသမီး။ စီမံကိန်းချပေးတဲ့ သူရဲ့သားသမီး၊ ကလေးတို့ရေ လာကြ၊ လာကြ ဆိုသလိုပေါ့။ ဆရာဝန်ကလည်း ဒီတိုင်း လက်ပိုက်ကြည့်နေမှာတဲ့လား။ ၆ နှစ် ၇ နှစ်လောက် ခေါင်းပူအောင် စာတွေ ကုန်းကျက် ရပြီးမှတော့ လူတန်းစေ့ မနေရလို့ ဖြစ်မလား၊ သူများ နိုင်ငံလို မဖြစ်တော့လည်း သူများနိုင်ငံမှာ မရှိသေးတဲ့နည်းတွေ ထွင်ကြရမှာပေါ့။ တရားသူကြီးကကောတဲ့ သိက်္ခာရင်းထား ရတာ၊ ရုံးပေါ်မှာ ခပ်တည်တည်ကြီး ထိုင် လာဘ်မစား ဘာမစားနဲ့ အိမ်လည်း ရောက်ရော မိန်းမက ဆီးပြီး ရန်တွေ့ တဲ့ ဒဏ်၊ နားပူတဲ့ဒဏ် ဘယ်ခံချင်မှာလဲ။ အိမ်ရှင်မတွေ ပျော်ရွှင်မှ အိမ်ဦးနတ်လည်း နေသာထိုင်သာ ရှိမှာပဲ။ ဆိုင်းဘုတ်ချိတ်ထားလိုက်တယ်။ “အမှန်တရား တောင်းဆို သော လက်များသည် သန့်ရှင်းရမည်” လို့။ ဒါနဲ့ အမှန်တရား အကြောင်း ပြောရဦးမယ်။ တရားခံဘက်က ကြည့်တော့လည်း အမှန်တရား၊ တရားလိုဘက်က ကြည့်တော့လည်း အမှန် တရား၊ တရားသူကြီးဘက်က ကြည့်တော့လည်း အမှန် တရား။ အမှန်တရားလောက် မျက်နှာများတာ ဘယ်ရှိမလဲ။ အတ်္တကိုယ်စီနဲ့ ကိုယ်သာလျှင် အမှန်ဆိုပြီး ညစ်ပတ်တဲ့ စိတ်နှလုံးသားနဲ့ တရားရုံးကို လာကြတာဆိုတော့ သူတို့ လက်တွေလည်း ညစ်ပေနေပြီပေါ့။ ဒီတော့ တရားသူကြီး ဘက်ကလည်း ညစ်ပေနေတဲ့ လက်တွေကို အမှန်တရား ပေးစရာ ဘယ်လိုတော့မလဲ။ တကယ်တော့ အမှန်တရားရဲ့ ဘူမိနက်သန်နေရာမှန်က တရားသူကြီးရဲ့ အိတ်ကပ်ထဲမှာပေါ့။ ကျမ်းကျိန်ပြီး ပြောဝံ့ပါတယ်။ အမှန်တရားက အဲဒီထဲမှာ ရှိတာ ဘယ်သူမှ မသိပေဘူး။ အစိုးရကို အကြံပေးချင်တယ်။ သူတို့ကိုတော့ သွား မကျပ်နဲ့ အလျှော့ပေးပြီး ပျော်ရွှင်အောင်သာ ပံ့ပိုးပေတော့။ ပညာရေး၊ ကျန်းမာရေးနဲ့ အမှန်တရား (တစ်နည်း) တရား ဥပဒေ စိုးမိုးရေးလေ။ သူများနိုင်ငံက မူလတန်း ကျောင်းဆရာ လစာတွေ ကြည့်ရအောင်။ ဆွစ်ဇာလန်က အများဆုံးပါ။ ၂၀၁၂ ခုနှစ် စာရင်းအရ တစ်နှစ် ၃၃၂၀၉ ဒေါ်လာပါ။ တစ်လကို ၂၇၆၇ ဒေါ်လာ လောက်ဆိုတော့ မြန်မာငွေနဲ့ ဟုတ်မှ ဟုတ်ပါ့မလား။ ၂၇ သိန်းလောက်တောင်။ အင်တာနက်မှာ အကြည့်မှားရင်တော့ တာဝန်မယူဘူးနော်။ ကဲ အိနိ္ဒယလို နီးတဲ့နိုင်ငံ ကြည့်ရအောင်။ သူတို့ဆီက ပြည်နယ်အလိုက် လစာတွေ မတူကြဘူး။ တစ်နှစ် ပျမ်းမျှ ၁၆၆၈၃၀ ရူပီး အပြင် နှစ်တိုးလည်း ရကြ တယ်။ တစ်လပျမ်းမျှ ၁၃၉၀၂ ရူပီး ငွေလဲလှယ်နှုန်း ၁ ရူပီး= ၁၆ ကျပ်နဲ့ မြန်မာငွေ တစ်လကို ၂၂၂၄၃၂ ကျပ် ဖြစ်ပါတယ်။ သူတို့ဆီက ကြက်ဥတစ်လုံး တန်ဖိုး မြန်မာငွေနဲ့ တွက်ရင် အတူတူပါပဲ တစ်လုံးကို ၉၀ ကျပ်လောက်ပါ။ အထက်တန်းပြ ဆရာ လစာက အိနိ္ဒယမှာ ၁၈၀၄၅ ရူပီးပါ။ မြန်မာငွေ သုံးသိန်းနီးပါးပါ။ Medical officer ဆရာဝန်လစာက အိနိ္ဒယမှာ ၃၂၈၀၅ ရူပီးဖြစ်ပြီး မြန်မာငွေ ၅ သိန်းခွဲ နီးပါး ရပါတယ်။ ကုန်ဈေးနှုန်းကတော့ ကမ္ဘာ့စံချိန်ကိုရော အာရှစံချိန် ကော အဆင့်မီပြီးသား ဖြစ်ပါတယ်။ လစာမှာပဲ ကျန်နေခဲ့ တာပါ။ အိနိ္ဒယနဲ့ နှိုင်းယှဉ်ပြရတဲ့ အကြောင်းရင်းက ဥရောပနဲ့ နှိုင်းလိုက်ရင် ကွာခြားလွန်းအားကြီးပြီး ကိုယ့်ကြောင့် အရေးအခင်းတောင် ဖြစ်နိုင်တာမို့ အနီးဆုံးလည်းဖြစ် လူဦးရေလည်း အလွန်များပြားတဲ့ အိနိ္ဒယနဲ့ နှိုင်းယှဉ်ပြတာပါ။ CJI ac: Chief Justice of India က လစာ ရူပီး တစ်သိန်း၊မြန်မာကျပ်ငွေ၁၆သိန်း၊ High Court Chief တရားသူကြီးချုပ်က ရူပီး ၉ သောင်းနဲ့ High Court တရားသူကြီးများက ရူပီး ရှစ်သောင်းပါ။ မီတာ အခမဲ့ ယူနစ် ၁၀၀၀၀ ပေးတာနည်းလို့ ၂၀၀၀၀ တောင်းဆိုထားပါတယ်။ ရေက တစ်လကို ၃၀၀၀ ကီလိုလီတာ အခမဲ့ ရပါသေးတယ်။ လာဘ်စားပါလို့ သွားခွံ့ ရင်တောင် ဒီလောက် ကောင်းတဲ့အလုပ် ပြုတ်မှာစိုးလို့ ထွက်ပြေးသွားမှာပါ။ သူ့နေရာနဲ့ သူ တန်အောင် ဂုဏ်သိက်္ခာနဲ့ညီအောင် ထားနိုင်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ လူဆိုတာ အသိဉဏ် မြင့်မားကြတာဆိုတော့ မတန်တရာပေးပြီး ခိုင်းထားရင် ဉာဏ်သုံးပြီး လမ်းထွင်မှာပါပဲ။ တရားသူကြီးတွေ ပျော်ရွှင်မှု မရှိရင် တရားခံကော တရားလိုကော နာပြီသာမှတ်။ တန်ရာ တန်ကြေး မပေးလို့ကတော့ သွားတောင်းမနေနဲ့ မောရုံပဲ ရှိမယ်။ အမှန်တရားကို ၀ှက်ထားမှာပေါ့။ ဆရာဝန်တွေ သူနာပြုတွေ မပျော်ရွှင်ရင် လူနာတွေ လည်း နာပြီမှတ်၊ ကိုယ်ကျတော့ တိုက်တွေဝယ်၊ ကားတွေ စီးနဲ့ ဆရာဝန်တွေကျမှ အသပြာ ဆရာဝန်တွေ၊ စေတနာ ဆရာဝန်တွေ သွား မဝေဖန်နဲ့၊ နေမကောင်းဖြစ်လို့ကတော့ ပါတာ အကုန်ထုတ် တိုက်ကော၊ ကားကော အပြုတ်သာမှတ်။ နာသုံးနာတွေ၊ နာလေးနာတွေလည်း ဆရာ၊ ဆရာမတွေ ကျမှ နာပြီးရင်း နာရင်း လာချွေးသိပ်ပြီး နှာနှပ်မနေနဲ့၊ အမှည့်ခြွေ ခြွေပစ်လိုက်လို့ ကုန်းကောက်စရာ မရှိဘဲ ဖြစ်သွားမယ်။ သားသမီးတွေအတွက်ဆိုရင် ဘယ်မိဘက မထွက်ဘဲ ရှိမလဲ။ ဆရာ၊ ဆရာမတွေကို ပျော်ရွှင်အောင် ထားရင်ထား မထားရင် ကျောင်းသားနဲ့ ကျောင်းသားမိဘ တွေလည်း မပျော်ရဘူးမှတ်။ ၀န်ထမ်းလစာတွေသာ တခြားနိုင်ငံကို မမီတာ၊ ကုန် ဈေးနှုန်းနဲ့ သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ လစာတွေ ကျတော့ မီရုံတင် ဘယ်ကမှာလဲ၊ အိနိ္ဒယ သမ္မတထက်တောင် ကျော်သွားသေးတယ်။ အိနိ္ဒယ သမ္မတက မယူရှာပါဘူး။ တစ်လမှ ဒေါ်လာ ၂၂၃၈ ပဲ။ ထားပါတော့ ၂၄ သိန်း နီးပါး ပေါ့။ မြန်မာသမ်္မတကြီးကတော့ အားပါးပါး၊ အိနိ္ဒယသမ္မတ ထက် နှစ်ဆတောင် သိန်း ၅၀ ယူထားပါလား။ ဒါဆိုရင် ဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေ၊ တရားသူကြီးတွေလည်း အိနိ္ဒယထက် နှစ်ဆ မရသင့်ဘူးလား။ နှစ်ဆ မရတောင် တန်းတူဆိုတော်သေး။ ခုတော့ တန်းတူ မပြောနဲ့ အိနိ္ဒယရဲ့ တစ်ဝက်တောင် ရှိရဲ့လား။ See More

0 comments:

Post a Comment