• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

18/8/2014 ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ ပြီဟု နတ်စင်တစ်ရာဆရာတော်မိန့် ကြား ============================================ သက်သျှိုင်းသူ ============================================ ရန်ကုန်၊ ဩဂုတ် ၁၇- ဓမ္မစေတီ ခေါင်းလောင်းတည်ရှိသောနေရာကို ဩဂုတ်၁၆ ရက် ကစတင်တွေ့ရှိထား ပြီဖြစ်ကြောင်း နတ်စင် တစ်ရာ ဆရာတော် က ပြည်တွင်း မီဒီယာအချို့ ကို မိန့်ကြားလိုက်သည်။ ...''ဓမ္မစေတီခေါင်းလောင်းရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက် နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေတီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှားပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။ ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်းလောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။ မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။ သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း မရှိခဲ့ကြောင်းသိ ရသည်။ ''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် က ပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။ ‪#‎Democracytoday

0 comments:

Post a Comment