• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

11/8/2014 ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်မှု ဒုတိယနေ့တွင် အများပြည်သူထောင်ချီ လာရောက်ကြည့်ရှု ခေါင်းလောင်းကြီး အပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကို စတင်ဖယ်ရှားနေပြီ ဟုဆို ====================================================== ဓမ္မစေတီ ခေါင်းလောင်းကြီးတူးဖော်မှုဒုတိယ နေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့ကထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။ ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီးဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။ စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းဒုတိယမြောက်နေ့တွင် ဆယ် ယူမှုကို စိတ်ဝင်တစားလာရောက် ကြည့်ရှုသူပေါင်းထောင်ဂဏန်း အထိ မြင့်တက်လာကာ ခေါင်းလောင်း တော်ဆယ်ယူမှုကိုအနီးကပ်ကြည့်ရှု နိုင်သည့် အေးရှားပွိုင့်ဘိုးလိန်း စင်တာဝင်းအတွင်းရှိ ကမ်းနားတွင် လာရောက်ကြည့်ရှုသူများမှာ တစ် ထောင်ကျော်ခန့်ရှိနေကာ အောင်ကံ တလူဘုန်းကြီးကျောင်းနှင့် တပ်ဦးဘုန်း ကြီးကျောင်း၏ကမ်းနားများတွင် လည်း ကြည့်ရှုသူများနှင့်ပြည့်နှက် နေကြောင်း ခေါင်းလောင်းဆယ်ယူ မှုကိုဒေါပုံမြို့နယ်မှလာရောက် ကြည့်ရှုသူ ကိုဝင်းနိုင်ကပြောသည်။ ''လာကြည့်တဲ့သူတွေကတော့ များတယ်။ ဆယ်ယူမှုကတော့ဘာမှ မထူးခြားသေးဘူး။ ဘုန်းကြီးကျောင်း နှစ်ခုနဲ့ ဘိုးလိန်းဝင်းထဲကလူတွေ ပေါင်းရင် တစ်ထောင်ကျော်မကဘူး။ ပြန်သွားတဲ့သူတွေရှိလဲ လူကထပ်တိုး လာတာပဲရှိတယ်''ဟုယင်းကဆက် လက်ပြောသည်။ ခေါင်းလောင်းဆယ်ယူမှုကို သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သန်လျင်မြို့နယ်တို့မှ အများဆုံး လာရောက်ကြည့်ရှုကြပြီး ရပ်နီးရပ် ဝေးမှလာရောက်ကြည့်ရှုသူများလည်း ရှိကြောင်းသိရသည်။ ခေါင်းလောင်းဆယ်ယူမှုကို ကြည့်ရှုရန်သွားရောက်လိုသူများ အတွက် ကမ်းနားမှ ဆယ်ယူမှု ပြုလုပ်ရာ အနီးကို တစ်ဦးလျှင် ငွေကျပ်တစ် ထောင်ခန့်ဖြင့် လိုက်လံပို့ဆောင်ပေး သောသမ္ဗန်ငယ်လေးများလည်းရှိ ကာ သွားရောက်သူများပြားကြောင်း လည်း သိရသည်။ ခေါင်းလောင်းဆယ်ယူရာနေ ရာသည် မြစ်အလယ်တွင်ရှိနေကာ ယနေ့သြဂုတ်၁ဝရက်တွင် မြစ်ရေ မှာ ၁၂နာရီခန့်မှစတင် တက်လာပြီး ညနေ၄နာရီခန့်တွင် မြစ်ရေမှာအေးရှား ပွိုင့်ဘိုးလိန်းစင်တာဝင်း အတွင်း ပြည့်လျှံလာပြီးလာရောက်ကြည့်ရှု သူများမှာ ပိုမိုများပြားလာကြောင်းသိ ရသည်။ မြစ်ရေတက်လာသည်နှင့် ခေါင်းလောင်းဆယ်ယူမှုပြုလုပ်ရန် အထိုင်သင်္ဘောနှစ်စင်းမှ သမ္ဗန် နှစ်စင်းထွက်လာကာ ခေါင်းလောင်း ကြီးတည်ရှိရာဟုယူဆမှတ်သားထား သောနေရာသို့သွားရောက်က ခေါင်းလောင်း ဆယ်ယူမှု ကိုဆောင် ရွက်နေကြကြောင်း သိရသည်။ ''ရေတက်ချိန်ဆို သမ္ဗန်နှစ်စင်း ထွက်လာတယ်။ ဒီနေ့က လပြည့်နေ့ လဲဖြစ်တော့ သူတို့ညအထိဆယ် မယ်လို့ထင်တယ်''ဟုဒေါပုံမြို့နယ်မှ လာရောက်ကြည့်ရှုသူ ကိုလွင်ဦးက ပြောသည်။ ခေါင်းလောင်းတော်ကြီးတူး ဖော်မှုကို လူအင်အား ၈ဝခန့်နှင့် ဆောင်ရွက်နေပြီး ဦးစံလင်းကိုယ် တိုင် ရေငုပ်၍ကော့သောင်းမှရေငုပ် သမား၁ဝဦး၊ ဆလုံလူမျိုးများ၊ ရေတပ် နှင့်အနီးမှ ရေငုပ်သမားများပါပါ ဝင်ကြောင်း သိရသည်။ ခေါင်းလောင်းတော်ရှိနိုင်သော နေရာကို သြဂုတ်လ ၉ရက်က နှစ် ကြိမ်ခန့်ဆင်းပြီးကြောင်းနှင့် ပါဝင် သောလူအားလုံးမှာ ကိုးပါးသီလ ဆောက်တည်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ ''ခေါင်းလောင်းရပြီး ရွှေတိဂုံ ဘုရားပေါ်ပြန်ရောက်မယ်ဆိုတော့ စိတ်ထဲမှာအရမ်းရစေချင်တယ်'' ဟုသန်လျင်မြို့နယ်မှကိုအောင်မျိုးက ပြောသည်။ ဓမ္မစေတီခေါင်းလောင်းတော် ကြီးကို ဟံသာဝတီပြည့်ရှင်ဓမ္မစေတီ မင်းကြီးမှ ခရစ်နှစ်၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ရန်ကုန်မြို့နှင့်မလှမ်း မကမ်းမြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ် နေသည်မှာ နှစ်ပေါင်း၎ဝဝခန့်ရှိပြီ ဖြစ်ကာ ဦးဆောင်ဆယ်ယူသူဦးစံလင်းကဆယ်ယူရရှိပါက ရွှေတိဂုံစေတီ တော်တွင် ပြန်လည်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment