• Share this
  • Sumbit to Digg
  • Sumbit to StumbleUpon
  • Sumbit to Delicious
  • Sumbit to Technorati
  • Sumbit to Reddit
  • Sumbit to Mixx
  • Sumbit to Twitter
  • Sumbit to Furl
  • Sumbit to Design Float
  • Sumbit to Blinklist
  • Sumbit to Yahoo Buzz
  • Sumbit to Google Bookmarks

8/8/2014 ဖွတ်တွေက ပဲခူးမှာ ရေကြီးလို့ စစ်သားလေးတွေ ကူညီရေးလုပ်နေတာကို တိုင်ပြည်ကြီးကို ကယ်တင်ရှင်လုပ်နေတဲ့အတိုင်း...ပဲ ဓာတ်ပုံကလေး တပြပြနဲ့ မြောက်ကားကားတွေ ရေးနေကြတာ အတော်ကို ရယ်စရာဖြစ်နေတယ် ။ တိုင်းပြည်တပြည်မှာ စစ်တပ်ဆိုတာ သေနတ်ကိုင်ပြီး လူသတ်ဖို့သက်သက်ပဲ မွေးထားတာမဟုတ်ဘူး .. နိုင်ငံတကာမှာ အရေးပေါ်ကယ်ဆယ်ရေးတွေဆိုရင် ကိုယ့်နိုင်ငံအတွင်းတောင်မကဘူး သူများနိုင်ငံအထိတောင် သွားပြီး အကူအညီပေးကြရတယ် ... အဲ့ဒါ သဘာဝပဲ ။ မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်တော့ အမေရိကန် အင်္ဂလန်နဲ့ ပြင်သစ်က စစ်သဘောင်္တွေ ကူညီဖို့ ရောက်လာခဲ့တယ် ။ စစ်ခွေးကြီးတွေက ကျောက်ချီးပါပြီး သူတို့အာဏာအတွက် အဝင်မခံရဲလို့ သန်းနဲ့ချီပြီး လူတွေ အတိဒုက္ခ ရောက်ခဲ့ရတယ် ။ ပြောချင်တာက အခု ကူညီရေးလုပ်နေတဲ့ စစ်သားလေးတွေကို ကျေးဇူးမတင်လို့ မဟုတ်ဖူး ၊ ကုလားထိုင်ပေါ်ထိုင်ပြီး ဂုတ်သွေးစုတ်နေတဲ့ စစ်ခွေးကြီးတွေကို ပြောချင်တာ ။ လူကို ခွေးကိုက်တာက အဆန်းမဟုတ်ဖူး ၊ ခွေးကို လူကိုက်တာက အဆန်း ။ ဆိုတဲ့စကားလိုပဲ ပြည်သူဒုက္ခရောက်လို့ စစ်သားလေးတွေက ကူညီရေးလုပ်တာ သဘာဝ ၊ ပြည်သူကလဲ အဲ့ဒီအတွက် လခပေးထားရတာ ကျေနပ်တယ် ။ ပြည်သူက မကျေနပ်တာက ဘယ်နိုင်ငံမှာမှမရှိတဲ့ ကမ္ဘာအလည်မှာ ရှက်စရာကောင်းတဲ့ လွှတ်တော်ထဲ ခွေးတက်ထိုင်သလိုဖြစ်နေတဲ့ ဖော်ပြပါ စစ်ခွေးကြီးတွေကို တွေ့မြင်နေရတာက ဆန်းနေတာ ။ အဲ့ဒါက ... လူမရောက် မြင့်မိုရ်တောင် ၊ ခွေးမရောက် အိမ်မိုးခေါင်လို့ခေါ်တယ် ။ အိမ်ခေါင်မိုးပေါ် ခွေးတက်ထိုင်ရင် အဲ့ဒီအိမ် ဖျက်ပစ်ရတယ် ၊ လာဘ်မရှိ ကိုးမရှိဖြစ်ပြီး အိမ်ပျက်အိမ်မွဲတယ်လို့ခေါ်တယ် ။ ခုလဲ မွဲနေတာပါပဲ ၊ ဒီကောင်တွေ ထိုင်နေသမျှ ရှေ့ဆက် မွဲအုံးမယ် ။ ( ဦးနိုင်ဝင်း လန်ဒန် )

0 comments:

Post a Comment