2/7/2014
မန္တလေးမြို့ ၂၆ လမ်းနှင့် ၈၂ လမ်းထောင့်တွင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများကို လူအုပ်က ခဲဖြင့် ပစ်ပေါက်ရာ ရဲတဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။၄၀၀ ခန့်ရှိ လူအုပ်နှင့် ရဲများကို ခဲများဖြင့် ပစ်ပေါက်အပြီး ၈၄ လမ်းဘက် ဆုတ်ခွာသွားကြောင်း၊ လုံခြုံရေးအခြေအနေ စိတ်မချရသေးကြောင်း၊ ၈၃ လမ်းနှင့်၂၅-၂၆ လမ်းကြား...မှ လူနာတင်ဆောင်လာသော အရေးပေါ်လူနာတင်ယာဉ် ထွက်သွားသည်ကို မြင်ရကြောင်းလည်း သတင်းရရှိသည်။ လူအုပ်ထဲတွင် ဘုန်းတော်ကြီးများကို မြင်ရကြောင်းလည်း သိရသည်။ ။ အဓိကရုဏ်းမှာ သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည်ဟူသော သတင်းမှ စတင်ခဲ့သည်။ အမှုနှင့် ပတ်သက်၍ ရဲက အတည်ပြုချက် မပေးသေးဘဲ ယင်းသတင်းပြန့်နှံ့လာအပြီး လူအုပ်ဖြင့် အပြန်အလှန် တိုက်ခိုက်မှုများကို ကာကွယ်ရန် ရဲအင်အား ၁၀၀ ခန့် ချထားခဲ့သည်။

















0 comments:
Post a Comment