28/8/2014 တိုင်းရင်းသား ပြည်သူတွေရဲ့ အဆုံးအဖြတ် ပါ လူလိမ်တွေက ဟန်ဆောင် ကောင်းတယ် ။ မျက်နှာ ချိုတယ် ။ အပြံးအရယ်နဲ့ ဖုံးအုပ်ပြီး စိတ်ရှည် တယ် ။ ဒါမှ အတွင်းက သူတို့ သူတပါးပေ...ါ် မကောင်းကြံတာ လူ မရိပ်မိတာ ပေါ့ ။ လိုချင်တာ လုပ်ချင်တာကို ကိုယ်ချင်းစားစိတ် မရှိဘဲ လုပ်တတ်တယ် ။ ရပြီးရင် တန်ဖိုးထား သယောင်နဲ့ တခြားလူက စွဲလန်းပြီး ဘယ်တော့မှ သူတို့ကို အပြစ် မမြင်အောင် ဖုံးကွယ်တယ် ။ သူ့ ဘက်ကို ရပ်တည်အောင် လူတွေကို ပေးကြွေးပြီး စည်းရုံး တတ်တယ် ။ အပြောချိုတော့ အပျိုချောတွေ အပျိုကြီးတွေက ကြိုက်ကြ စွဲလန်းတာ ပေါ့ ။ စကားကို အမျိုးမျိုး လိမ်လည် တတ်တယ် ။ အလိုက်သင့် ချော့ သဘော ကြအောင် ညာနည်းတွေ မက်လုံးတွေ ပြောကြ လုပ်တတ် ကြတယ် ။ ဒါမှ သူများက သူတို့ကို ပိုယုံကြည် လေးစား မယ် ။ သစ္စာ မရှိကြဘူး ။ ရှိုးထုတ် ဟန်ပန် ကြွားဝါးပြီး အမြဲ အထင်ကြီးအောင် လုပ်တယ် ။ မြန်မာ စကားမှာ ရှိတယ် ။ လူဖြောင့် စိတ်တို တဲ့ ။ ဖြောင့်မတ် မှန်ကန် စေတနာကောင်း လူကောင်းတွေက နေပုံ ရိုးတယ် ။ ဒါကြောင့် လူအထင် မကြီးဘူး ။ စကားကို တည်တည်တံ့တံ့ ပြောတယ် ။ နားထောင်လို့ မကောင်းဘူး ။ လူအများက သိပ်မကြိုက် ချင်ဘူး ။ စေတနာနဲ့ လုပ်စရာ ရှိတာ လုပ်ပေးပြီး ပြောစရာ ရှိရင် ပြောတယ် ။ နေတာ ထိုင်တာ တန်ဖိုး ရှိတယ် ။ မသိသူတွေက လူဂွစာ မာနကြီး သလို ဂျစ်ကန်ကန် တဇွတ်ထိုး သမားလို့ မြင်တတ်တယ် ။ သူတို့က ပုံပန် ဟန်တွေက ကြမ်းသလို ဆိုးသလို ခက်ထန်သလို ရှိပေမယ့် အသဲကြီး တယ် ။ အချစ်ကြီး တယ် ။ ဇွဲကြီး တယ် ။ ဒါပေမယ့် နူးညံ့တဲ့ အသဲ ရှိတယ် ။ ကိုယ်ချင်စားစိတ် သနား ညှာတာစိတ် ရှိတယ် ။ အနစ်နာ ခံတတ် တယ် ။ အများ အတွက် ပေးဆပ်တာ စွန့်လွှတ်တာ များလို့ အချစ်ရေး အိမ်ထောင်ရေး ဘဝမှာ ကံမကောင်းမှုတွေ သူများထက် ပိုပြီး ရင်ဆိုင် ရတယ် ။ အသက်တို တတ်တယ် ။ အထီးကျန် တတ်တယ် ။ ဘာကြောင့်လဲ ဆိုတော့ အများအတွက် ဖြစ်ဖြစ် ကောင်းရာ ကောင်းကျိုးတွေကို တစိုက်မတ်မတ် လုပ်တတ်လို့ ဘဲ ။ လူတွေက နားလည်းရ ခက်တယ် ။ အကောင်း သိပ် မမြင်ဘူး ။ ဥပမာ ဗိုလ်ချုပ် အောင်ဆန်း ၊ အိုင်စတိုင်း လောကတွင် ဘုရား ဖြစ်သူများ အမှန်တရား မြတ်နိုးသူများကိုကို ပထမ အပြစ် တင်ကြ ဖျက်ကြ တိုက်ခိုက် မုန်တီး ကြတယ် ။ အုပ်စုဖွဲ့ ဒုက္ခ ပေးတယ် ။ သတ်ဖြတ် သေစေထိ လုပ်ဆောင် ကြတယ် ။ အမျိုးမျိုး ပြသနာကို ဖန်းတီး ဝိုင်းပယ် မလိုလားအောင် လုပ်ကြတယ် ။ အချို့ သတ်လို့ သေတယ် ။ အချို့ ပေးဆပ်ပြီး အကောင်းဆုံး လုပ်ဆောင်ပြီး ကိုယ်ကျိုး မဖက် ပြသပြီး သဘာဝ အရ သေကြတယ် ။ သူတို့တွေ လုပ်ဆောင်မှု တွေကို နောင်ကြမှ လူသားတွေ အသိ တိုးတက် အမြင် တက်လာမှ လက်ခံ ယုံကြည် ကြတယ် ။ ပိုကြာလေ တန်ဖိုး ရှိလေ ပို သတိတရ ဖြစ်ကြတယ် ။ တချို့က ဒီလို လူကောင်းတွေနဲ့ ပေါင်းဖော် ရတယ် ။ ပြန်ဆုံခွင့် ရကြတယ် ၊ ရှိ ရတယ် ၊ များသောအားဖြင့် မရ ကြပါဘူး ။ တန်ဖိုး သိမှ ၊ တန်ဖိုး ထားမှ ၊ တန်ဖိုး ရှိမှ ၊ ပိုင်ဆိုင် ရ အတူ လုပ်ကိုင် ဆောင်ရွက် ရ ၊ တာရှည် သူငယ်ချင်း ဖြစ်ခွင့် ရတာပါ ။ စိန် အရိုင်းတုံး ပတ္တမြား အရိုင်းတုံးလို အများကြီး ပြင်ဆင် ကြွားပြစရာ ကြွားမှ တန်ဖိုး ရအောင် လိုက်ရောင်းရ ပြင်ဆင် ရောနှောမှ စိတ်ဝင် စားအောင် လုပ်ရတာ မဟုတ်ပါဘူး ။ တန်ဖိုး ရှိမှန် သိသူတွေက ဖော်ထုတ် လုပ်ဆောင် ပေးကြတာ ပါ ။ ဂန္ဒီဟာ အဝတ်စားတွေ အမျိုးမျိုး မဝတ် ပါဘူး ။ မရှိ ပါဘူ ။ တိုက်တာတွေ မပိုင် ပါဘူး ။ ဓာတ်ပုံတွေ ရိုက်ပြီး နေရာတကာ ဖြန့်ပို့ သွားလာ မော်ကြွား လူ ဂုဏ်တန်းတွေနဲ့ သိအောင် ရောနှော ဂုဏ်ယူသူ မဟုတ် ပါဘူး ။ စိတ်ကောင်း နှလုံးကောင်းနဲ့ ပေးဆပ်သူတွေ ပါ ။ ဒီလိုနဲ့ ယနေ့ ကမ္ဘာကြီးမှာ လူတယောက် ဘဝ တိုးတက်မှု မဟုတ်ဘဲ လူအများစုက ယဉ်ကျေး လိမ္မာ ရိုးသား သစ္စာ ကတိ ကြ်ုးစားမှု ငြိမ်းချမ်းစွာ ချစ်ခင် နေထိုင် တတ်လာပြီး အောင်မြင် ကောင်းမွန် လာတယ် ။ သို့သော် လောက လူ့ သဘာဝ အတ္တ လောဘက လိုတာထက် ပိုလာတော့ အကျိုးထက် အဆိုးတွေ ပြန်လည် လာတယ် ။ ပြောင်းလဲခြင်းရဲ့ သဘာဝက တဏှာက ဖြစ်ချင်တာ လိုတာများတော့ တိရိစ္ဆာန်စိတ် လိုပဲ အကျင့် သီလ တဖန် ပျက်လာတယ် ။ လိမ်လည်မှုတွေ မတရားမှုတွေကို လွတ်လပ်မှု ၊ တိုးတက်မှု ထင်လာတယ် ။ အကျင့် သီလလို့ ခေါ်တာတွေ ပေါ့ ။ ခိုးကြောင် ခိုးဝှက် ခိုးတတ် လုပ်တတ်တယ် ။ လင်ခိုး မယားခိုး ရည်းစား လုတွေ ပေါ့ ။ သောက်စား မူးယစ်တာ ခိုးဝှက် လိမ်တာ ဖျောက်ပြန်တာ သတ်ဖြတ်တာကို ဘာမှ မဟုတ် သလို ၊ အပြစ် မရှိ သလို ၊ လက်ခံ လုပ်ဆောင် လာလို့ ကလေးငယ်တွေ ပျောက်လို ပျောက် ၊ လိင် ဖျောက်ပြန်လို့ ကလေးတွေ မိဘမဲ့ဖြစ် အပျို မစစ်ယုံ မက ရောင်းစား ခံရ ၊ ရောဂါရ လူစဉ်မမှီ ၊ သဘာဝ ဘေးတွေ ပိုများ ခံရတယ် ။ စစ်ပွဲကြီးတွေ ပိုဖြစ် လာတယ် ။ အိမ်ထဲမှာ နေပြီး ကွန်ပြူ တာ ဖုံးတွေနဲ့ ဖောက်ပြန် လာတယ် ။ သစ္စာမဲ့ လာတယ် ။ လိုအပ်တာ အပန်းဖြေစရာ အသုံးဆောင်တွေက အကျင့်ပျက် ပစ္စည်း ဖြစ်လာတယ် ။ လင်ကွဲ ရည်းစားကွဲ အကျင့်ကွဲ အောက်တန်း ကြတဲ့ စိတ်တွေနဲ့ သုံးတော့ ငွေကြေး ရာထူး ဘာတွေ ချမ်းသာလို သုံးသုံး ၊ ဆင်းရဲလို သုံးသုံး နောက်ဆုံးတော့ အောက်တန်းစား ဖြစ်သွားတယ် ။ အဆင့်အတန်း မဲ့သွား တယ် ။ လူ့ အဆင့်အတန်း တိုးတက်မှု လူ့လောက ဆိုတာ တလွှဲ အဓိပ္ပါယ် ဖြစ်သွားတယ် ။ တိုးတက်မှု အဓိပ္ပါယ် တလွှဲ ဖြစ်သွားတယ် ။ အကျင့် သီလ တရား မျှတ ကိုယ်ချင်းစားစိတ် ကြိုစား စိတ်တွေကို ချုပ်ရင် ပညာလို့ ခေါ်တယ် ။ စာ တစ်ခု သင်တာ ၊ ဘွဲ့ရတာ ၊ သင်ညာ လက်မှတ် လုပ်စားရတဲ့ အသိကို ဆင့်ပွားဖို့ အခြေခံ ပေးတာ ။ ပညာနဲ့ သင်ညာ မကွဲ ကြဘူး ။ ဒီတော့ အဆင့်အတန်း မရှိဘူး ။ မတိုးတက် ဘူး ။ တကယ့် ပညာကို မသိဘူး ။ မှတ်ထားပါ အမှား အမှန် အကောင်း အဆိုး အကြောင်း အကျိုး ကိုယ် ဆင်ခြင်ပြီး တစ်ဦးချင်း အတွက်ရော အများ အတွက် ပါ အကျိုးရှိ သက်ရောက်မှု ရှိအောင် လမ်းပြ လုပ်ကိုင်တဲ့ နည်း ပါ ။ အသိပါ ဆောင်ရွက် သူတိုင်း လေ့လာ သူတိုင်း လူတိုင်း ရနိုင် ဆင်ခြင် တတ်တဲ့ အသိနဲ့ အရာကို ခေါ်တယ် ။ လူ့ အသိ ပညာ လောကမှာ မတိုးတက်ရင် ယနေ့ တိုက်တာတွေ ကား မဖြစ်သလို ငြိမ်ချမ်း သာယာမှု မဖြစ်ဘူး ။ အောက်တန်း ကြတဲ့ အဆင့်အတန်း မရှိတဲ့ စိတ်ဓါတ်နဲ့ လိမ်လည် ဖောက်ပြန် အကျင့် စောင့်ထိန်းမှု ကိုယ်တိုင် မရှိရင် အလကား ဘဲ ။ ဘာမှ အသုံးမကျ ဘူး ။ သူများ ဆောက်တဲ့ အိမ်ငှား နေသလိုပဲ မီးလောင်လို့ပဲ ဖြစ်ဖြစ် ပိုင်ဆိုင်သူက ဖယ်ခိုင်း ပစ်သွားလို့ပဲ ဖြစ်ဖြစ် ဒုက္ခ ဖြစ်တော့ ၊ ပျက်စီး လာတော့ ကိုယ်ပိုင် အသိ ခေါင်းထဲ မရှိတော့ ပျက်သတဲ့ ။ ပြင် မရတော့ အကုသိုလ် ( မကောင်းသော လောဘ မကောင်းသော စိတ် မကောင်းသော ဘဝ အဖြစ်တွေနဲ့ ) လူပါ သေရတော့ တာပေါ့ ။ တကယ် လူတွေ အုပ်ချုပ်ပြီး တကယ့် တိုင်းရင်းသား ပြည်သူတွေက ရုပ်လှတဲ့ ဟာရှာ ၊ ငွေဆိုတဲ့ နောက်လိုက်မှာ လား ။ စောက်ကျင့်တွေ ပြင်ပြီး ကိုယ်တိုင်း ကျိုးစား တကယ် ပညာ အသိ ရှိအောင် လုပ်မလား ။ တကယ် တိုးတက်တာ သိအောင် နေ ၊ သိအောင် လုပ်ကြပါ ။ ကိုယ်တိုင် မလုပ်ရင်တော့ သူများ လုပ်တာ ခံရမယ် ။ အပြော ချိုချို စတိုင် ကောင်းသူတွေက စိတ်ရှည်ရှည် စွဲလန်းအောင် လုပ် ၊ ဟန် ထုတ်ပြ ၊ အချိန်တိုင်း ဆက်သွယ်ပြီး ပိုင်ဆိုင်မှု ပြ ၊ အပြီ ချဖို့ ဝင်လာပြီး ။ တိုက် ကြီးကြီး ၊ ကား ကောင်းကောင်း ၊ ကုတင် ကောင်းကောင်းပေါ် တင်ပြီး အိပ်ခံ ရမှာ ပါပဲ ။ ပျိုချင်လို့ တစ်ဘဝ စောင့်ရဟာကို လိုချင်သူက အယုံသွင်း ၊ အကုန် နင်းခံ ရမယ် ။ ကြိုက်ရင် ဆက်လုပ်ကြ ၊ ဒီ အတိုင်း နေကြ ပေါ့ ။ ကိုယ့် တန်ဖိုးနဲ့ ကိုယ့် အဆင့် မသိရင်တော့ ဗိုလ်ချုပ် ပြောသလို ဘဲ ။ ငွေ ရှိရှိ အာဏာ ဘာညာတွေ ရှိရှိ ပါ ။ ဖာသည်လို့ အပြောင်းအလဲ အလိမ်အညာ ၊ ထမင်းစား ကြီးလာတာ ဖြစ်ဖြစ် ၊ ဖာဆန်တဲ့ အချောင် အတွေးတွေနဲ့ အလွယ် လမ်းမှာ သာယာမှု နောက်လိုက်ရင် အမြဲလို ဖောက်သည် ရှာရတဲ့ ခေတ်မှီ အင်တာနက် ကွန်ပြူ တာ ဖုံးဆက် သုံးပြီး ဘယ်သူက ငါ့ကို ယူ ၊ ငါက ဘယ်သူ့ကို ရွေးရ ၊ မကောင်းရင် တစ်ယောက် ပြောင်းရှာတဲ့ ဈေးကွက်က အချစ်နဲ့ နိုင်ငံရေး ခေတ်မှီ လာတဲ့ ဖာသည်နဲ့ ဖာ နိုင်ငံ တိုးတက်မှု လုပ်ကြ ပေါ့ ။ အနာဂတ် ကလေးတွေရဲ့ ကံကြမ္မာ ၊ အပျိုပေါက်လေးတွေ အောက်ဈေးနဲ့ ကြိုဝယ်လို့ ရလာတဲ့ မြန်မာပြည်ရဲ့ တိုတက်မှုကြီးက ချီကျူးလို့ ရပြီး ပေါ့ ။ တိုးတက်တယ် ဆိုတာ သာသနာ ပိတ် ၊ တိုင်းရင်းသား ပြည်သူတွေ အရိပ် မရှိ ၊ သူဌေး အစိုးရက တိုက်နဲ့ နေ ၊ တိုင်းရင်းသား ပြည်သူတွေ ပြည်တွင်း ပြည်ပတွေမှာ သေ ၊ မသေခင် ဒေါ်လာ ရှာပေး ၊ ဘာဖြစ်ဖြစ် ငါနဲ့ မဆိုင်တဲ့ အတွေး ၊ တိုင်းရင်းသား ပြည်သူတွေရဲ့ အသိ ခေါင်းထဲကို အတွေးတွေ ထည့်ပြီး လက်ဝါးကြီး အုပ် ၊ ခိုးထုတ် ပိုက် ၊ အုပ်ချုပ် ချင်တာ လား ။ တိုးတက်မှုကို မျက်လှည့် ပြ ၊ သမိုင်းကို လိမ်တုတ် ၊ ဥပဒေကို လိမ် လုပ်နေကြတာ ကြာပါပြီ ။ ဘယ်လမ်းကို တိုင်းရင်းသား ပြည်သူတွေက လျှောက် မလဲ ။ ခင်ဗျာ တို့ရဲ့ အား ပါပဲ ။ ဒီလို ဆက်လုပ်သူကို ကြိုက်ရင် ၊ နောက်ကြမှ ဖာသည်မ ငိုချင်းနဲ့ ၊ ပုလိပ် လုပ်လို့ ၊ စစ်တပ် လုပ်လိုက်နဲ့ လှတဲ့ မိန်းမ ဆိုရင် ပုပုကွကွ လူဖြစ်ရင် လာထား ၊ အစိုးရ လူကြီးဆီမှာ ညအိပ် သွားရတဲ့ ဘဝ စကားတောင် မဟရဲ ကြိတ်ပွဲ ဆင်နွှဲ ၊ အထက်တန်းစား ဖာ စားရင်ထဲ ရောက်ကြ ပါပြီ ။ မြေသိမ်း လယ်သိမ် မြစ်ချောင်း သိမ်းတာ ဒုက္ခ အဖြာဖြာတွေနဲ့ လာပြီး မအော်နဲ့ ၊ ဆင်းရဲ ငတ်ပြတ်ပြီး သတ်နေ ပါပြီ ။ မတရားမှုတွေ ဒုနဲ့ ဒေးနဲ့ သဘာဝ အန္တရာယ်တွေ ကယ်ပါ ယူပါ လာပြီ မအော် ကြနဲ့ ၊ ဒုနသတော အတင်းလုပ် လုပ်လို့ အသဲကွဲ ကြ ၊ လင်ရှာ ကြတာတွေ လာ မဆူနဲ့ ၊ လိမ်သူကြောင့် ခံကြရတာ အားလုံး ပါတယ် ။ ဘယ်လမ်းကို ရွေး မလဲ ။ ဘာတွေ လုပ် မလဲ ။ တိုင်းရင်းသာ ပြည်သူတွေရဲ့ ခေါင်းဆောင်ဘက်မှာ ရပ်ပြီး ဆက်တိုက် ကြပါ ။ BY - Oo Aung
18/8/2014 ဓမ္မစေတီခေါင်းလောင်းကြီးကို တွေ့ ပြီဟု နတ်စင်တစ်ရာဆရာတော်မိန့် ကြား ============================================ သက်သျှိုင်းသူ ============================================ ရန်ကုန်၊ ဩဂုတ် ၁၇- ဓမ္မစေတီ ခေါင်းလောင်းတည်ရှိသောနေရာကို ဩဂုတ်၁၆ ရက် ကစတင်တွေ့ရှိထား ပြီဖြစ်ကြောင်း နတ်စင် တစ်ရာ ဆရာတော် က ပြည်တွင်း မီဒီယာအချို့ ကို မိန့်ကြားလိုက်သည်။ ...''ဓမ္မစေတီခေါင်းလောင်းရှာ တဲ့နေရာမှာ သူတို့က ခေါင်းလောင်း ကြီးကို သင်္ဘောပျက်ကြီးအောက် မှာလို့မိန့်တယ်။ ဆရာတော့်အမြင်က သင်္ဘောပျက် နဲ့ပေ၂၀ ၊ ၃ဝအကွာမှာ ရှာပါဆိုတော့ ဩဂုတ်၁၆ရက်နေ့က ဓမ္မစေတီခေါင်းလောင်း ကို တွေ့ထား ပါပြီ။ သို့သော်လဲ ဓမ္မစေတီခေါင်း လောင်း ရဲ့အသေးအကြီးကို ဆရာ တော်မခွဲနိုင်ပါဘူး။ နောက်လေးငါး ဆယ်ရက်အတွင်း မှာဆိုရင် ထင်ထင် ရှားရှားပေါ်လွင်လာပါလိမ့်မယ်''ဟု နတ်စင်တစ်ရာ ဆရာတော် က မိန့် ကြားသည်။ ဘုရားပစ္စည်း ဆိုသည် တကယ် တမ်းကြည့်မည်ဆိုလျှင် ငရဲမီးဖြစ် ပြီး အတ္တဝိသမလောဘ စိတ်များဖြင့် ဓမ္မစေတီခေါင်းလောင်း ကြီး ကို ပေါ် အောင်ဖော်မည် ဆိုပါက မည်သည့် အခါမှရရှိမည်မဟုတ်ကြောင်း ရဟန်း၊ ရှင်လူပြည် သူများအနေဖြင့်လည်း ယခု တစ်သက်ဖူး မြော်ခွင့်ရရှိမည် မဟုတ်ကြောင်း၊ မွန်အဖွဲ့နှင့်ဦးစံလင်း တို့အဖွဲ့သည် ကိုယ်ကျိုးအတွက် မဟုတ်ဘဲ ရဟန်းရှင် လူပြည်သူအများ ဖူးမြော်နိုင်ရန် ရွှေတိဂုံစေတီတော်သို့ လှူဒါန်းမည့်အဖွဲ့ဖြစ်ကြောင်း ဆရာတော်က ဆက်လက်မိန့်သည်။ မွန်ဓမ္မစေတီမင်းခေါင်းလောင်း တော်ကြီး အမြန်ဆုံးအောင်မြင်စွာ ဆယ်ယူနိုင်ရန်အတွက် ဩဂုတ် ၁၇ ရက်တွင် နတ်စင်တစ်ရာ ဆရာတော် ကြီးနှင့် သံယာတော်များ၊ မယ်သီလရှင် ဆရာလေးများနှင့် ဓမ္မစေတီမွန် ခေါင်းလောင်းတော်ကြီး ဆယ်ယူ ရေး အထောက်အကူပြု ဆပ်ကော် မတီ အဖွဲ့တို့မှ မြစ်အတွင်းဓမ္မစေတီ ခေါင်းလောင်း ရှာဖွေဆယ် ယူနေရာ ပတ်ပတ်လည်လှည့်၍ ပရိတ်တရား တော်များ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ပြီး ဆုတောင်းမေတ္တာပို့ခဲ့ကြသည်။ မြစ်အတွင်းတွင်နတ်စင်တစ်ရာ ဆရာတော်မှ သမ္ဗန်တစ်စင်း၊ နေ့ နာမ်အလိုက် သံယာတော်သုံးပါးစီမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်ရှစ်စင်း၊ မယ်သီလရှင် ဆရာလေးလေး ပါးမှ သမ္ဗန်တစ်စင်းစီဖြင့် သမ္ဗန်နှစ်စင်း၊ ဓမ္မစေတီ မွန်ခေါင်းလောင်းတော် ကြီး ဆယ်ယူရေးအထောက်အကူပြု ဆပ် ကော်မတီ အဖွဲ့တို့မှလည်း သမ္ဗန်များ ဖြင့် မြစ်အတွင်း ပရိတ်တရားတော် များ ရွတ်ဖတ် သရဇ္ဈာယ်ခဲ့ပြီး ဆု တောင်းမေတ္တာပို့ခဲ့ကြကြောင်း သိရ သည်။ သမ္ဗန်များဖြင့် ဆုတောင်း မေတ္တာ ပို့ခဲ့ကြသည့်အချိန်တွင် ရာသီ ဥတု သည် ကောင်း မွန်လျက်ရှိပြီး မိုးရွာသွန်းမှုလည်း မရှိခဲ့ကြောင်းသိ ရသည်။ ''အခုလက်ရှိနုန်းတွေ အောက် ကသောင်ကို သောင်တူးစက်တွေ နဲ့ စုပ်ထုတ်နေ တယ်။ ရေကတော့ ငုပ်နေသေးတယ်။ ဘယ်နေရာမှာ ဆိုတာကတော့ပြော လို့မရသေးဘူး'' ဟု ခေါင်းလောင်းဆယ်ယူရေးအ ဖွဲ့၏ ဘဏ္ဍာရေးမှူးဦးသန်းစိန် က ပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းလုပ်ငန်းများကို ဩဂုတ်၈ ရက်နေ့မှစတင် ခဲ့ပြီး ဩဂုတ် ၂၆ ရက်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း ခေါင်းလောင်း ဆယ် ယူသူ ဦးစံလင်းက ပြောသည်။ ‪#‎Democracytoday
11/8/2014 ဓမ္မစေတီခေါင်းလောင်းကြီး တူးဖော်မှု ဒုတိယနေ့တွင် အများပြည်သူထောင်ချီ လာရောက်ကြည့်ရှု ခေါင်းလောင်းကြီး အပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကို စတင်ဖယ်ရှားနေပြီ ဟုဆို ====================================================== ဓမ္မစေတီ ခေါင်းလောင်းကြီးတူးဖော်မှုဒုတိယ နေ့ဖြစ်သော သြဂုတ်လ ၁ဝရက် တွင် ယခင်နေ့ကထက်ပြည်သူအ များ စိတ်ဝင်တစားလာရောက်ကြည့် ရှုကြရာထောင်ချီအထိရှိပြီး၊ ခေါင်း လောင်းကြီးအပေါ်တွင် ရှိနေသည့် သင်္ဘောပျက်ပေါ်မှ နုန်းများကိုစတင်ဖယ်ရှားနေပြီဖြစ်ကြောင်း ခေါင်း လောင်း ဆယ်ယူရေးအဖွဲ့မှ သတင်း ပြန်ကြားရေးတာဝန်ခံဦးကြည်ဝင်း က ပထမနေ့ခေါင်းလောင်းဆယ်ယူ မှုအခြေအနေကို ပြောပြသည်။ ခေါင်းလောင်းဆယ်ယူရေးအဖွဲ့ တွင်ပါဝင်သော ဦးဝင်းမြင့် (ရွှေ အုန်းပင်စားသောက်ဆိုင်)က ''ခေါင်း လောင်းတော်ကြီးဆယ်ယူမှု လုပ်ငန်း ကိုဆက်လက်ဆောင်ရွက်နေပါတယ်။ ဒီအချိန်မှာ ဦးတို့ဘာမှပြောလို့မရ ပါဘူး။ စကိုင်းနက်ကတော့ တောက် လျှောက်မှတ်တမ်းတင်နေပါတယ်။အစီအစဉ်အတိုင်း ဆက်လုပ်သွား မှာပါ'' ဟုပြောသည်။ ဓမ္မစေတီခေါင်းလောင်းဆယ် ယူခြင်းဒုတိယမြောက်နေ့တွင် ဆယ် ယူမှုကို စိတ်ဝင်တစားလာရောက် ကြည့်ရှုသူပေါင်းထောင်ဂဏန်း အထိ မြင့်တက်လာကာ ခေါင်းလောင်း တော်ဆယ်ယူမှုကိုအနီးကပ်ကြည့်ရှု နိုင်သည့် အေးရှားပွိုင့်ဘိုးလိန်း စင်တာဝင်းအတွင်းရှိ ကမ်းနားတွင် လာရောက်ကြည့်ရှုသူများမှာ တစ် ထောင်ကျော်ခန့်ရှိနေကာ အောင်ကံ တလူဘုန်းကြီးကျောင်းနှင့် တပ်ဦးဘုန်း ကြီးကျောင်း၏ကမ်းနားများတွင် လည်း ကြည့်ရှုသူများနှင့်ပြည့်နှက် နေကြောင်း ခေါင်းလောင်းဆယ်ယူ မှုကိုဒေါပုံမြို့နယ်မှလာရောက် ကြည့်ရှုသူ ကိုဝင်းနိုင်ကပြောသည်။ ''လာကြည့်တဲ့သူတွေကတော့ များတယ်။ ဆယ်ယူမှုကတော့ဘာမှ မထူးခြားသေးဘူး။ ဘုန်းကြီးကျောင်း နှစ်ခုနဲ့ ဘိုးလိန်းဝင်းထဲကလူတွေ ပေါင်းရင် တစ်ထောင်ကျော်မကဘူး။ ပြန်သွားတဲ့သူတွေရှိလဲ လူကထပ်တိုး လာတာပဲရှိတယ်''ဟုယင်းကဆက် လက်ပြောသည်။ ခေါင်းလောင်းဆယ်ယူမှုကို သာကေတမြို့နယ်၊ ဒေါပုံမြို့နယ်၊ သန်လျင်မြို့နယ်တို့မှ အများဆုံး လာရောက်ကြည့်ရှုကြပြီး ရပ်နီးရပ် ဝေးမှလာရောက်ကြည့်ရှုသူများလည်း ရှိကြောင်းသိရသည်။ ခေါင်းလောင်းဆယ်ယူမှုကို ကြည့်ရှုရန်သွားရောက်လိုသူများ အတွက် ကမ်းနားမှ ဆယ်ယူမှု ပြုလုပ်ရာ အနီးကို တစ်ဦးလျှင် ငွေကျပ်တစ် ထောင်ခန့်ဖြင့် လိုက်လံပို့ဆောင်ပေး သောသမ္ဗန်ငယ်လေးများလည်းရှိ ကာ သွားရောက်သူများပြားကြောင်း လည်း သိရသည်။ ခေါင်းလောင်းဆယ်ယူရာနေ ရာသည် မြစ်အလယ်တွင်ရှိနေကာ ယနေ့သြဂုတ်၁ဝရက်တွင် မြစ်ရေ မှာ ၁၂နာရီခန့်မှစတင် တက်လာပြီး ညနေ၄နာရီခန့်တွင် မြစ်ရေမှာအေးရှား ပွိုင့်ဘိုးလိန်းစင်တာဝင်း အတွင်း ပြည့်လျှံလာပြီးလာရောက်ကြည့်ရှု သူများမှာ ပိုမိုများပြားလာကြောင်းသိ ရသည်။ မြစ်ရေတက်လာသည်နှင့် ခေါင်းလောင်းဆယ်ယူမှုပြုလုပ်ရန် အထိုင်သင်္ဘောနှစ်စင်းမှ သမ္ဗန် နှစ်စင်းထွက်လာကာ ခေါင်းလောင်း ကြီးတည်ရှိရာဟုယူဆမှတ်သားထား သောနေရာသို့သွားရောက်က ခေါင်းလောင်း ဆယ်ယူမှု ကိုဆောင် ရွက်နေကြကြောင်း သိရသည်။ ''ရေတက်ချိန်ဆို သမ္ဗန်နှစ်စင်း ထွက်လာတယ်။ ဒီနေ့က လပြည့်နေ့ လဲဖြစ်တော့ သူတို့ညအထိဆယ် မယ်လို့ထင်တယ်''ဟုဒေါပုံမြို့နယ်မှ လာရောက်ကြည့်ရှုသူ ကိုလွင်ဦးက ပြောသည်။ ခေါင်းလောင်းတော်ကြီးတူး ဖော်မှုကို လူအင်အား ၈ဝခန့်နှင့် ဆောင်ရွက်နေပြီး ဦးစံလင်းကိုယ် တိုင် ရေငုပ်၍ကော့သောင်းမှရေငုပ် သမား၁ဝဦး၊ ဆလုံလူမျိုးများ၊ ရေတပ် နှင့်အနီးမှ ရေငုပ်သမားများပါပါ ဝင်ကြောင်း သိရသည်။ ခေါင်းလောင်းတော်ရှိနိုင်သော နေရာကို သြဂုတ်လ ၉ရက်က နှစ် ကြိမ်ခန့်ဆင်းပြီးကြောင်းနှင့် ပါဝင် သောလူအားလုံးမှာ ကိုးပါးသီလ ဆောက်တည်၍ ဆောင်ရွက်ကြခြင်း ဖြစ်ကြောင်း သိရသည်။ ''ခေါင်းလောင်းရပြီး ရွှေတိဂုံ ဘုရားပေါ်ပြန်ရောက်မယ်ဆိုတော့ စိတ်ထဲမှာအရမ်းရစေချင်တယ်'' ဟုသန်လျင်မြို့နယ်မှကိုအောင်မျိုးက ပြောသည်။ ဓမ္မစေတီခေါင်းလောင်းတော် ကြီးကို ဟံသာဝတီပြည့်ရှင်ဓမ္မစေတီ မင်းကြီးမှ ခရစ်နှစ်၁၄၇၆ခုနှစ်တွင် သွန်းလုပ်ခဲ့ပြီး ရန်ကုန်မြို့နှင့်မလှမ်း မကမ်းမြစ်သုံးစင်း ဆုံရာတွင် နစ်မြုပ် နေသည်မှာ နှစ်ပေါင်း၎ဝဝခန့်ရှိပြီ ဖြစ်ကာ ဦးဆောင်ဆယ်ယူသူဦးစံလင်းကဆယ်ယူရရှိပါက ရွှေတိဂုံစေတီ တော်တွင် ပြန်လည်လှူဒါန်းသွား မည်ဖြစ်ကြောင်း သိရသည်။
11/8/2014 အော်….သိတ်တော့ မစိုးရိမ်ကြပါနဲ့ ။ (၈၈) အရေးအခင်းလိုမျိုး ပြန်ဖြစ်မှာကို စိုးရိမ်နေတဲ့ သူတွေကိုပါ ၊ အဲလိုဖြစ်မှာ ကို ခင်ဗျားတို့ စိုးရိမ်တာ၊ ကြောက်တာထက် အဆ (၁၀၀)လောက် ကြောက်တဲ့သူတွေ ရှိနေပါတယ်ဗျာ………………………………….. ဘယ်သူတွေဆိုတော မပြောတော့ ပါဘူး။... (စိတ်ချ..အဲဒီလူတွေက အသက်နဲ့လဲပြီး ကာကွယ်လိမ့်မယ် )
11/8/2014 သမ္မတကြီးဗိုလ်သိန်စိန်က နောက်ပြန်မလှည့်ပါဘူးလို့ ကတိပေးတယ်ဆိုတော့ အရူးစကားပြောပြီး အရူးကတိပေးတယ်လို့ပဲ အောင်းမေ့လို့ရတယ်... ။ မြန်မာပြည်က တံတားတို့ တိုက်တို့ ကံထရိုက်တွေ ပြောတဲ့စကားလိုပဲ နှစ် ( ၁၀၀ ) အာမခံလားလို့ မေးတော့ ကံထရိုက်က နှစ် ( ၂၀၀ ) အာမခံသတဲ့လေ ။ ဒါနဲ့ကျုပ်က ကံထရိုက်ကို .. သူက နှစ် ၁၀၀ မေးတာ ခင်ဗျားက ဘာလို့ နှစ် ၂၀၀ အာမခံရတာလဲလို့ မေးတော့ .. သူကရယ်ပြီးဖြေတယ် ၊ ကျုပ်က အခု အသက် ( ၅၀ )ကျော်နေပြီး ၊ နှစ် ၁၀၀ အာမခံတယ်ဆိုရင်တောင် ကျုပ်က နောက်ထပ်နေရရင် နှစ်အစိပ် သုံးဆယ်ပေါ့ ၊ ကျုပ်သေမှတော့ သူတို့ဟာသူတို့ ဘယ်သူ့ကို တရားသွားစွဲစွဲပေါ့ ။ နှစ် ၃၀၀ အာမခံလိုချင်သေးလဲ ပေးလိုက်မယ်တဲ့လေ ။ အခု ဗိုလ်မင်းအောင်လှိုင်က ဗိုလ်ချုပ်ကြီးရာထူး မဟုတ်ဘူး၊ သမ္မတနဲ့ တန်းတူညီတဲ့ ဗိုလ်ချုပ်မှူးကြီး လယ်ဘယ် ဖြစ်တယ် ။ ဗိုလ်ချုပ်မှူးကြီးဆိုတာ စစ်သေနာပတိချုပ်ရာထူးကို ယူထားတာ တကယ်တော့ စစ်သေနာပတိချုပ်ရာထူးဆိုတာ နိုင်ငံတော်မှာ အကြီးဆုံးဖြစ်တဲ့ သမ္မတလို ဝန်ကြီးချုပ်လို ပုဂ္ဂိုလ်မျိုးက ယူရတာဖြစ်တယ် ။ ဒီတော့ ဗိုလ်မင်းအောင်လှိုင်က သမ္မတထက် အာဏာပါဝါပိုကြီးတယ် ။ အခုသမ္မတက တိုင်းပြည်ကို စီမံခန့်ခွဲခွင့်ပဲရှိတာ စစ်တပ်ကို ဘာမှအမိန့်အာဏာပေးခွင့်မရှိဘူး၊ စစ်တပ်က သမ္မတရဲ့ အမိန့်ကို နာခံစရာမလိုဘူး။ လွှတ်တော်အတွင်းမှာ အစိပ်သားစစ်တပ် ဝင်ထိုင်ထားတယ်ဆိုတာ စစ်တပ်စိတ်တိုင်းကျ ဥပဒေမဟုတ်ရင် ကန့်ကွက်လို့ရအောင်လို့ လုပ်ထားတာ ရှင်းနေတာပဲဖြစ်တယ် ။ အဲ့ဒီအထဲကမှ ပြည်သူက အင်အားကောင်းလာလို့ ပြည်သူ့လှုပ်ရှားမှု့တွေ ကြီးထွားလာခဲ့ရင် စစ်တပ်က အာဏာကို ပြန်လွှဲပြောင်းယူလို့ရသေးတယ် ၊ စစ်တပ်က အာဏာပြန်သိမ်းလို့ ရသေးတယ်။ စစ်တပ်က အာဏာကို လွှဲပြောင်းယူပြီးရင် ဗိုလ်သိန်စိန်ဆိုတဲ့ အရုပ်သမ္မတကြီးရဲ့ တခန်းရပ်လူလိမ် ပြဇာတ်လဲပြီးသွားပြီ ၊ သူအာမခံတယ်ဆိုတာလဲ ပြီးသွားပြီဖြစ်တယ် ။ ခင်ဗျားတို့ မှတ်မိကြမှာပါ .. ၉၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင်က မှူးကြီးစောမောင်က ရွေးကောက်ပွဲပြီးရင် စစ်တပ်က စစ်တန်းလျှားကို ပြန်ပါ့မယ်၊ အခြေခံဥပဒေကို လွှတ်တော်အမတ်တွေကသာ ရေးဆွဲရမယ်၊ ကျုပ်တိုစစ်တပ်က သမိုင်းတရားခံ အဖြစ်မခံနိုင်ပါဘူးလို့ ကမ္ဘာသိ မီဒီယာမှာ တရားဝင်ပြောကြားခဲ့တာပဲ ။ ဒါပေမယ့် ရွေးကောက်ပွဲပြီးလို့ စစ်တပ်ထောက်ခံတဲ့ ပါတီရှုံးတော့ မှူးကြီးစောမောင်ကို အနားပေးလိုက်တယ် ၊ မှူးကြီးသန်းရွှေတက်လာတယ် .. ဘာကတိတွေ ဘာအာမခံချက်တွေ တည်ခဲ့လဲ ၊ သတင်းစကတောင်ရေးသေးတယ် ပြောချင်ရင်ဗိုလ်စောမောင်ကို သွားပြောတဲ့လေ .. အဲ့ဒီလို ကမ္ဘာကျော်အောင် ညစ်ပတ်ခဲ့တဲ့ စစ်တပ်နဲ့ ဘောင်ဘီးချွတ်လူတန်းစားတွေ မဟုတ်လား။ အခုလဲ နောက်ပြန်မလှည့်ပါဘူးလို့ ပြောပြန်တယ် ။ ဘာတွေက ရှေ့ကို ရောက်ခဲ့သေးလို့လဲ ။ ရှေ့ကိုမရောက်သေပဲ .. ဘောင်းဘီချွတ်က လူလဲပြီးတော့ ဘောင်ဘီဝတ်တွေ ပြန်တက်တော့ရော ဘာထူနိုင်သေးလဲ ။ ချွတ်နဲ့ ဝတ်ပဲကွာမယ် ၊ ခွေးရူးတွေကတော့ ခွေးရူးတွေပါပဲ .. မဲမဲမြင်ရင် ကိုက်မှာပဲ ။ ( ဦးနိုင်ဝင်း လန်ဒန် )
8/8/2014 ၀န်ထမ်းလစာတွေသာ တခြားနိုင်ငံကို မမီတာ၊ ကုန် ဈေးနှုန်းနဲ့ သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ လစာတွေ ကျတော့ မီရုံတင် ဘယ်ကမှာလဲ၊ အိနိ္ဒယ သမ္မတထက်တောင် ကျော်သွားသေးတယ် ပြည်သူမပျော်ရင် နိုင်ငံလည်း ဆင်းရဲမယ်။ နိုင်ငံ ဆင်းရဲရင် အစိုးရလည်း မမြဲဘူး။ ပြည်သူ ပျော်ရွှင်နေမှသာလျှင် နိုင်ငံ ချမ်းသာမယ်၊ တိုးတက်မယ်၊ အဆင့်မြင့်လာမယ်။ ကျုပ်တို့လို တခြား ပြည်သူတွေထက် အရင်ဆုံး ပျော်ရွှင်အောင် လုပ်ပေးသင့်သူ များကတော့ ၁။ ပညာရေး လောကက ဆရာ ဆရာမတွေရယ်၊ ၂။ ကျန်းမာရေး လောကက ဆရာဝန်တွေနဲ့ သူနာပြုတွေရယ်၊ ၃။ တရားရေး ဌာနက တရားသူကြီး အပါအ၀င် တရားရေး ၀န်ထမ်းတွေရယ် အမြန်ဆုံးနဲ့ အရင်ဆုံး လုပ်ပေးသင့် ပါတယ်။ ဘာဖြစ်လို့လဲ မေးလာရင် သူတို့ မပျော်ရွှင်ရင် ကျန်တဲ့သူတွေ မပျော်ရွှင် တာထက် နိုင်ငံရဲ့ အခြေအနေ ဆိုးဝါးသွားနိုင်ပါတယ်။ သူတို့ ပျော်ရွှင်ဖို့ လိုအပ်သော အရာများကတော့ ၁။ လစာငွေများများနဲ့၊ ၂။ ဂုဏ်သိက်္ခာပါပဲ။ သူတို့ တစ်တွေ ညည်းတွားသံကို ကြားဖူးပါတယ်။ သူများတွေ (ဘယ်သူလဲလို့တော့ မပြောပါ) တစ်ယောက် တစ်ယောက်ကို အိမ်ကြီးရခိုင် ငါးလုံး၊ ကားငါးစီးနဲ့ မြေကွက် ပေါင်းများစွာ ပိုင်ဆိုင်နေချိန်မှာ ကိုယ်တွေမှတော့ အိမ် ခန်း တစ်ခန်းတောင် မပိုင်၊ ဆိုင်ကယ်တစ်စီးတောင် မ၀ယ် နိုင်ပါဘူးတဲ့။ သူတို့ အလုပ်တွေက အိပ်မက်တောင် ကောင်းကောင်း မမက်နိုင်တဲ့ ဘ၀ ရေသေကြီးထဲမှာ မျောပါ နေတာတဲ့။ ဒီကြားထဲ ကိုယ်ကတော့ စားပိုးနင့်အောင် စားပြီး သူများကျတော့ ပီတိကို ဇွတ်အစားခိုင်းနေတာ ကြားရတော့ စိတ်တိုတယ်တဲ့။ မူမှား၊ လူမှား၊ စာရိတ္တတွေပါ မှားနေကြတော့ ပြည်သူ တွေရဲ့ာငညျိနအ တွေကလည်း ဘယ်အမှန်အတိုင်း ရှိတော့ မှာလဲ။ ဒီလိုနဲ့ပဲ သူများနိုင်ငံမှာ မရှိတာတွေ၊ မကြားဖူးတာတွေ၊ မဖြစ်သင့်တာတွေဟာ ကျုပ်တို့ နိုင်ငံမှာ လာဖြစ်နေ တာပေါ့။ ဆီပိုက်ကိုင်ရတဲ့ နေရာတဲ့... စကားထဲကတင် ပေါ်နေပြီ။ ဂိုဒေါင်ကိုင်ရတာလေတဲ့။ သူ့ လက်မှတ်ရဖို့ သူ့ ပီအေကိုတောင် သိန်းထောင်ချီပေးရတာတဲ့ (ဘုရား...ဘုရား)။ ဌာန အပြောင်းအရွှေ့တွေ သူကိုယ်တိုင် ကိုင်ထား တာတဲ့။ စီမံကိန်းတွေက သူက ချပေးရတာတဲ့။ အဲ...ဘယ် နှရာခိုင်နှုန်းဆိုလား။ ထူးဆန်းသော စကားတွေပါပဲ။ ဆီပန့် မကိုင်ဘဲ မြေဖြူခဲ ကိုင်ရတဲ့သူတွေလည်း လူတွေ ဆိုတော့ လူနဲ့ တူအောင်တော့ နေချင်၊ စားချင်ကြတာပေါ့။ ဆီပန့် မကိုင်ရတော့ ဘာဖြစ်သေးလဲ။ ကျူရှင်ဖွင့်တာပေါ့။ လာထားလေ ဆီပန့်ကိုင်တဲ့ လူရဲ့ သားသမီး။ သိန်းထောင် ချီရတဲ့ လူရဲ့ သားသမီး။ စီမံကိန်းချပေးတဲ့ သူရဲ့သားသမီး၊ ကလေးတို့ရေ လာကြ၊ လာကြ ဆိုသလိုပေါ့။ ဆရာဝန်ကလည်း ဒီတိုင်း လက်ပိုက်ကြည့်နေမှာတဲ့လား။ ၆ နှစ် ၇ နှစ်လောက် ခေါင်းပူအောင် စာတွေ ကုန်းကျက် ရပြီးမှတော့ လူတန်းစေ့ မနေရလို့ ဖြစ်မလား၊ သူများ နိုင်ငံလို မဖြစ်တော့လည်း သူများနိုင်ငံမှာ မရှိသေးတဲ့နည်းတွေ ထွင်ကြရမှာပေါ့။ တရားသူကြီးကကောတဲ့ သိက်္ခာရင်းထား ရတာ၊ ရုံးပေါ်မှာ ခပ်တည်တည်ကြီး ထိုင် လာဘ်မစား ဘာမစားနဲ့ အိမ်လည်း ရောက်ရော မိန်းမက ဆီးပြီး ရန်တွေ့ တဲ့ ဒဏ်၊ နားပူတဲ့ဒဏ် ဘယ်ခံချင်မှာလဲ။ အိမ်ရှင်မတွေ ပျော်ရွှင်မှ အိမ်ဦးနတ်လည်း နေသာထိုင်သာ ရှိမှာပဲ။ ဆိုင်းဘုတ်ချိတ်ထားလိုက်တယ်။ “အမှန်တရား တောင်းဆို သော လက်များသည် သန့်ရှင်းရမည်” လို့။ ဒါနဲ့ အမှန်တရား အကြောင်း ပြောရဦးမယ်။ တရားခံဘက်က ကြည့်တော့လည်း အမှန်တရား၊ တရားလိုဘက်က ကြည့်တော့လည်း အမှန် တရား၊ တရားသူကြီးဘက်က ကြည့်တော့လည်း အမှန် တရား။ အမှန်တရားလောက် မျက်နှာများတာ ဘယ်ရှိမလဲ။ အတ်္တကိုယ်စီနဲ့ ကိုယ်သာလျှင် အမှန်ဆိုပြီး ညစ်ပတ်တဲ့ စိတ်နှလုံးသားနဲ့ တရားရုံးကို လာကြတာဆိုတော့ သူတို့ လက်တွေလည်း ညစ်ပေနေပြီပေါ့။ ဒီတော့ တရားသူကြီး ဘက်ကလည်း ညစ်ပေနေတဲ့ လက်တွေကို အမှန်တရား ပေးစရာ ဘယ်လိုတော့မလဲ။ တကယ်တော့ အမှန်တရားရဲ့ ဘူမိနက်သန်နေရာမှန်က တရားသူကြီးရဲ့ အိတ်ကပ်ထဲမှာပေါ့။ ကျမ်းကျိန်ပြီး ပြောဝံ့ပါတယ်။ အမှန်တရားက အဲဒီထဲမှာ ရှိတာ ဘယ်သူမှ မသိပေဘူး။ အစိုးရကို အကြံပေးချင်တယ်။ သူတို့ကိုတော့ သွား မကျပ်နဲ့ အလျှော့ပေးပြီး ပျော်ရွှင်အောင်သာ ပံ့ပိုးပေတော့။ ပညာရေး၊ ကျန်းမာရေးနဲ့ အမှန်တရား (တစ်နည်း) တရား ဥပဒေ စိုးမိုးရေးလေ။ သူများနိုင်ငံက မူလတန်း ကျောင်းဆရာ လစာတွေ ကြည့်ရအောင်။ ဆွစ်ဇာလန်က အများဆုံးပါ။ ၂၀၁၂ ခုနှစ် စာရင်းအရ တစ်နှစ် ၃၃၂၀၉ ဒေါ်လာပါ။ တစ်လကို ၂၇၆၇ ဒေါ်လာ လောက်ဆိုတော့ မြန်မာငွေနဲ့ ဟုတ်မှ ဟုတ်ပါ့မလား။ ၂၇ သိန်းလောက်တောင်။ အင်တာနက်မှာ အကြည့်မှားရင်တော့ တာဝန်မယူဘူးနော်။ ကဲ အိနိ္ဒယလို နီးတဲ့နိုင်ငံ ကြည့်ရအောင်။ သူတို့ဆီက ပြည်နယ်အလိုက် လစာတွေ မတူကြဘူး။ တစ်နှစ် ပျမ်းမျှ ၁၆၆၈၃၀ ရူပီး အပြင် နှစ်တိုးလည်း ရကြ တယ်။ တစ်လပျမ်းမျှ ၁၃၉၀၂ ရူပီး ငွေလဲလှယ်နှုန်း ၁ ရူပီး= ၁၆ ကျပ်နဲ့ မြန်မာငွေ တစ်လကို ၂၂၂၄၃၂ ကျပ် ဖြစ်ပါတယ်။ သူတို့ဆီက ကြက်ဥတစ်လုံး တန်ဖိုး မြန်မာငွေနဲ့ တွက်ရင် အတူတူပါပဲ တစ်လုံးကို ၉၀ ကျပ်လောက်ပါ။ အထက်တန်းပြ ဆရာ လစာက အိနိ္ဒယမှာ ၁၈၀၄၅ ရူပီးပါ။ မြန်မာငွေ သုံးသိန်းနီးပါးပါ။ Medical officer ဆရာဝန်လစာက အိနိ္ဒယမှာ ၃၂၈၀၅ ရူပီးဖြစ်ပြီး မြန်မာငွေ ၅ သိန်းခွဲ နီးပါး ရပါတယ်။ ကုန်ဈေးနှုန်းကတော့ ကမ္ဘာ့စံချိန်ကိုရော အာရှစံချိန် ကော အဆင့်မီပြီးသား ဖြစ်ပါတယ်။ လစာမှာပဲ ကျန်နေခဲ့ တာပါ။ အိနိ္ဒယနဲ့ နှိုင်းယှဉ်ပြရတဲ့ အကြောင်းရင်းက ဥရောပနဲ့ နှိုင်းလိုက်ရင် ကွာခြားလွန်းအားကြီးပြီး ကိုယ့်ကြောင့် အရေးအခင်းတောင် ဖြစ်နိုင်တာမို့ အနီးဆုံးလည်းဖြစ် လူဦးရေလည်း အလွန်များပြားတဲ့ အိနိ္ဒယနဲ့ နှိုင်းယှဉ်ပြတာပါ။ CJI ac: Chief Justice of India က လစာ ရူပီး တစ်သိန်း၊မြန်မာကျပ်ငွေ၁၆သိန်း၊ High Court Chief တရားသူကြီးချုပ်က ရူပီး ၉ သောင်းနဲ့ High Court တရားသူကြီးများက ရူပီး ရှစ်သောင်းပါ။ မီတာ အခမဲ့ ယူနစ် ၁၀၀၀၀ ပေးတာနည်းလို့ ၂၀၀၀၀ တောင်းဆိုထားပါတယ်။ ရေက တစ်လကို ၃၀၀၀ ကီလိုလီတာ အခမဲ့ ရပါသေးတယ်။ လာဘ်စားပါလို့ သွားခွံ့ ရင်တောင် ဒီလောက် ကောင်းတဲ့အလုပ် ပြုတ်မှာစိုးလို့ ထွက်ပြေးသွားမှာပါ။ သူ့နေရာနဲ့ သူ တန်အောင် ဂုဏ်သိက်္ခာနဲ့ညီအောင် ထားနိုင်ဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။ လူဆိုတာ အသိဉဏ် မြင့်မားကြတာဆိုတော့ မတန်တရာပေးပြီး ခိုင်းထားရင် ဉာဏ်သုံးပြီး လမ်းထွင်မှာပါပဲ။ တရားသူကြီးတွေ ပျော်ရွှင်မှု မရှိရင် တရားခံကော တရားလိုကော နာပြီသာမှတ်။ တန်ရာ တန်ကြေး မပေးလို့ကတော့ သွားတောင်းမနေနဲ့ မောရုံပဲ ရှိမယ်။ အမှန်တရားကို ၀ှက်ထားမှာပေါ့။ ဆရာဝန်တွေ သူနာပြုတွေ မပျော်ရွှင်ရင် လူနာတွေ လည်း နာပြီမှတ်၊ ကိုယ်ကျတော့ တိုက်တွေဝယ်၊ ကားတွေ စီးနဲ့ ဆရာဝန်တွေကျမှ အသပြာ ဆရာဝန်တွေ၊ စေတနာ ဆရာဝန်တွေ သွား မဝေဖန်နဲ့၊ နေမကောင်းဖြစ်လို့ကတော့ ပါတာ အကုန်ထုတ် တိုက်ကော၊ ကားကော အပြုတ်သာမှတ်။ နာသုံးနာတွေ၊ နာလေးနာတွေလည်း ဆရာ၊ ဆရာမတွေ ကျမှ နာပြီးရင်း နာရင်း လာချွေးသိပ်ပြီး နှာနှပ်မနေနဲ့၊ အမှည့်ခြွေ ခြွေပစ်လိုက်လို့ ကုန်းကောက်စရာ မရှိဘဲ ဖြစ်သွားမယ်။ သားသမီးတွေအတွက်ဆိုရင် ဘယ်မိဘက မထွက်ဘဲ ရှိမလဲ။ ဆရာ၊ ဆရာမတွေကို ပျော်ရွှင်အောင် ထားရင်ထား မထားရင် ကျောင်းသားနဲ့ ကျောင်းသားမိဘ တွေလည်း မပျော်ရဘူးမှတ်။ ၀န်ထမ်းလစာတွေသာ တခြားနိုင်ငံကို မမီတာ၊ ကုန် ဈေးနှုန်းနဲ့ သမ္မတတွေ၊ လွှတ်တော် ဥက္ကဋ္ဌတွေရဲ့ လစာတွေ ကျတော့ မီရုံတင် ဘယ်ကမှာလဲ၊ အိနိ္ဒယ သမ္မတထက်တောင် ကျော်သွားသေးတယ်။ အိနိ္ဒယ သမ္မတက မယူရှာပါဘူး။ တစ်လမှ ဒေါ်လာ ၂၂၃၈ ပဲ။ ထားပါတော့ ၂၄ သိန်း နီးပါး ပေါ့။ မြန်မာသမ်္မတကြီးကတော့ အားပါးပါး၊ အိနိ္ဒယသမ္မတ ထက် နှစ်ဆတောင် သိန်း ၅၀ ယူထားပါလား။ ဒါဆိုရင် ဆရာ၊ ဆရာမတွေ၊ ဆရာဝန်တွေ၊ တရားသူကြီးတွေလည်း အိနိ္ဒယထက် နှစ်ဆ မရသင့်ဘူးလား။ နှစ်ဆ မရတောင် တန်းတူဆိုတော်သေး။ ခုတော့ တန်းတူ မပြောနဲ့ အိနိ္ဒယရဲ့ တစ်ဝက်တောင် ရှိရဲ့လား။ See More
8/8/2014 ဖွတ်တွေက ပဲခူးမှာ ရေကြီးလို့ စစ်သားလေးတွေ ကူညီရေးလုပ်နေတာကို တိုင်ပြည်ကြီးကို ကယ်တင်ရှင်လုပ်နေတဲ့အတိုင်း...ပဲ ဓာတ်ပုံကလေး တပြပြနဲ့ မြောက်ကားကားတွေ ရေးနေကြတာ အတော်ကို ရယ်စရာဖြစ်နေတယ် ။ တိုင်းပြည်တပြည်မှာ စစ်တပ်ဆိုတာ သေနတ်ကိုင်ပြီး လူသတ်ဖို့သက်သက်ပဲ မွေးထားတာမဟုတ်ဘူး .. နိုင်ငံတကာမှာ အရေးပေါ်ကယ်ဆယ်ရေးတွေဆိုရင် ကိုယ့်နိုင်ငံအတွင်းတောင်မကဘူး သူများနိုင်ငံအထိတောင် သွားပြီး အကူအညီပေးကြရတယ် ... အဲ့ဒါ သဘာဝပဲ ။ မြန်မာနိုင်ငံမှာ နာဂစ်ဖြစ်တော့ အမေရိကန် အင်္ဂလန်နဲ့ ပြင်သစ်က စစ်သဘောင်္တွေ ကူညီဖို့ ရောက်လာခဲ့တယ် ။ စစ်ခွေးကြီးတွေက ကျောက်ချီးပါပြီး သူတို့အာဏာအတွက် အဝင်မခံရဲလို့ သန်းနဲ့ချီပြီး လူတွေ အတိဒုက္ခ ရောက်ခဲ့ရတယ် ။ ပြောချင်တာက အခု ကူညီရေးလုပ်နေတဲ့ စစ်သားလေးတွေကို ကျေးဇူးမတင်လို့ မဟုတ်ဖူး ၊ ကုလားထိုင်ပေါ်ထိုင်ပြီး ဂုတ်သွေးစုတ်နေတဲ့ စစ်ခွေးကြီးတွေကို ပြောချင်တာ ။ လူကို ခွေးကိုက်တာက အဆန်းမဟုတ်ဖူး ၊ ခွေးကို လူကိုက်တာက အဆန်း ။ ဆိုတဲ့စကားလိုပဲ ပြည်သူဒုက္ခရောက်လို့ စစ်သားလေးတွေက ကူညီရေးလုပ်တာ သဘာဝ ၊ ပြည်သူကလဲ အဲ့ဒီအတွက် လခပေးထားရတာ ကျေနပ်တယ် ။ ပြည်သူက မကျေနပ်တာက ဘယ်နိုင်ငံမှာမှမရှိတဲ့ ကမ္ဘာအလည်မှာ ရှက်စရာကောင်းတဲ့ လွှတ်တော်ထဲ ခွေးတက်ထိုင်သလိုဖြစ်နေတဲ့ ဖော်ပြပါ စစ်ခွေးကြီးတွေကို တွေ့မြင်နေရတာက ဆန်းနေတာ ။ အဲ့ဒါက ... လူမရောက် မြင့်မိုရ်တောင် ၊ ခွေးမရောက် အိမ်မိုးခေါင်လို့ခေါ်တယ် ။ အိမ်ခေါင်မိုးပေါ် ခွေးတက်ထိုင်ရင် အဲ့ဒီအိမ် ဖျက်ပစ်ရတယ် ၊ လာဘ်မရှိ ကိုးမရှိဖြစ်ပြီး အိမ်ပျက်အိမ်မွဲတယ်လို့ခေါ်တယ် ။ ခုလဲ မွဲနေတာပါပဲ ၊ ဒီကောင်တွေ ထိုင်နေသမျှ ရှေ့ဆက် မွဲအုံးမယ် ။ ( ဦးနိုင်ဝင်း လန်ဒန် )