30/7/2014 ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်က ဂယ်လောင် ရဲဘက်အကျဉ်းစခန်းမှာ အကျဉ်းဦးစီးအရာရှိ ဦးစိုးနိုင်က သူ့ကိုယ်ပိုင်အလုပ်တွေမှာ အကျဉ်းသားတွေကို လူမဆန်စွာခိုင...်းနေပါသတဲ့။ ဘယ်လောက်ထိခိုင်းလဲဆိုရင် မျက်စေ့မမြင်တဲ့ အကျဉ်းသားတွေ နာမကျမ်းဖြစ်နေတဲ့ အကျဉ်းသားတွေကိုတောင် ထုတ်ခိုင်းပါသတဲ့။ အဲလို ကျွဲခိုင်းနွားခိုင်းခိုင်းပေမယ့် ကျွေးတဲ့အစားအစာကလည်း ခွေးစာထက်တောင်ညံ့ပါသေးတယ်။ အကျဉ်းသားတယောက်ကို အရပ်ထဲက အလုပ်တွေခိုင်းရင် အလုပ်ရှင်က တနေ့ကို နေ့စားခ ၃ထောင်ပေးပေမယ့် အကျဉ်းသားတွေမှာ ဘာမှမခံစားရဘူးဖြစ်နေပါတယ်။ အောက်ကပုံတွေသာ ရှုစားကြပါကုန်။ သတင်းလုပ်လိုတဲ့ သတင်းထောက်များ ဆက်သွယ်ပေးပါ့မယ်။
28/7/2014 ၂၀၁၅ဖြတ်သန်းရမယ့်ပင်လယ်ပြင်ကလှိုင်းထန်လိမ့်မယ်။အဲ့ဒိမုန်တိုင်းက ငွေကြေးမုန်တိုင်း ရမ္မက်မုန်တိုင်းလောဘမုန်တိုင်း မောဟမုန်တိုင်း လူ့သဘာဝမုန်တိုင်း သံသယမုန်တိုင်း အာဏာမုန်တိုင်းတွေတစ်ခုပြီးတခုဆက်တိုက်ဝင်လာလိမ့်မယ်။ပင်လယ်ထဲကလှေငယ်တစ်စင်းပဲဖြစ်တဲ့ပွင့်လင်းဟာအဲ့ဒိလှိုင်းထန်ပင်လယ်ပြင်မှာဒီမုန်တိုင်းကြီးတွေတစ်လုံးပြီတစ်လုံးတိုက်ခက်လာလိမ့်မယ့်ဒဏ်ကိုခံနိုင်ပါ့အလား။ကျုပ်ဆန္ဒအမှန်ကတော့ဒီမုန်တိုင်းတွေကိုကြံ့ကြံ့ခံပြီးပွင့်လင်းဆိုတဲ့ဒီမိုကရေစီလှေတစ်စင်းအောင်မြင်ခြင်း...ကမ်းခြေကိုရောက်သွားတာမြင်ချင်လှပါတယ်။ယောနသံဇင်ယော်လိုလွတ်မြောက်သွားစေချင်တယ်။ မုန်းတိုင်းတကာ့မုန်တိုင်းတွေထဲမှာကြောက်စရာအကောင်းဆုံးမုန်တိုင်းနှစ်ခုကတော့ အာဏာဆိုတဲ့မုန်တိုင်းနဲ့ငွေကြေးဆိုတဲ့မုန်တိုင်ပါ။ အာဏာနဲ့ ငွေကြေးဆိုတာလူတိုင်းကျော်လွှားဖို့ အင်မတန်ခက်ပါတယ်။လူ့ သည်းခြေကြိုက်မို့ အာဏာထက်ငွေကြေးဆိုတာပိုတောင်ကြောက်စရာကောင်းတဲ့မုန်တိုင်းပါ။ ဒို့ဗမာအစည်းအရုံးကြီး၏သမိုင်းကိုအတုယူကြ တစ်ပွင့်ချင်းနီကျမှတစ်တောလုံးနီလိမ့်မယ် တစ်ပွင့်ချင်းဝေမှတစ်တောလုံးဝေလိမ့်မယ် တစ်ပွင့်ချင်းပွင့်မှတစ်တောလုံးပွင့်လိမ့်မယ် ၂၀၁၅တွင်လူထုအောင်ပွဲခံပါစေ။
28/7/2014 ၂၀၁၅ မှာ ကိုယ်မပါရတော့မှာ စိုးတာနဲ့ PR ဆိုတာကြီးကို အတင်းပုံဖော်….အဲ..နောက်ဆုံးကျတော့…. ကိုယ်တော့ ပါလိုက်ရပါရဲ့….. ပါရတာနဲ့ မမျှ လွှတ်တော်ထဲကို ဘာမှန်းမသိတဲ့ ဟာတွေက ဘယ်ကနေမှန်း မသိရောက်လာကြ….. အရက်သမား၊ သူခိုး၊ ဘိန်းစား၊ လူလိမ်၊.. အို…အာဝါဒါး ပေါင်းစုံ လွှတ်တော်ထဲမှာ ၀င်ထိုင်……. ပေါက်ကရတွေပြောကြ…ပေါက်ကရတွေ မေး..အဆိုတင်သွင်းကြ..၊ ( မြင်ယောင်ပါတယ် ) အဲလိုဖြစ်လို့ကတော့.. လွှတ်တော် ကျင်းပတဲ့ ကုန်ကျစရိတ်တွေ ကျုပ်တို့ပြည်သူ့ဘဏ္ဍာငွေထဲက မသုံးနဲ့…..၊ ခင်ဗျားတို့ အဲလောက် အမတ်ဖြစ်ချင်၊ နေရာလိုချင်ကြတာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လွှတ်တော်စားရိတ် လုပ်ကြ ။ ကျုပ်တို့ ပိုက်ဆံ လာမထိနဲ့….၊ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လွှတ်တော်တက်ကြ ။ ( အလကား…အာဝါဒါးတွေ )
24/7/2014 Photo - Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်တစ်စီး/Wikipedia အယ်လ်ဂျီးရီးယား လေကြောင်းလိုင်း Air Algerie ပိုင် ခရီးသည်တင် လေယာဉ်တစ်စီး အာဖရိကတွင် ပျံသန်းနေစဉ် လတ်တလော အဆက်အသွယ် ပြတ်တောက်နေကြောင်း သိရှိရသည်။ အဆိုပါ လေယာဉ်သည် ဇူလိုင်(၂၄)ရက်က ဘာကီနာဖာဆိုမှ ပျံတက်လာပြီး အယ်လ်ဂျီးရီးယားသို့ ဦးတည်နေစဉ် လမ်းခရီး၌ ရေဒါမြင်ကွင်း၌ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။ “လေကြောင်းလမ်းညွှန် စနစ်တွေမှာ Air Algerie လေကြောင်းလိုင်းပိုင် လေယာဉ်ရဲ့ ပျံသန်းမှု လမ်းကြောင်း အချက်ပြမှု ပျောက်ဆုံးသွားပါတယ်။ လေယာဉ်ကွင်းကနေ ပျံတက်လာပြီး မိနစ်(၅၀) အကြာမှာ အဆက်အသွယ် ပြတ်သွားတာပါ”ဟု လေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရ တာဝန်ရှိသူ တစ်ဦးက APSသတင်းဌာနသို့ ပြောကြားခဲ့သည်။ လေယာဉ်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ရှာဖွေရေး လုပ်ငန်းများ စတင်လုပ်ဆောင်နေပြီဟုလည်း သိရသည်။ လေယာဉ်၏ ခရီးစဉ်အမှတ်မှာ AH5017ဖြစ်ပြီး လေယာဉ်ပေါ်တွင် ခရီးသည် (၁၁၀)နှင့် အမှုထမ်း(၆)ဦး လိုက်ပါသွားကြောင်း သတင်းရရှိသည်။ _Ref: BBC
24/7/2014 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသည့်ကုမ္ပဏီတစ်ခုဖြစ်သော အော်ရီဒူးမှ ဆင်းကတ် များကို စမ်းသပ်အသုံးပြုရန် ယနေ့ ကမန္တလေးမြို့ရှိ ယင်းတို့၏ ကိုယ်စားလှယ် များအား ဖြန့်ဝေပေးခဲ့ပြီး ပြည်သူသို့လာမည့် သြဂုတ်လလယ်ပိုင်း တွင် ဖြန့်ချီသွား မည်ဖြစ်ကြောင်း ဒေါ်သီရိကြာညိုကပြောသည်။ "အများပြည်သူကို သြဂုတ်လ၊တတိယပတ်လမှာ ရောင်းသွားမယ်။လောလော ဆယ် တစ်မိနစ်ကို ဘယ်လောက် နှုန်းကျမယ် ဆိုတာမပြောနိုင်သေး ပါဘူး။ခုအရောင်းကိုယ်စားလှယ်တွေကို ဖြန့်ဝေပေးတာကစမ်းသတ်သုံးစွဲဖို့ ပါ။"ယင်းကဆက်လက်ပြောကြားသည်။ ယင်းကဲ့သို့ဖြန့်ဝေပေးရာတွင် ဆင်းကတ်အတွင်း ငွေ ၂၅၀၀၀ ကျပ်ဖြည့် ထားသည်ကိုတွေ့ရှိရပြီး၊အော်ရီဒူးဆင်း ကတ်အချင်းချင်းသာ အ၀င်အထွက်ပြော ဆိုနိုင်ကြောင်း၊အခြားမိုဘိုင်းဖုန်းများသို့ ခေါ်ဆိုခြင်းမြ့ပုလုပ်နိုင်သော် လည်း အ၀င်လက်ခံနိုင်ကြောင်း သိရသည်။ "တခြားတော့ ခေါ်လို့မရဘူး။ တစ်မီနစ်ငွေဘယ်လောက် နှုတ်သလဲဆိုတာ စစ် ကြည့်တော့ ဖုန်းသာပြောနေတာ ငွေကမလျော့ဘူးဖြစ်နေတယ်။ သုံးရတာတော့ အဆင်ပြေတယ်။"ဟုဆင်းကတ် ရရှိသုံးစွဲသူ တစ်ဦး ကပြောကြားသည်။ ဖုန်းကတ်များရောင်းချပေးမည့် အရောင်းကိုယ်စားလှယ်များအား စမ်းသပ် ဆင်းကတ်များကို ဖြန့်ဝေသုံးစွဲစေခြင်း ဖြစ်၍ ယင်းတို့သုံးစွဲရာမှ အခက်ခဲများ ၊ဖြေရှင်းရမည့်ပြဿနာများကို အဖြေရှာခြင်းဖြစ်ပြီးစမ်းသတ် အော်ရီဒူးဖုန်းကတ်သို့ အခြားမိုဘိုင်းဖုန်းများမှ ခေါ်ဆိုနိုင်သည်ဟုဆိုသည်။
19/7/2014 သစ္စာဖောက်ဦးစောအဖွဲ့က ဗိုလ်ချုပ်တို့ကို ဘယ်လိုလုပ်ကြံခဲ့ကြသလဲ (ဆောင်းပါးရှင် - နီငြိမ်း (အညာတက္ကသိုလ်)) အာဇာနည်နေ့မတိုင်မီ ဗမာပြည် ...၂၀၁၄ ခု ဇူလိုင် ၁၉ ရက်မှာ (၆၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဇူလိုင်မိုးနှင့်အတူ ကျဆုံးသွားရှာသော အာဇာနည်ကြီးများကို ယနေ့တိုင် မမေ့နိုင်သေးသဖြင့် ဤဆောင်းပါးကို ရေးသားတင်ပြရပါသည်။ ၁၉၄၅ ခုနှစ် မတ် ၂၇ ရက်တွင် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်၍ ဖက်ဆစ်များကို တော်လှန်တိုက်ထုတ်ခဲ့သည်။ ဂျပန်များ ထွက်ခွာသွားသောအခါ ဗြိတိသျှတပ်များ ပြန်ဝင်လာသည်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို စစ်အုပ်ချုပ်ရေးဖြင့် ကိုင်တွယ်ခဲ့သည်။ မြန်မာတစ်မျိုးသားလုံးက မကျေနပ်၍ ဆန္ဒပြသောအခါ ၁၅-၁၀-၁၉၄၅ ရက်တွင် စစ်အုပ်ချုပ်ရေး ရပ်စဲသွားသည်။ သို့တစေ နယ်ချဲ့တို့သည် ဆင်းမလားစီမံကိန်းခေါ် စက္ကူဖြူစာတန်းကို ရေးဆွဲကာ ဗမာပြည်ကိုကြိုးကိုင်ရန် အားထုတ်ခဲ့ပြန်သည်။ ထိုစက္ကူဖြူစီမံကိန်းကိုလည်း တိုင်းရင်းသားပေါင်းစုံက ဆန့်ကျင်ဆန္ဒပြခဲ့ကြ၏။ ၁၉၄၆ ခုနှစ် ဇွန်လတွင် လူထုတစ်သိန်းကျော်က သပိတ်မှောက်ခဲ့ရာ ဆာလ်ရယ်ဂျီနယ်က ရက်ဒေါက်အစိုးရ ပြုတ်ကျသွား၏။ သို့နှင့် ဆာဟူးဘတ်ရန့်စ် တက်လာသည်။ ၁၉၄၇ ခုနှစ် ဇန်န၀ါရီလတွင် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဦးတင်ထွတ်၊ ဦးစောနှင့် သခင်ဗစိန်တို့ အင်္ဂလန်သို့ထွက်ခဲ့၍ လွတ်လပ်ရေးစကား ပြောကြသည်။ လွတ်လပ်ရေးအကြိုကာလတွင် အောင်ဆန်းအက်တလီစာချုပ်ကို ချုပ်ဆိုကာ ဗမာပြည်ပြန်လာကြသည်။ ထို့နောက် တောင်တန်း၊ မြေပြန့် ခရီးဆန့်ကာ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ၁၉၄၇ ခုဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ ထို့နောက် ဧပြီလတွင် တိုင်းပြုပြည်ပြု ရွေးကောက်ပွဲကျင်းပရာ ဖဆပလအဖွဲ့က အပြတ်အသတ် အနိုင်ရရှိခဲ့လေသည်။ ၁၆-၆-၁၉၄၇ တွင် လွှတ်တော်အစည်းအဝေးကြီး ကျင်းပကာ ဗိုလ်ချုပ်က လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ တစ်နှစ်အတွင်း လွတ်လပ်ရေးရတော့မည်မှာ သေချာနေရာ တိုင်းရင်းသားပေါင်းစုံက ဗိုလ်ချုပ်ကို ထောက်ခံခဲ့သည်။ ဦးစောတို့ပါတီ လှုပ်ရှားလာပြီ ဦးစောသည် နိုင်ငံရေးအာဏာရယူရန် ရည်ရွယ်ချက်ကြီးစွာဖြင့် ဂဠုန်တပ်ဖွဲ့များကို အနယ်နယ်အရပ်ရပ်၌ ဖွဲ့စည်းလှုပ်ရှားခဲ့သည်။ သို့အတွက် သူ့ကို ဂဠုန်ဦးစောဟု အမည်ပေးခဲ့သည်။ သူ၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်နှင့် ဦးနုအဖွဲ့များကို ဖယ်ရှားကာ အင်္ဂလိပ်အားကိုးဖြင့် နိုင်ငံတော်ကို ထိန်းသိမ်းအုပ်ချုပ်ရန်ပင်ဖြစ်သည်။ သို့နှင့် ဦးစောအဖွဲ့သည် ဇွန် ၂၄ ရက်တွင် ဗိုလ်တထောင် ပင်မခဲယမ်းမီးကျောက်တပ်မှ ဘရင်းဂန်းအလက် ၂၀၀၊ ပြောင်းပို ၂၀၀၊ တော်မီဂန်း၊ စတင်းဂန်းများ၊ ကိုးမမကျည်နှင့် ၃၀၃ ကျည်များစွာထုတ်ယူရာ လက်နက်တိုက်အရာရှိ ကပ္ပတိန်ဗွီဗွီရန်းက AD ဒေးဗစ်ဟူသော လက်မှတ်တုထိုး၍ ထုတ်ပေးခဲ့ပါသည်။ ဦးစောသည် လက်နက်အချို့ကို AD လမ်းနေ အိမ်ခြံဝင်းအတွင်း ၀ှက်ထားကာ လက်နက်ခဲယမ်း အတော်များများကို နယ်သို့ ခွဲဝေပို့ပေးခဲ့သည်။ (ရည်ရွယ်ချက်မှာ သူ့အစိုးရတက်လာလျှင် လုံခြုံရေးလုပ်ရန် ဖြစ်၏။) ဦးစောကိုယ်တိုင် လုပ်ကြံရန် စီစဉ်ခြင်း ဦးစောသည် AD လမ်း သူ့ခြံထဲ၌ လုပ်ကြံရန် တာဝန်ပေးထားသူများကို စုစည်းထားသည်။ ဘယ်မှထွက်ခွင့်မပေးဘဲ အိမ်ထဲ၌ ပျော်အောင်ထားသည်။ လက်နက်များဖြုတ်တပ်ခြင်း၊ ပစ်ခတ်ခြင်းများ လေ့ကျင့်ကြ၏။ စိန်ကြီး မောင်စိုးတို့အဖွဲ့အတွက် စစ်ယူနီဖောင်းများချုပ်ကာ အမှတ် (၁၂) တပ်မတော် (Twelve army) ပခုံးတံဆိပ်များ တပ်ဆင်ပေးခဲ့သည်။ စစ်ဖိနပ်က လေးသဖြင့် ကင်းပတ်ဖိနပ်များ စီးစေသည်။ ၄၇ ခုနှစ် ဇူလိုင် ၁၉ ရက် တစ်မနက်လုံး မိုးရွာနေသည်။ ဖွဲလိုက်၊ သည်းလိုက် မိုးရွာနေစဉ် ရန်ကုန်လူထုက ဘာမျှမသိ သွားလာနေကြသည်။ ဦးစောက သူ့လူများကို သေသေချာချာလုပ်ရန် အကြိမ်ကြိမ်မှာသည်။ ရဲဆေးတင်သည့် အနေဖြင့် နိုင်ငံခြားအရက်များတိုက်ကာ ဂျစ်ကားအမှတ် AC 1814 ပေါ်တင်လွှတ်လိုက်သည်။ ကားကို သုခကမောင်းသည်။ ကားပေါ်တွင် စိန်ကြီး၊ မောင်စိုး၊ သက်နှင်း၊ ရန်ကြီးအောင်တို့ မောင်းပြန်လက်နက်များကိုင်၍ လိုက်ပါသွားကြသည်။ ၀န်ကြီးရုံး အစည်းအဝေးပွဲချိန်ကို နံနက် ၁၀ နာရီ ၁၀ မိနစ် သတ်မှတ်ထားသည်။ လူမစုံသေး၍ စောင့်နေရသည်။ မောင်စိုးတို့ဂျစ်ကားသည် နံနက် ၁၀ နာရီထိုးလုနီးတွင် ဦးစောအိမ်မှ ထွက်လာခဲ့ရာ ၁၀ နာရီ မိနစ် ၂၀ လောက်တွင် အတွင်းဝန်ရုံးသို့ရောက်သည်။ စက်မသတ်ဘဲ စက်ရှိန်လျှော့ထားစဉ် မောင်စိုး၊ သက်နှင်းတို့လေးဦး ကားပေါ်မှခုန်ဆင်းသွားသည်။ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်နေသော ခန်းမဆီ တက်သွားသည်။ အစည်းအဝေးခန်းမထဲတွင် ကျွန်းစားပွဲအရှည်ကြီး နှစ်လုံးကို ပစောက်ပုံခင်းထားရာ ဗိုလ်ချုပ်က ထိပ်မှထိုင်သည်။ လက်ဝဲလက်ယာ စားပွဲများတွင် ၀န်ကြီးများ ခွဲထိုင်နေသည်။ အစည်းအဝေး စလျှင်စချင်း ဦးစောအဖွဲ့ လက်နက်များခိုးထုတ်မှုကို ဆွေးနွေးနေသည်။ ထိုစဉ် မောင်စိုးဦးဆောင်၍ လူသတ်သမားများ ဗိုလ်ချုပ်အခန်းဝ ရောက်လာကြသည်။ အခန်းစောင့်ရဲဘော်က (မ၀င်နဲ့ဟုတားရာ မောင်စိုးက လက်ဖြင့်တွန်းဖယ်ပြီး တံခါးကြီးကို ခြေဖြင့်ကန်ဖွင့်လိုက်သည်။ အတွင်းသို့ရောက်လျှင် နောက်မှပါလာသော ရန်ကြီးအောင်က (ပစ်၊ ပစ်ဟုအော်ပြောရာ)မောင်စိုးက ဗိုလ်ချုပ်တို့ကို တရစပ် ဒူးထောက်ပစ်သည်။ ရန်ကြီးအောင်ကလည်း ပစ်သည်။ ဗိုလ်ချုပ်က လက်ကာပြီး (ဟေ့... ဟေ့ နေကြဦး) ဟု ပြောနေစဉ်မှာပင် သူ့ကိုယ်တွင်း ကျည်ဆန် ၁၃ တောင့်ဝင်သွားသည်။ ဗိုလ်ချုပ်လည်း ကိုယ်ကိုမထိန်းနိုင်ဘဲ လူရော၊ ကုလားထိုင်ကြီးပါ နောက်လှန်သွားသည်။ ဗိုလ်ချုပ်တို့ အပစ်ခံရချိန်မှာ ၁၀ နာရီ ၃၇ မိနစ်အချိန်ဖြစ်၏။ ဗိုလ်ချုပ်နှင့်အတူ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဗိုလ်ချုပ်အစ်ကိုကြီး ဦးဘ၀င်း၊ စော်ဘွားကြီးစ၀်စံထွန်း၊ ဦးရာဇာတ်၊ မန်းဘခိုင်၊ ခေါင်းဆောင်ကြီး ခုနစ်ဦးနှင့်အတူ အတွင်းဝန်ဦးအုန်းမောင်၊ သက်တော်စောင့်ကိုထွေးတို့ကိုးဦး တစ်ကြိမ်တည်း ကျဆုံးကြပါသည်။ ဗိုလ်ချုပ်တို့လုပ်ကြံမှုတွင် အင်္ဂလိပ်များလည်း ပါသည်။ ထိုလုပ်ကြံမှုကို လေ့လာရန် အတွင်းဝန်ရုံးအောက်ထပ်၌ COD ရုံးခန်းတွင် တောင်ပိုင်းတိုင်းမှူး ဒီယားနက်စ်နှင့် ထောက်လှမ်းရေးမှူး ဘရီးကားရီးယားတို့ ရှိနေသည်။ ပစ်ခတ်သံများကြားမှ အတွင်းဝန်ရုံးက ကားစီး၍ ထွက်ပြေးသည်။ ဦးစောအဖွဲ့ ဖမ်းပြီ လုပ်ကြံသူများသည် ဗိုလ်ချုပ်တို့အဖွဲ့ကိုပစ်ခတ်ပြီး သူတို့စီးလာသောကားပေါ် ပြန်တက်ကာ ဦးစောအိမ်ဘက် မောင်းထွက်သွားကြသည်။ ဦးစောက သတင်းသိချင်၍ စောင့်နေသည်။ အောင်ပြီ...အောင်ပြီ ဟု မောင်စိုးနှင့် သက်နှင်းတို့က အော်ဟစ်ကြသည်။ ဦးစောက ဣနြေ္ဒမပျက်နေကြရန် သူ့တပည့်များကို သတိပေးသည်။ ထိုနေ့ညနေ ၃ နာရီခွဲတွင် လုံခြုံရေးရဲများ ဦးစောအိမ်သို့ရောက်လာပြီး တစ်ခြံလုံးကို ၀ိုင်းထားလိုက်ကြသည်။ တစ်အိမ်လုံး မြေလှန်ရှာဖွေပြီး လက်နက်ခဲယမ်း မီးကျောက်များကို ပါသိမ်းယူကာ လူ ၃၀ ကိုဖမ်းဆီး၍ အင်းစိန်အကျဉ်းထောင်သို့ ချက်ချင်းပို့လိုက်သည်။ နောက်သုံးရက်ကြာမှ ဦးစောအဖွဲ့မှ အချို့ကို အင်းစိန်ထောင်၌ ဆက်ချုပ်ပြီး အချို့ကို ရန်ကုန်မြို့တွင်း ဘားလမ်းအချုပ်၌ ခွဲချုပ်ထားခဲ့သည်။ အရေးပေါ်ကိစ္စဖြစ်၍ နေ့ညစစ်ဆေးရာ အဦးအစတွင် လိမ်ညာထွက်ဆိုသည်။ နောင် အသားနာလာမှ တစ်စတစ်စ အဖြစ်မှန် ထွက်ဆိုခဲ့သည်။ ဘညွန့်နှင့် ခင်မောင်ရင်တို့က နိုင်ငံတော်သက်သေ အခွင့်အရေးများကိုတောင်း၍ လုပ်ကြံမှုကြီးကို အကုန်ဖော်ခဲ့သည်။ သစ္စာဖောက်တို့ သွားရာလမ်း ဦးစောတို့အဖွဲ့ လုပ်ကြံမှုမှာ ကမ္ဘာကသိသော မှုခင်းကြီးတစ်ခုဖြစ်ရာ ဘုရင်ခံချုပ် ဒေါ်မန်စမစ်ကလည်း ထိထိရောက်ရောက် အရေးယူရန်၊ တိကျမှန်ကန်စွာ စစ်ဆေးပေးရန် အကြံပြု၍ အထူးရာဇ၀တ် ခုံရုံးတစ်ခုကို ၃၀-၈-၁၉၄၇ ရက်တွင် ဖွဲ့စည်းပေးခဲ့လေသည်။ ခုံသဘာပတိအဖြစ် ဟိုက်ကုတ်တရားသူကြီး ဦးကျော်မြင့်ကဆောင်ရွက်၍ အဖွဲ့ဝင်များအဖြစ် ဦးအောင်သာကျော်နှင့် ဦးစီဘူးတို့က ဆောင်ရွက်ကြသည်။ ဤအမှုကို ဘုရင်မင်းမြတ်နှင့် ဦးစော၊ မောင်စိုး၊ သက်နှင်း၊ မောင်စိန် (ခ) စိန်ကြီး၊ ရန်ကြီးအောင် (ခ) လှထွန်း၊ သုခ၊ ခင်မောင်ရင်၊ မောင်နီ၊ မှုန်ကြီး (ခ) မောင်မှုန်တို့ အမှုဟု မှတ်တမ်းဖွင့်ခဲ့သည်။ ၁၉၄၇ ခုနှစ် အောက်တိုဘာ ၈ ရက်တွင် အမှုကို စတင်စစ်ဆေးပါသည်။ တရားခံဘက်မှ သက်သေတစ်ရာမျှ ပြခဲ့သော်လည်း ခုံရုံးက အရေးကြီးသက်သေများကို ရွေးစစ်သည်။ ရန်ကုန်ပုလိပ်မင်းကြီး ဦးချိန်ကလည်း အမှုကိုကောင်းစွာ တည်ဆောက်ကာ တရားခံများ ဖမ်းဆီးရမိပုံကို အသေးစိတ် ထွက်ဆိုခဲ့၏။ ဦးစောက သူ့အတွက် မစ္စတာဗတ်နီ (Vertanes) နှင့် အင်္ဂလန်မှ ကားတစ်ဘားနက် Curtis Barnet စသော နိုင်ငံခြားရှေ့နေကြီးများကို ငှားသည်။ နောက်လိုက်များအတွက် သာယာဝတီအုတ်ဖိုမှ ဦးစံဝင်း၊ ဦးသိန်းမောင်တို့ကိုသာ ငှားပေးရာ ခင်မောင်ရင်၊ စိန်ကြီးတို့က မကျေနပ်ပေ။ တရားလိုပြအဖြစ် အတွင်းဝန် ဦးတင်အုန်းကို စစ်ဆေးရာ ဦးတင်အုန်းက ဦးစောအဖွဲ့ ဆောင်ရွက်မှုများကို အသေးစိတ် ထွက်ဆိုခဲ့ပါသည်။ ဖော်ကောင်ဘညွန့်က ဦးစော၏ အစီအစဉ် ညွှန်ကြားဆောင်ရွက်မှုများကို မထိမ်မချန် ထွက်ဆိုခဲ့၏။ ဦးစောမှာ လုံးဝလွတ်လမ်း မရှိတော့ပေ။ သို့အတွက် သူက ဒေါက်တာဘမော်နှင့် သခင်ဗစိန်ကို သက်သေပြသေးသည်။ သူ၏ အဓိကထွက်ဆိုချက်မှာ သူသည် ဗိုလ်ချုပ်ကိုလုပ်ကြံရန် ဘယ်တုန်းကမှ မရည်ရွယ်ကြောင်း၊ သူ့တွင် တပည့်များသဖြင့် AD လမ်းအိမ်ဝိုင်းအတွင်း အ၀င်အထွက် အသွားအလာများကာ တပည့်အချို့ ဆောင်ရွက်ခြင်းဖြစ်၍ သူ့တွင်အပြစ်မရှိဟု လျှောက်လဲ၏။ သို့တစေ ရုံးတော်က လက်မခံပါ။ ၃၀-၁၂-၁၉၄၇ တွင် နောက်ဆုံးစီရင်ချက်ချသည်။ (စီရင်ချက်-ရာဇသတ်ပုဒ်မ ၃၀၂(၁) (ခ) အပိုဒ် (၃၄) အရ ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသဖြင့် သက်နှင်း၊ မောင်စိုး၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ကို မသေမချင်း လည်ပင်းကြိုးကွင်းစွပ်သတ်စေ။ အလားတူ ဦးစော၊ သုခ၊ ခင်မောင်ရင်၊ မှုန်ကြီးနှင့် မောင်နီတို့အား ပုဒ်မ ၃၀၂ (၁)(ခ) အပိုဒ် (၁၀၉) အရ ပြစ်မှုထင်ရှားသဖြင့် ကြိုးပေးသတ်စေဟု စီရင်ချက်ချခဲ့သည်။ ဦးစောက သူ့အမှုကို သမ္မတကြီးထံ အသနားခံစာ တင်သေးသည်။ ပယ်ချခြင်းခံရပြီး ၈-၅-၁၉၄၈ ရက်တွင် လုပ်ကြံသူများဖြစ်သော ဦးစော၊ သက်နှင်း၊ မောင်စိုး၊ မှုန်ကြီးတို့ကို အင်းစိန်ထောင်ကြီးအတွင်း၌ လည်းကောင်း၊ ရန်ကြီးအောင်၊ စိန်ကြီးတို့ကို ရန်ကုန်ထောင်ကြီးအတွင်း၌ လည်းကောင်း ကြိုးပေးကွပ်မျက်ခဲ့သည်။ နိုင်ငံတော် သစ္စာဖောက်သူတို့မှာ လောကတွင်မကောင်း၊ သံသရာတွင် မကောင်းဖြစ်ကာ ငရဲဘုံတွင် အမှန်ပင် ခံစားကြရပေတော့မည်။ ကျမ်းကိုး -နီငြိမ်း၏မှတ်စုများ -မြန်မာ့ရေးရာသုတပဒေသာ (ပြန်ကြားရေးဝန်ကြီးဌာနထုတ်) -ဗိုလ်ချုပ်အတ္ထုပ္ပတ္တိ (ပိဋကတ်တိုက်) (ဗိုလ်ချုပ်၏ရုပ်အလောင်းကို ရဲဘော်များ သယ်လာစဉ်)
17/7/2014 ၁၆.၇.၂၀၁၄ ရက်နေ.ယနေကျင်းပသော ပြည်ထောင်စု.လွတ်တော် ပထမအကြိမ် ဒသမပုံမှန်အစည်းအဝေး (၉)ရက်မြှောက်နေ.သို အမျိုးသားဒီမိုကရေစီအဖွဲချုပ်ဥက္ကဌ ..
13/7/2014 အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ယနေ့နံနက် ပခုက္ကူမြို့ လူထုဟောပြောပွဲ မြင်ကွင်များ
7/10/2014 ကိုရွှေမန်းရေ....သိပ်လေမပန်းနဲ့..ခင်းများတို့ဘောင်ဘီဝတ်လိုက် ချွတ်လိုက်နဲ့ လုပ်နေတာ ဘယ်ဥပဒေပုဒ်မလဲဆိုတာ အရင်လွှတ်တော်မှာစည်းဝေးပါ၊ အဲဒီဥပေဒကို ထုတ်ပြန်ပြီးရင် လူထုကိုကြောညာပါ။ လူထုက ၊ လူလိမ်မဟုတ်ဘူး၊ ခင်ဗျားတို့လူထုကိုလိမ်နေတာ နှစ်ဘယ်လောက်ရှိနေပြီလဲဆိုတာစဉ်းစားတာကြည့်၊ ဘာသာရေးအရပြောရရင် မုသာဝါဒကြောင့် ဘယ်နှစ်ကြိမ်းငရဲကျမလဲဆိုတာ ကိုယ်ကိုသိ၊ ကိုယ်ငမိုက်သားတို့ရေ၊ ခင်ဗျားတို့လူညာတွေ တိုင်ပြည်နဲ့လူမျိုးအပေါ်ဘယ် နှစ်ကြိမ် ဘယ်နှစ်ခါ ရှိနေပြီလဲ၊ ပြည်သူတွေလဲ သွေးပင်လယ်ဝေ...တိုင်းပြည်လဲဖွတ်တက်ပြီးပြီ..ဖွတ်တက်နေပြီ။ ခင်ဗျားတို့ပါတီ ကြော်ငြာတာပြသနာမဟုတ်.ကြိုက်သလိုကြော်ငြာ.. ....ပြည်သူလိုချင်တာ...ရွေးကောက်ပွဲသန့်ရှင်းမှု...ကမ္ဘာကပါ မှန်ကြောင်းလက်ခံရမယ်။ မညစ်ကြေး..။ လေသိပ်ကျယ်ရင် ခင်ဗျားတို့အားလုံး ရိုးသားစွာ ပြိုင်ရဲလားလို့မေးခွန်းမေးစရာရှိတယ်။ ပြည်သူလက်မခံတာ ပီအာရ်....။မိုးကျရွှေကိုယ် တမတ်ဖိုးအပိုင်စီး နားလှည့် ပါးရိုက်မှု။ ပြည်သူကစိန်ခေါ်မှုကိုလက်ခံပါတယ်...ပြည်သူကတိမ်ပေါ်အထိလိုက်ဖို့အသင့်...သန့်ရှင်းမှုသာရှိပါစေ...။ ..............နောက်ဆုံးတချက် ကိုရွှေမန်း....အောင်သောင်း နဲ့ ဌေးဦးတို့ကို ပြောချင်တာ ညစ်စုတ်ယုတ်ကန်းတဲ့နည်းတွေနဲ့တော့ပြည်သူ့ရှေ့တက်မလာနဲ့.....ကျုပ်တို့..ပြည်သူကနွားမဟုတ်ဘူး...ခွပ်ဒေါင်းဆိုတာလဲ လဒမဟုတ်ဘူး။သဘောပေါက်။
7/9/2014 ဂျပန်နိုင်ငံ တောင်ပိုင်း ကျွန်းစုတွေကို နီရိုဂရီ Neoguri တိုင်ဖွန်း မုန်တိုင်း ဝင်ရောက် တိုက်ခတ်ခဲ့တာကြောင့် အဲဒီ ဒေသက လူ ၅ သိန်းကျော်လောက်ကို နေအိမ် စွန့်ခွာပြီး ဘေးကင်းရာ ရွှေ့ပြောင်းကြဖို့ အာဏာပိုင်တွေက တိုက်တွန်းထားပါတယ်။ တစ်နာရီ ကီလိုမီတာ ၂၀၀ ကျော်နှုန်း ရှိတဲ့ လေပြင်းတွေ အိုကီနာဝါ ကျွန်းစုကို တိုက်ခိုက်ခဲ့ပြီး မိုးသည်းထန်စွာ ရွာသွန်းနေပါတယ်။ ...အဲဒီဒေသမှာ လှိုင်းလုံးကြီးတွေ ၁၄ မီတာ လောက်အထိ မြင့်တက်နိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒ အေဂျင်စီက သတိပေးထားပါတယ်။ တိုင်ဖွန်း မုန်တိုင်းဟာ စတင် အားပျော့နေပြီ ဖြစ်ပေမယ့် မိုးသည်းထန်နေဆဲ ဖြစ်လို့ မြေပြိုမှုတွေ ဖြစ်နိုင်ပြီး ရုတ်တရက် ရေကြီးမှုတွေ ဖြစ်နိုင်တယ်လို့ တိုကျိုမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ အဲဒီဒေသမှာ လေကြောင်း ခရီးစဉ်တွေ ဖျက်သိမ်းခဲ့ရပြီး ရေကြောင်းလမ်း တွေကိုလည်း ပိတ်ထားခဲ့ရကာ နေအိမ် ထောင်သောင်း များစွာမှာလည်း လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။ အမေရိကန် အစိုးရကလည်း အိုကီနာဝါ ကျွန်းမှာ ရှိတဲ့ အမေရိကန် စစ်စခန်းကနေ သူတို့ရဲ့ လေယာဉ် တချို့ကို ရွှေ့ပြောင်းထားဖို့ အမိန့်ပေးထားပါတယ်။ http://www.bbc.co.uk/burmese/world/2014/07/140708_japan_typhoon.shtml
7/7/2014 နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ၂ဝ၁၄ ခုနှစ်၊ ဇွန်လ (၈) ရက်နေ့ တနင်္ဂနွေနေ့မှ စတင်၍ ၄၂ ရပ်ကွက်ကြီးအား “အမှိုက်ကင်းစင်ဇုံ စံပြရပ်ကွက်” အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိပါ သည်။ အပတ်စဉ် တနင်္ဂနွေနေ့ နံနက် (၇းဝဝ) နာရီအချိန်ဆိုရင် အသင်းရုံးချုပ်၌ အသင်းသား/သူများ၊ ပရဟိတလူငယ်မောင်/မယ်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းရေးအတွက် စိတ်အားထက်သန်ကြသူများ ရောက်ရှိလို...့နေကြပါပြီ။ ကမ္ဘာမြေကို ထိန်းသိမ်းဖို့အတွက် နာရေးကူညီမှု အသင်း(ရန်ကုန်)သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားမှုအဖြစ် အမှိုက်ကောက်ခြင်း၊ ပေါင်း မြက်များရှင်းလင်းခြင်း၊ အမှိုက်များအား စနစ်တကျ စွန့်ပစ်နိုင်ရန် သတ်မှတ်အမှိုက်ပုံးများ စီစဉ်ဆောင်ရွက် သတ်မှတ်နေရာများတွင် ထားရှိပေးခြင်းတို့ကို ဆောင်ရွက်ပေးလျှက်ရှိပြီး ပြည်သူလူထုအများတို့နှင့်အတူ ပူးပေါင်းပါဝင် ဆင်နွှဲခဲ့ကြသည်။ ထို့အပြင် နိုင်ငံဂုဏ်ဆောင် အလှမယ်များဖြစ်သော နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါ၊ မော်ဒယ် ထွန်းကိုကို တို့အပြင် "သုခအလင်းပညာဒါန"မှ တက္ကသိုလ်ဝင်တန်း ကျောင်းသား/သူ များနှင့် “မြို့မ” လူမှုကူညီရေးအသင်း (မှော်ဘီ)၊ “မိတ်ဆွေကောင်း” နာရေးကူညီမှုအသင်း (တ/ဒဂုံ)၊ “ပုညကာရီ” နာရေးကူညီမှုအသင်း(မင်္ဂလာဒုံ)၊ နာရေးကူညီမှုအသင်း(ဒလ)၊ “မွန်မြတ်သူ” လူမှုကူညီရေး အသင်း (မရမ်းကုန်း)၊ “အာဃုသုခ” နာရေးကူညီမှုအသင်း (ရွှေပြည်သာ)၊ (၃၉) လူငယ်များအဖွဲ့ (မ/ဒဂုံ)၊ “မာဃလုလင်” လူမှုကူညီရေးအသင်း (မ/ဒဂုံ)၊ ထ/၁၆ ရပ်ကွက် ပရဟိတနာရေးကူညီမှုအသင်း (ရွှေပြည် သာ)၊ “ဗြဟ္မဝိဟာရ” အသင်း(အင်းစိန်) တို့ပါ တတ်ကြွစွာဖြင့် လိုက်ပါ၍ စုပေါင်းကုသိုလ်ပြုခဲ့ကြသည်။ ထိုသို့အမှိုက်ကောက် မြက်ရှင်းရာတွင် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြန်သည်။ မြက်ရိတ်စက်ဖြင့် မြက် များရှင်းလင်းစဉ် အသင်းသားများ ကိုအောင်မျိုးဦး သည် မျက်လုံးအား ကျောက်ခဲစစင်၍ ထိမှန်ပြီး အရေးပေါ် ဆေးကုသခဲ့ရသလို လုံခြုံရေးဝန်ထမ်း ကိုစည်သူလင်း သည်လည်း ညာခြေသလုံး၌ စည်းကမ်း မဲ့စွာ စွန့်ပစ်ထားသော သံချောင်းစထိမှန်၍ ခြေသလုံးတွင်းသို့ စိုက်ဝင်ခဲ့၍ အရေးပေါ် ခွဲစိတ်ကုသမှုအား ပြုလုပ်ခဲ့ရသည်။ ထိုကဲ့သို့ အခက်အခဲများကြားမှ သဘာဝပတ်ဝန်းကျင် သန့်ရှင်းရေးအား အများပြည်သူ ကျန်းမာရေးအတွက် ဆက်လက်၍ ကိုယ်ကျိုးမငဲ့ ဆောင်ရွက်ပေးဆပ်နေကြသည်။ ထို့ကြောင့် မိဘပြည်သူများအနေဖြင့် မိမိတို့ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး၊ မိမိတို့ မိသားစုနှင့် ပတ်ဝန်းကျင် ကျန်းမာရေးတို့အတွက် အန္တရာယ်ရှိ အမှိုက်များအား စည်းကမ်းမဲ့စွာ စွန့်ပစ်ခြင်းမှ ရှောင်ရှား ကြစေလိုပါသည်။ မိမိတို့နိုင်ငံ၊ မိမိတို့မြို့တော်၊ မိမိတို့ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပခြင်းအတွက် သဘာဝပတ်ဝန်းကျင် ချစ်မြတ်နိုးကြသော လူမှုရေးအဖွဲ့အစည်းများ၊ မြို့နယ်စည်ပင်သာယာအဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်အား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရင်း အမှိုက်တွေကို “သူတို့” ရှင်းလိမ့်မယ်လို့ ပြောရမယ့်အချိန် မဟုတ်တော့ပါဘူး။ “သူတို့” ဆိုတာ မရှိပါဘူး။ “ငါတို့” ပဲရှိပါတယ်။ မိမိတို့ရင်ထဲမှ မိမိတို့ နိုင်ငံနှင့်လူမျိုးအား အမှန်တကယ် ချစ်မြတ်နိုးကြောင်း ပြသကြပါစို့ဟု တပ်လှန့် နှိုးဆော်လိုက်ရပါတော့သည်။
7/4/2014 မန္တလေးမြို့ကို အခြေပြုပြီး ဘာသာရေးပဋိပက္ခတွေ ပိုမိုကြီးမားကျယ်ပြန့်လာစေရန်... အကြံဖြင့် ရေကြည်အိုင်နဲ့ရဲမွန် မှာစွမ်းအားရှင် 20000 နှစ်သောင်းလောက်ကို ဖျက်ဆီးရေးသင်တန်းပေးနေ By BBCသတင်းထောက်ဦးကျော်စိုးဟိန်းBBCသတင်းထောက်တစ်ယောက်ကသတင်းပေးပို့ တာလေး ကိုပြန်လည်မျှဝေတာပါ ယခင်ဗိုလ်မူးချုပ်ဟောင်းခင်ညွှန့်လက်ထက်က စွမ်းအားရှင်တွေကို သင်တန်းပေးတဲ့နေရာတွေဖြစ်တဲ့ ရေကြည်အိုင်နဲ... See More ကျွန်တော်တို့ BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေး ပြန်လည်မျှဝေခြင်း..BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေးကို ပြန်လည်မျှဝေတာပါ ယခင်ဗိုလ်မူးချုပ်ဟောင်းခင်ညွှန့်လက်ထက်က စွမ်းအားရှင်တွေကို သင်တန်းပေးတဲ့နေရာတွေဖြစ်တဲ့ ရေကြည်အိုင်နဲ့ရဲမွန် မှာစွမ်းအားရှင် 20000 နှစ်သောင်းလောက်ကို ဖျက်ဆီးရေး သင်တန်းပေးနေပါတယ်လို့ကြားသိရပါတယ် ဆက်လက်ပြီး ကြားသိရတာကတော့ အဲ့ဒီဖျက်ဆီးရေးသင်တန်းဆင်း စွမ်းအားရှင်တွေဟာ မိထ္တီလာမှာဖြစ်ပွားခဲ့တဲ့ ဘာသာရေးပဋိပက္ခမှာလဲသူတို့ကိုလူအင်အား 2000ခန့်စေလွှတ်ခဲ့တယ်လို့ သိရပါတယ် အခုလက်ရှိ မန္ထလေးမြို့မှာကို အခြေပြုပြီး ဘာသာရေးပဋိပက္ခတွေ ပိုမိုကြီးမား ကျယ်ပြန့်လာစေရန်အကြံဖြင့်လူအင်အား200ခန်ကိုစေလွှတ်ပြီး လူံဆော်သွေးထိုးနေတယ်လို့လဲ သတင်းပေးပို့လာပါတယ်ဒီသတင်းတွေကိုအခြေခံသုံးသပ်ပြီးသိလိုက်ရတာကတော့မြန်မာနိုင်ငံရဲလက်ရှိဦးသိန်းစိန်အစိုးရဟာနောက်ကြောင်းပြန်လှည့်လိုနေတာသိသာထင်ရှားလာပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေးအထိကရုဏ်းတွေ ပဋိပက္ခတွေဟာ သမ္မတဦးသိန်းစိန် ပြည်ပခရီးစဉ်ထွက်ခွာသွားတဲ့ အချိန်မှာပဲဖြစ်ပွားနေတာကို တွေ့ရပါတယ် ဒါဟာတိုက်ဆိုင်မူလား ? ကြိုတင်ကြံစဉ်မူလား ? ဆိုတာကိုတော့တိကျစွာ မသိရသေးပါဘူး.....မြန်မာပြည်သူပြည်သားတွေ အနေနဲ့ကလဲငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးဘာသာရေးပဋိပက္ခတွေမဖြစ်ပွားလာအောင်ဝိုင်းဝန်းကြိုးစား ပေးကြဖို့လို့ တိုက်တွန်းလိုက်ပါတယ်... ဦးကျော်စိုးဟိန်း ကျွန်တော်တို့ BBC သတင်းထောက်တစ်ယောက်က သတင်းပေးပို့တာလေး ပြန်လည်မျှဝေခြင်း..
3/7/2014 ကျပ်သုံးသောင်းကျသင့်ကာ အချိန် ၁၂ နာရီကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲမည် ကျပ် ၃၀၀...၀၀ ကျသင့်ကာ အချိန် ၁၂ နာရီ ကြာမြင့်မည့် ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ်ကို Yangon Air Bus-Taxi ကုမ္ပဏီမှ အဲကွန်းနှစ်ထပ် ဘတ်စ်ကားဖြင့် ၂၀၁၄ ခုနှစ်တွင် စတင်ပြေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ "ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ပြေးဆွဲပေးမှာ ဖြစ်ပါတယ်။ လက်မှတ်ခ အနေနဲ့ကတော့ တစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာဖြစ်ပြီး နိုင်ငံခြားသားဆိုရင် အမေရိကန်ဒေါ်လာ ၄၀ ကျသင့်မှာ ဖြစ်ပါတယ်။ ခရီးစဉ်ကို လိုက်ပါမယ့် ခရီးသည်တွေ အနေနဲ့ နိုင်ငံကူးလက်မှတ် လိုအပ်မှာ ဖြစ်ပါတယ်။ မြ၀တီကို ရောက်ရင်တော့ Free Visa အတွက် ဘတ် ၅၀ ပေးသွင်းရမှာ ဖြစ်တယ်။ Free Visa နဲ့ဆိုရင် ရက်ပေါင်း ၄၅ ရက်လောက် ထိုင်းမှာနေလို့ရမှာပါ။ နိုင်ငံကူးလက်မှတ် မပါဘူး။ Free Visa မလုပ်တဲ့ ခရီးသည်တွေက မဲဆောက်မှာ ခရီးဆုံးမှာ ဖြစ်ပါတယ်" ဟု Yangon Air Bus-Taxi လိုင်းသစ်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးဇွန်မောင်မောင်က ပြောကြားသည်။ ခရီးစဉ်တွင် အသုံးပြုမည့် အဲကွန်းနှစ်ထပ် ဘတ်စ်ကားများကို ကိုရီးယားနှင့် ဂျပန်နိုင်ငံရှိ ခရီးသည်တင် ဘတ်စ်ကားထုတ် ကုမ္ပဏီများမှ တင်သွင်းရောင်းချသည့် ကားများကို ပြန်လည်ဝယ်ယူ ထားခြင်းဖြစ်ပြီး ခရီးသည် ၁၂၀ စီးနင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ ရန်ကုန်-ဘန်ကောက် နေ့ချင်းရောက် ခရီးစဉ် ပြေးဆွဲရာတွင် (၁) ရန်ကုန်-ဘားအံ-မြ၀တီ-မဲဆောက်-ဘန်ကောက်ခရီးစဉ်၊ (၂) ရန်ကုန်-ထားဝယ်-ထီးခီး-ကန်ချနာပူရီ-ဘန်ကောက်ခရီးစဉ်၊ (၃) ရန်ကုန်-ထားဝယ်-မြိတ်-မောတောင်-ပရာကျွတ် ခရီးစဉ်၊ (၄) ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်း-ရနောင်း-ဟိုင်းဂျိုင်း-ပီနန်-ကွာလာလမ်ပူ ခရီးစဉ်၊ (၅) ရန်ကုန်-နေပြည်တော်-မန္တလေး-လားရှိုး-မူဆယ်-ရွှေလီ-ယူနန်-ကူမင်း ခရီးစဉ်၊ (၆) ရန်ကုန်-နေပြည်တော်-မန္တလေး-မုံရွာ-ကလေး-တမူး-မိုးရေး-အင်ဖာလ်ခရီးစဉ်နှင့် (၇) ရန်ကုန်-နေပြည်တော်-မန္တလေး-တောင်ကြီး-ကျိုင်းတုံ-တာချီလိတ်-ချင်းမိုင်-ဘန်ကောက်ခရီးစဉ်ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ ခရီးစဉ်ကို ရန်ကုန်မြို့ ကမ်းနားလမ်းရှိ ကျန်းမာရေးဆိပ်ကမ်း ကားဝင်းမှ နံနက် ၆ နာရီ စတင်ထွက်ခွာမည်ဖြစ်ပြီး ဘားအံမြို့သို့ နံနက် ၁၀ နာရီ၊ ကော့ကရိတ်မြို့သို့ နံနက် ၁၁ နာရီ၊ မြ၀တီမြို့သို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မွန်းလွဲ ၂ နာရီတွင် ထွက်ခွာမည်ဖြစ်ပြီး ဘန်ကောက်မြို့သို့ ည ၆ နာရီတွင် ရောက်ရှိမည်ဖြစ်ပြီး ခရီးစဉ်အတွက် စုစုပေါင်းအချိန် ၁၂ နာရီ ကြာမြင့်မည်ဖြစ်ပြီး တစ်ရက်ခြားစီ ပြေးဆွဲမည်ဟု သိရသည်။ (ခရီးစဉ်ပြေးဆွဲမည့် နှစ်ထပ်ဘတ်စ်ကားအား တွေ့ရစဉ်) Eleven Media Groupမှဖော်ပြသည်
2/7/2014 စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့တွင် ဇွန်လ ၆ ရက်နေ့က ဟိုတယ် အခန်းခများ ဈေးနှုန်း မြင့်မားသောကြောင့် တည်းခိုနိုင်ခြင်း မရှိဟုဆိုကာ ပြင်သစ်နိုင်ငံသားတစ်ဦး ဆန္ဒပြမှု ဖြစ်ခဲ့ကြောင်း အောင်ရတနာ ဟိုတယ်လုပ်ငန်းရှင် ဦးအေးဖေက ပြောကြားသည်။ ယင်းပြင် သစ်နိုင်ငံ သားသည် ကလေးမြို့ မင်္ဂလာဥယျာဉ် ရပ်ကွက်ရှိ အောင်ရတနာ ဟိုတယ်သို့ နံနက် ၈ နာရီခန့်က ရောက်ရှိခဲ့ပြီး တစ်ရက် တည်းခိုခ အမေရိကန်ဒေါ်လာ ၂၀ သည် တည်းခိုခ ဈေးနှုန်း မြင့်မားသည်ဟု ဆိုကာ ဟိုတယ်ရှေ့ရှိ “နိုင်ငံခြား သားများကို ကူညီစောင့်ရှောက်ပါ” ဟု ရေးထားသည့် ဆိုင်းဘုတ်အောက်တွင် ဖျာခင်း၍ နေခဲ့ကြောင်း ၎င်းက ပြောဆိုသည်။ “တခြား ဟိုတယ်တွေကို မေးပြီးမှ ကျွန်တော့်ဟိုတယ် ရောက်လာတယ် ပြောတယ်။ ဟိုတယ်ခက ကျွန်တော်တို့ ပေးတဲ့ ဝန်ဆောင်မှုနဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းပါ။ ဘယ်နိုင်ငံခြားသားမဆို ဒီဈေးပဲ” ဟု ၎င်းက ရှင်းပြသည်။ မြစ်ကြီးနားမှတစ်ဆင့် မန္တလေး၊ ထိုမှတစ်ဆင့် ကလေးမြို့သို့ ကုန်းလမ်းခရီးဖြင့် ရောက်ရှိခဲ့သူ ဖြစ်ကြောင်း၊ ထိုမြို့များတွင် တစ်ည တည်းခိုခမှာ အမေရိကန်ဒေါ်လာ ၈ ဒေါ်လာ (ရှစ်ထောင်ကျပ်) ခန့်သာ ရှိကြောင်း၊ ကလေးမြို့တွင်မူ ဈေးနှုန်း မြင့်သောကြောင့် တည်းခိုနိုင်ခြင်း မရှိ၍ ယခုကဲ့သို့ နေခြင်းဖြစ်ကြောင်း ဆန္ဒပြသည့် ပြင်သစ်နိုင်ငံသား Mr. FACQUES CUILLAUME JEAN CLAUDE က ပြောကြားသည်။ ချင်းပြည်နယ်သို့လည်း ဆက်လက် သွားရောက်မည် ဖြစ်ပြီး မြန်မာနိုင်ငံသို့ အလည်လာရောက်ခြင်း ဖြစ်ကြောင်း၊ ချင်းတောင်သို့ သွားရောက်ရန်အတွက် ကလေးမြို့တွင် တည်းခိုခြင်း ဖြစ်ရာ ဟိုတယ်ခ ဈေးကြီးသဖြင့် ညမအိပ်နိုင်သောကြောင့် ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ ညှိနှိုင်းပေးချက်ဖြင့်သာ တည်းခိုခဲ့ရကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အောင်ရတနာ ဟိုတယ်ပိုင်ရှင်နှင့် ညှိနှိုင်းကာ နေထိုင်ရေး အဆင်ပြေစေရန် စီစဉ်ပေးခဲ့ကြောင်း ကလေးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းဇော်က ပြောကြားသည်။ ယင်းသို့ ညှိနှိုင်းပေးခြင်းနှင့် ပတ်သက်၍ “တစ်ယောက်ကို ဈေးလျှော့ပြီး တည်းခိုင်းလိုက်တယ် ဆိုရင် နောက်ထပ် ဒီလိုမျိုး ဖြစ်လာမှာ စိုးရိမ်တယ်” ဟု အောင်ရတနာ ဟိုတယ်ပိုင်ရှင် ဦးအေးဖေက ညည်းတွား ပြောဆိုသည်။ ဟိုတယ်များ၏ တည်းခိုခ ဈေးနှုန်း သတ်မှတ်ချက်မှာ လုပ်ငန်းရှင်များနှင့်သာ သက်ဆိုင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန အနေနှင့် နိုင်ငံခြားသား အဝင်အထွက်သာ စာရင်းပြုခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ကလေးမြို့နယ် မြို့နယ်ဦးစီးအရာရှိ ဦးခိုင်မွန်က ပြောကြားသည်။ ကလေးမြို့တွင် တည်းခိုခဈေးနှုန်း ကြီးမြင့်သည်ဟု ဆိုကာ လာရောက် တည်းခိုသူများ ဆန္ဒပြမှု မရှိခဲ့သောကြောင့် ယခုဖြစ်ရပ်သည် ကလေးမြို့တွင် ပထမဆုံး ဖြစ်ကြောင်း၊ နိုင်ငံခြားသား တစ်ဦးလျှင် တစ်ည တည်းခိုက အမေရိကန်ဒေါ်လာ ၃၀ သတ်မှတ်ထားကြောင်း ကလေးမြို့တွင် နိုင်ငံခြားသားအများစု အဓိကတည်းခိုရာ ဟိုတယ်ဖြစ်သည့် တောင်ဇလပ်ဟိုတယ် မန်နေဂျာက ပြောကြားသည်။
2/7/2014 မန္တလေးမြို့ ၂၆ လမ်းနှင့် ၈၂ လမ်းထောင့်တွင် အဓိကရုဏ်း နှိမ်နှင်းရေး ရဲများကို လူအုပ်က ခဲဖြင့် ပစ်ပေါက်ရာ ရဲတဦး ဒဏ်ရာရရှိကြောင်း သတင်းရရှိပါသည်။၄၀၀ ခန့်ရှိ လူအုပ်နှင့် ရဲများကို ခဲများဖြင့် ပစ်ပေါက်အပြီး ၈၄ လမ်းဘက် ဆုတ်ခွာသွားကြောင်း၊ လုံခြုံရေးအခြေအနေ စိတ်မချရသေးကြောင်း၊ ၈၃ လမ်းနှင့်၂၅-၂၆ လမ်းကြား...မှ လူနာတင်ဆောင်လာသော အရေးပေါ်လူနာတင်ယာဉ် ထွက်သွားသည်ကို မြင်ရကြောင်းလည်း သတင်းရရှိသည်။ လူအုပ်ထဲတွင် ဘုန်းတော်ကြီးများကို မြင်ရကြောင်းလည်း သိရသည်။ ။ အဓိကရုဏ်းမှာ သစ်ထူးလွင်ဝက်ဘ်ဆိုက်တွင် ရေးသားဖော်ပြထားသော ဆန်းကဖီး လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဘာသာခြားများက ဗုဒ္ဓဘာသာဝင် ဆိုင်အလုပ်သမတဦးကို အဓမ္မကျင့်သည်ဟူသော သတင်းမှ စတင်ခဲ့သည်။ အမှုနှင့် ပတ်သက်၍ ရဲက အတည်ပြုချက် မပေးသေးဘဲ ယင်းသတင်းပြန့်နှံ့လာအပြီး လူအုပ်ဖြင့် အပြန်အလှန် တိုက်ခိုက်မှုများကို ကာကွယ်ရန် ရဲအင်အား ၁၀၀ ခန့် ချထားခဲ့သည်။