30/6/2014 ပန်သစ္စာ - ဖလားဝါးနယူးစ်ဂျာနယ် အတွဲ(၁၀)၊ အမှတ် (၂၅)။ ကလေး၊ ဇွန် ၂၇- ချင်းတောင် ကလေး ဒေသနှင့် အထက်ချင်းတွင်းဒေသတွင် မြေ ပေါ်မြေအောက် သယံဇာတများ ထုတ်ယူနေ သောကုမ္ပဏီများကြောင့် ချင်းတောင်ကလေး ဒေသနှင့် အထက်ချင်းတွင်းဒေသတွင် သဘာဝရေမြေတောတောင်များ ပျက်စီးမှုကြီး မားလာနေပြီး ယခုနှစ်တွင် မြန်မာနိုင်ငံအပူ ပြင်းဆုံးမြို့တစ်မြ...ို့အဖြစ်ပင် သတ်မှတ်ခံနေ ရပြီဖြစ်ရာ မြေပေါ် မြေအောက်သယံဇာတ တူးဖော်ထုတ်လုပ်ခြင်းနှင့် ကျောက်မီးသွေး သုံးလျှပ်စစ်စက်ရုံ တည်ဆောက်ရေးကိစ္စ ကို အပြင်းထန်ဆုံး ကန့်ကွက်သွားမည်ဖြစ် ကြောင်း ကလေးမြို့ရှစ်လေးလုံးအင်အားစု မှ ဆရာဦးသောင်းရွှေက ပြောသည်။ ''ကျွန်တော်တို့ကတော့ ရှင်းရှင်း လေးပဲ သဘာဝတောတောင် လေထုရေထု မြေထု ပျက်စီးပျောက်ကွယ်မယ့်ကိစ္စ၊ အခု ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံ တည် ဆောက်မည့်ကိစ္စ အပြင်းထန်ဆုံး ကန့်ကွက် ပါတယ်။ လွန်ခဲ့တဲ့ ဆောင်းကာလတုန်းက လဲ ထွန်းသွင်ကုမ္ပဏီက ကလေးမြို့မှာလာ ပြီး လျှပ်စစ်စက်ရုံ တည်ဆောက်ပေးမယ် လို့လာပြောတော့ ကျွန်တော်တို့က သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သက်ပြီး မေးတယ်။ ဘာမှ ရေရေရာရာဖြေမသွားဘူး။ လျှပ်စစ်စက်ရုံ တည်ဆောက်ပေးမယ်ဆိုတဲ့ စင်ကာပူက ပုဂ္ဂိုလ်ကလဲ တောပြောတောင် ပြော ပြောသွားတယ်''ဟု ကလေးမြို့ဒေသခံ ကိုကျော်သူစိုးက ပြောသည်။ ''ပလူစာဝရွာအနီးတွင် လျှပ်စစ် ဓာတ်အားပေးစက်ရုံတည်ဆောက်ရန် စီစဉ် နေသောထွန်းသွင်ကုမ္ပဏီသည် ပြီးခဲ့သည့် နှစ်ပိုင်းက ကလေးမြို့ဒေသခံများနှင့် လျှပ်စစ်စက်ရုံ တည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့သော်လည်း ဒေသခံတို့ ၏ ဆွေးနွေးမှုကို ဂရုပြုမှုမရှိသည့်အတွက် ဆွေးနွေးပွဲ ပျက်စီးခဲ့ရကြောင်း မြို့မိမြို့ဖ တစ်ဦးကပြောသည်။ ''သူတို့က ပွင့်ပွင့်လင်းလင်းဘာမှ မရှိဘူး။ အခု ကျောက်မီးသွေးထုတ်တယ်။ သစ်ထုတ်တယ်၊ ရွှေထုတ်တယ်။ သူတို့သူဌေး ဖြစ်သွားတယ်။ ကျွန်တော်တို့ဒေသမှာ အခွံ ကျန်ခဲ့တယ်။ အခု ကျွန်တော်တို့ဒေသမှာ တောတွေပျောက်ပြီ၊ တောင်တွေပျောက် ပြီ။ ဘာကျန်လဲ၊ တောင်ခေါင်းတုံးနဲ့ပျက်စီး ယိုယွင်းနေတဲ့ ရေမြေကျန်တယ်။ သူတို့ ရောက်လာပြီး အခြေချသွားတဲ့ဒေသတစ် ဝိုက်က အကျင့်ပျက်ခဲ့တဲ့လူငယ်တွေ ကျန် တယ်။ အခု လက်ရှိအလုပ်သမားတွေကို ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေးစောင့် ရှောက်မှု ဘာမှလုပ်ပေးတာမရှိဘူး။ ရှုံး ကျန်မှာက ဒေသခံတွေပါ'' ဟု သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိသူတစ် ဦးကပြောသည်။ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝ မြို့နယ်အနီးတွင်ဆောက်လုပ်မည့် ကျောက် မီးသွေးသုံး ဓာတ်အားပေးစက်ရုံနှင့် ပတ် သက်၍ မဂ္ဂါဝပ် ၆ဝဝ ရှိသော ကျောက်မီး သွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို ထွန်းသွင်ကုမ္ပဏီနှင့် နိုင်ငံခြားကုမ္ပဏီတစ်ခု တို့တည်ဆောက်နိုင်ရေးအတွက် တိုင်းဒေ သကြီးအစိုးရနှင့် သဘောတူညီမှုရထားသည် ဟုဆိုသည်။ ယခုအခါ ပြည်ထောင်စုအစိုးရ ထံဆက်လက်တင်ပြထားကြောင်း သိရသည်။ Yangon Media Group
30/6/2014 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှ...င့် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြုလုပ်သော ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ယနေ့ ဇွန်လ ၂၈ ရက်နေ့၊ ၂ဝ၁၄ ခုနှစ်က ဧရာဝတီတိုင်းဒေသကြီး၊ ငသိုင်းချောင်းမြို့နယ် အုပ်စုခွဲ၊ အမျိုးသားခန်းမ၌ နံနက် ၁ဝ နာရီ တွင်ကျင်းပပြုလုပ်ခဲ့ရာ ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဝင်းမင်းထွန်း၊ ကိုအောင်အောင်ကျော် တို့ သွားရောက်ခဲ့ကြသည်။ အခမ်းအနားမှူးအဖြစ် ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုအောင်အောင်ကျော် မှ ဆောင်ရွက်ခဲ့သည်။ အခမ်းအနားတွင် ပုဒ်မ ၄၃၆ အဘယ်ကြောင့်ပြင်ဆင်သင့်ကြောင်း ကို ဥပဒေဆိုင်ရာ ရှုထောင့်မှ ငသိုင်းချောင်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းရေးမှူးဦးစိန်မှတ်က ရှင်းလင်းပြောကြား ခဲ့သည်။ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ် ရေးထိုး လှုပ်ရှားမှုတွင် ပြည်သူများ ပူပေါင်းပါဝင်ရန် ဆွေးနွေးဟော ပြောမှုကို ၈၈ မျိုးဆက်( ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီ၊ ဧရာဝတီတိုင်းေ ဒသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဒေါက်တာတင်မင်းထွဋ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ဧရာဝတီတိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ လှမြတ်သွေးနှင့် အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးမန်းဂျော်နီတို့က ဟောပြော ဆွေးနွေး ခဲ့ကြပြီး အခမ်းအနားကို နေ့လည် ၁၂းဝဝ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
29/6/2014 သမ္မတဦးသိန်းစိန် သုံးသိန်းလောက်ကိုတံစို့လက်ဆောင်ပေးတာကတော့ လာဘ်ပေးတယ်လို့မခေါ်ဘူးတဲ့ အခုကြည့်ဒီအတိုင်းပဲ လက်ဝါးထဲကိုကိုင်ပြီး ပြည်တန်ကျောက်တစ်လုံးလောက်လက်ထဲကိုထည့်ပေးလိုက်တာကတော့ လာဘ်ပေးတာမဟုတ်ပါ ဘူး လက်ဆောင်ပေးတာဆိုပဲ…..ဘယ်သူကို ပေးတယ်ဆိုတာကတော့ ဓာတ်ပုံကိုတာကြည့်ကြပါ။ မရိုးသားတဲ့လက်နဲ့လုပ် ပြီးရင်မဟုတ်တာကိုပါးစပ်ကဟုတ်တယ်ပြော ရှားတယ်နော် မြန်မာနိုင်ငံကခေါင်းရှောင်တွေက ဟဲဟဲ …. ဒီလို့ခေါင်းချောင်တွေ ကမ္ဘာမှာနံပတ် (၁)အဆင့်ရှိတယ် ကောင်းတာပြောတာမဟုတ်ဘူး မကောင်းတာပြောတာနော်ဟီးဟီး …..ပြီးတော့ မဟုတ်တရုတ်ကမြစ်ဆုံ စီမံကိန်း ကိုတောင်စဖို့ ဆွေးနွေးတယ်လို့သိရပါတယ်၊ဘာသာရေးအရပြောရရင် ကံငါး မုသားဝါဒကံရယ်၊ ပြည်သူဥစ္စာခိုးမူက အဒိန္နဒါနကံရယ်ဆိုပြီးကံကြီးတယ်ထိုက်နေတာကတော့လုံးဝငြင်းပယ်လို့မရသလို့ ဒီဘ၀မှာဘယ်လောက်ပဲကုသိုလ်ကောင်းမူတွေလုပ်ပါစေ ငရဲဘုံရောက်မှာကတော့သေချာပြီ booking လက်မှတ်ယူပြီးသား ဖြစ်ပါတယ်. ဘယ်ကုသိုလ်ကမှဒင့်ကို မကူညီနိုင်ပါဘူး။ စားလို့ရတုန်းဝအောင်တာစားထားပေတော့ ဒါပဲပြောချင်တယ်နော်။
29/6/2014 လူ့တန်ဖိုးနဲ့ဂုဏ်သိက္ခာကာကွယ်ပေးရန်အခြေခ့ဥပဒေကို မလွဲမသွေပြင်ဆင်နိုင်ဖို့ပြည်သူအားလုံးတာဝန်ယူပြီး ညီညီညွတ်ညွတ်ပေါင်းကြစို့ရွေးကောက်ခံကိုယ်စားလှယ် ၇၅ ရာခိုင်နူန်းသာရှိတဲ့လွှတ်တော်ထဲမှာ ၇၅ ရာခိုင်းနူန်းကျော်ထောက်ခံမှ အခြေခံဥပဒေပြင်ဆင်လို့ရမယ်ဆိုတဲ့ပုဒ်မ ၄၃၆ ပြည်သူ့ကိုယ်စားလှယ်မဟုတ်တဲ့၂၅ ရာခိုင်နူန်းက မထောက်ခံရင်ပြင်ဆင်လို့မရနိုင်တဲ့ ပုဒ်၄၃၆ လွှတ်တော်ထဲက ၇၅ရာခိုင်နူန်းကျော်ထောက်ခံသော်လည်းပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ထက်ဝက်ကျော်ထောက်ခံမှ ပြင်ဆင်လို့ရမယ်ဆိုတဲ့ ပုဒ်ပ ၄၃၆ အခြေခံဥပဒေကိုလွှတ်တော်ထဲမှာဘယ်လိုမှ ပြင်ဆင်လို့မရနိုင်အောင်လုပ်ထားတဲ့ပုဒ်မ ၄၃၆ နိုင်ငံတကာမှ ဖွဲ့စည်းပုံအခြေခံဥပဒေပညာရှင်များလေ့လာသုံးသပ်ချက်အရ ကမ္ဘာပေါ်တွင် မည်သည့်နိုင်ငံတွင်မျှ ဖွဲ့စည်းပုံအခြေခံဥပဒေလောက်ပြုပြင်ပြောင်းလဲရန် တင်းကျပ်ခက်ခဲသော ဖွဲ့စည်းပုံအခြေခံဥပဒေမရှိပါ။ မည်သည့်နိုင်ငံတွင်မှ ရွေးချယ်တင်မြှောက်ခြင်းမခံရသော ကိုယ်စားလှယ်များ သဘောတူညီချက်မရှိလျှင်ပြင်ဆင်၍ မရနိုင်ဟူသော ဖွဲ့စည်းပုံအခြေခံဥပဒေဟူ ၍မရှိပါ။ ထိုကြောင့်ဒီမိုကရေစီစံနူန်းစံထားများနှင့်ကိုက်ညီစေရန်လည်းကောင်း၊ ၄င်းဒီမိုကရေစီစံနူန်းများအနက် အဓိကဖြစ်သော ပြည်သူဆန္ဒကိုလေးစားခြင်းဟူသောမူကို ခိုင်မြဲစေရန်လည်းကောင်း ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၃၆ ကို အမြန်ဆုံးပြင်ဆင်ရန်ဖြစ်ပါသည်။ မှတ်ချက်။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လမ်းနေတယ်ဆိုရင်သမ္မတမှစပြီး ၀န်ကြီးအားလုံးလက်မှတ်ရေးသင့်ကြောင်း အကယ်၍လက်မှတ်မထိုးဘူးဆိုရင်ဖြင့် တကယ့်ဒီမိုကရေစီကိုလမ်းကြောင်းကိုလျှောက်နေတာမဟုတ်ကြောင်းလိမ်ပညာနေသောဒီမိုကရေစီသာဖြစ်ပါကြောင်းရဲရဲတင်းတင်းရေးသားဖော်ပြအပ်ပါတယ်။
29/6/2014 အသုံးမ၀င်တော့တဲ့ ခေတ်စနစ်တွေနဲ့ ဥပဒေကိုအမျိုးမျိုးအဖုန်ဖုန်နဲ့လူထုခြားရေးဆွဲလုပ်ပြနေသော်လည်း ယခုမြင့်တွေ့ရတာဟာ ဘယ်အတွက် ဘာအတွက်တွေ ရေးဆွဲပြီးလုပ်နေကြတယ်ဆိုတာကို ဟော့ဒီလျှပ်စစ်ဓာတ်တိုင်ကဓာတ်ပုံက လွှတ်တော်နဲ့ အခြေခံဥပဒေကိုသက်သေပြနေပါတယ်။ ဓာတ်တိုင်ကိုကြည်ရှင်းနေတာပဲနော် အခြားသောနိုင်ငံတွေမှာတောင် ဒီလိုမျိုးဓာတ်အားလိုင်းတွေမလုပ်တတ်ဘူး၊ မလုပ်တတ်လို့မြန်မာနိုင်ငံမှာရှိတဲ့အင်ဂျင်နီယာတွေကို ငှါးထားတယ်လို့ကြားတယ်။ ဓာတ်တိုင်အကြောင်းအရာကို လွှတ်တော်မှာဆွေးနွေးနေတယ်ကြားတယ် အဲဒါကတော့ဒီထက်ရှုပ်တဲ့နည်းလမ်းကို အဖြေရှာနေကြပါတယ်လို့ နေပြည်တော်ရှိ လွှတ်တော်အကြံပေးအရာရှိတစ်ယောက်ကပြောပါတယ်။အဖြေရှာပြီးရင် ကမ္ဘာအနှံ့အဲဒီနည်းပညာကို ဖြန့်မယ်လို့သိရပါတယ်။ ဓာတ်တိုင်က ဓာတ်ကြိုးတွေပြုတ်ကြလို့ လူတွေသေတာလဲမနည်းတော့ဘူး၊ လမ်းဘေးမှာဈေးရောင်းတဲ့ဈေးသည်ရယ်၊ ကားဂိတ်မှာရပ်ပြီး ကားစောင့်ရင် အရင်ဆုံးကိုယ်ခေါင်းပေါ်က ၀ါယားဓာတ်ကြိုး ဘယ်ကိုခြေလမ်းနေတယ်ဆိုတာ အရင်ကြည့်ပါလို့သတိပေးရေးသားခြင်းဖြစ်ပါတယ်။ လသားလေးမြန်မာနိုင်ငံက ဒီမိုကရေစီနော် အချိန်ကုန် ဆံဖြူသွားကျိုးနားထိုင်း မျက်စီကန်းနဲ့ အလဿအချိန် တွေကုန်သော်လည်း ဘာမှမထူးခြားတဲ့ ကြည့်သွား၊ကြည့်စား ပြည်သူများကို လျှပ်စစ်စွမ်းအင်ကဏ္ဍ နှင့် ပတ်သက်၍ မြန်မာနိုင်ငံအ တွက် အဓိက ပြင်ဆင်ရမည့်ပြဿနာမှာ ခေတ်နောက်ကျနေ သော လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးနည်းစနစ်များနှင့် ဟောင်း နွမ်းသော ဓာတ်ကြိုးများကြောင့် နှစ်စဉ်ပျောက်ဆုံးသွားသော လျှပ် စစ်ဓာတ်အားပြဿနာကို ဦးစား ပေး ဖြေရှင်းရမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးနှင့် စွမ်းအင်အကြံပေးက ပြောကြားလိုက်သည်။
28/6/2014 ဆေးနည်းကတော့- ၁။ သင်္ဘောသီးအစိမ်းတစ်လုံးကို ထိပ်ပိုင်းနေရာမှ ကြက်ဥတစ်လုံးစာခန့် ပိုင်းဖြတ်လိုက်ပါ။ အတွင်းမှ အစေ့များကိုလည်း မထုတ်ပဲ ထားပါ။ ၂။ ကြက်ဥကို အလုံးလိုက် ထည့်လိုက်ပါ။ (သဘာဝကြက်ဥ၊ တောကြက်ဥ ဆိုလျှင် ပိုကောင်းပါသည်) ၃။ ပိုင်းဖြတ်ထားသည့် အပိုင်းဖြင့် ပြန်အုပ်လိုက်ပါ။ သူ့အစေးနှင့်သူ ပြန်ကပ်ပါသည်။ ပိုပြီး စိတ်ချချင်လျှင် ရွံ့ စေးများဖြင့် အုပ်ပေးထားနိုင်ပါသည်။ ၄။ ၄င်းသင်္ဘောသီးကို မီးဖိုထဲမှာ မီးဖုတ်ပေးပါ။ ပျော့အိပြီး အတွင်းမှ ကြက်ဥ ကျက်သွားသည့်အထိ ဖုတ်ပါ။ ၅။ ပြီးလျှင် အခွံကို ခွါချလိုက်ပြီး အတွင်းမှ ကြက်ဥကို စားရမှာဖြစ်ပါတယ်။ သင်္ဘောသီးကိုတော့ လွင့်ပစ်ပါ။ တစ်ပတ်ကို(၁)ကြိမ်နဲ့(၃)ပတ်ခန့်စားပေးပါကဒူးနာ၊ခါးနာများ သက်သာပျောက်ကင်း သွားပါလိမ့်မယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုသလို လက်တွေ့ပျေက်ကင်းနိုင်သည့် သဘာဝကုထုံးဆေးနည်းလေးမိုပြန်လည်မျှဝေပေးလိုက်ရပါတယ်။ =================== စောနွဲ့ နေဆိုင်(ပူတာအို)
28/6/2014 မြန်မာပြည်တွင် e-Visa စနစ်ကျင့်သုံးရန်အတွက် ပြည်ပအခြေစိုက် နည်းပညာ ကုမ္ပဏီများ လုပ်ငန်းလုပ်လိုပါက လဝကဝန်ကြီးဌာနထံ ဆက်သွယ်ဖို့ကြော်ငြာရန်တောင်းခံ ထားကြောင်း သတင်း ရရှိပါတယ်၊ကျနော်တို့မြန်မာနိုင်ငံမှာလိုင်းကားစီးရင်နဲ့ပြောနေကြတဲ့စကားသံလေးနော်…..မြန်မာနိုင်ငံဟာ လသားဒီမိုကရေစီပဲရှိသေးတယ်ဆိုပဲ…. ကျနော်ကတော့ အဲဒီလို့မမြင်တော့ဘူး ရှင်းရှင်းပဲမြင်တယ်။ နိုင်ငံတော်က ဘာမှမလုပ်ပေးတာကိုလသားလို့မထင်ပါကြောင်း အသက်ည၆၇ နှစ်တောင်ရှိပြီဆိုတော့ လသားတော့မဖြစ်နိုင်တာသေချာနေပါပြီ ဒါကို လသားလို့ခေါ်နေထင်နေကြရင်တော့ ကိုယ်ရဲ့ဖထွေးဖြစ်ကုန်တော့နော် သို့သော် လုပ်ပေးနိုင်စွမ်းတွေရှိသော်လည်း လာမည့်နှစ် ၃၀ ကျော်လောက်ဖြစ်မယ်လို့ သိရပါတယ်ဗျာ၊ အဲဒါအနည်းငယ်ပဲနော် အခုပဲကြည့်လေ ဦးသိန်းစိန်အစိုးရတက်လာတာ ၅ နှစ်ပြည့်တော့မယ် ဘာတွေများပြောင်းလဲဆိုရင်မြို့လယ်ခေါင်ပလက်ဖောင်းပေါ်မှနဲ့လမ်းဘေးမှာဈေးတယ်တွေပြည့်နေတာ တွေတွေ့ရလို့ တိုးတက်တာအမှန်ပဲလို့ပြောတာထင်ပါတယ်။ ပြောချင်းတာကတော့ အာရှနိုင်ငံတွေမှာ E-Visa နဲ့သွားနေတာကြာနေပါပြီ မြန်မာနိုင်ငံမှာကအခုမ လ၀က ၀န်ကြီးများဆိုသူက အခုမှ အမှီးကို မီးလောင်လို့ ထအော်ပြီး connection ချိတ်တုန်း သူခိုးပြေးမှ လခွမ်းချမ်းကိုင်နေတုန်းပဲ။ မြန်မာပြည်ဒီမိုကရေစီ လသားလေးတွေ အမွေးဖြူနေပြီ လသားလုပ်ချင်နေ တုန်းပဲ ဟဲဟဲဟဲ ယုံရင်တော့ ပြည်သူတွေ နောက်ထက် နှစ်ပေါင်း၆၀ ခံသွားရမယ်နော်။ မြန်မာနိုင်ငံမှာ E-Visa စနစ်ကို ဘာဖြစ်လို့မကျင့်သုံးလဲဆိုတာရှင်းပြရင် ဒီမိုကရေစီလသားတွေပျင်းသွားမှာစိုးလို့ E-visa စနစ်ဟာ လူမပင်ပန်း၊ ငွေမကုန်၊ အချိန်မကုန်တဲ့ NET လေးတစ်ခုပါ အဲဒါကို လက်ဝါကြီးအုပ်ပြီးလုပ်နေကြတာတော့ တရားမျှတတယ်ပြောမလား။ အခု ကြည့် ထိုင်းနိုင်ငံကိုသွားမယ်ဆိုရင် ထိုင်းသံရုံးရှေးမှာထီးဆောင် ဟိုမတ်တတ် ဒီမတတ်နဲ့စောင့်နေကြရတယ်။ စင်္ကာပူသံရုံးလဲဒီအတိုင်းပဲ လမ်းဘေးမှာထီးဆောင်းစောင့်နေရတာ ဟာဘယ်လောက်ဒုက္ခများလဲစဉ်းစားတာကြည့် အိမ်နီးချင်းနိုင်ငံမှာတော့ သံရုံးတွေထဲဝင်သွားရင် အဲယားကွင်းနဲ့ အေးအေးဆေးဆေးထိုင်စောင့်ရတာ လူနဲ့ပါတယ်။ ကျနော်တို့နိုင်ငံမှာ ဒီအဆင့်မရှိတာရှင်းပါတယ်နော် အခု လ၀က ၀န်ကြီးများက လမ်းဘေးမှာရပ်စောင့်ရတာကို သနားလို့ ပြည်သူ၊ ပြည်သားတွေကိုစေတနာထားပြီး ဒုက္ခတွေက လွတ်အောင် အဲယားကွန်းအောက်မှာ လွယ်ကူအောင် အခု E-Visa စနစ်ကို နိုင်ငံတကာနှင့်အညီလုပ်ပေးတော့မယ်လို့ဝ%နူန်းယုံကြည် ပါကြောင်းရေးသားတင်ပြအပ်ပါသည်။
28/6/2014 အိန္ဒိယနိုင်ငံ၊ ကျားထိန်းသိမ်းရေး ဘေးမဲ့ဥယျာဉ် တစ်ခုတွင် ငါးမျှားနေသူ တစ်ဦးအား ကျားတစ်ကောင်က လှေပေါ်ထိ ခုန်တက်လာကာ သတ်ဖြတ် ဆွဲယူသွားခဲ့ကြောင်း သိရှိရသည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းရှိ ဆွန်ဒါဘန်စ် ကျားထိန်းသိမ်းရေး စခန်းတွင် ဆူရှီလ်မက်ဂ်ျဟီသည် သားနှင့်သမီးတို့ကို ခေါ်ယူကာ လှေတစ်စင်းဖြင့် ချောင်းထဲတွင် ငါးဖမ်းထွက်ခဲ့သည်။ ဇွန်လ(၂၆)ရက်နေ့က ဖြစ်ရပ်တွင် ဆူရှီလ်သည် ဘေးမဲ့စခန်းအတွင်းရှိ ကန့်သတ်ထားသော ဧရိယာထဲသို့ လှေကို မောင်းနှင်ဝင်ရောက်ကာ ငါးဖမ်းခဲ့သည်။ အနောက်ဘင်္ဂလား ပြည်နယ်ရှိ ဘေးမဲ့စခန်းထဲတွင် ငါးမျှားနေစဉ် ကျားတစ်ကောင်သည် လှေအနီးမှ ရေထဲမှ ရုတ်တရက် ပေါ်လာကာ ဖခင်ဖြစ်သူကို ခုန်အပ်ပြီး ရွှံ့ထဲသို့ ဆွဲချကာ ပျောက်ကွယ်သွားကြောင်း ဆူရှီလ်၏ သားဖြစ်သူ ဂျိုတစ်ရှ် မက်ဂ်ျဟီက သတင်းထောက်များအား ပြောကြားခဲ့သည်။ ဒေသခံ ရဲတပ်ဖွဲ့သည် တောထဲတွင် ဖြန့်ကျက်ရှာဖွေမှုများ ပြုလုပ်နေသော်လည်း ဇွန်လ(၂၈)ရက်နေ့ နံနက်ပိုင်းထိ ဆူရှီလ်၏ အလောင်းကို ရှာမတွေ့သေးချေ။ ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ဒေသတွင် ရှိသော ကျားထိန်းသိမ်းရေး နယ်မြေကို (၈)ပေ အမြင့်ရှိသည့် တံတိုင်းခတ်ထားသော်လည်း အိန္ဒိယကရော၊ ဘင်္ဂလားဒေ့ရှ်ကပါ သီးခြားလုံခြုံရေး စောင့်ကြပ်မှု မရှိချေ။ အနီးအနားရှိ ရွာသားများသည် ကန့်သတ်ထားသော နေရာများသို့ ဝင်ရောက်၍ ငါးဖမ်းခြင်း၊ ပျားဖွပ်ခြင်းများ ပြုလုပ်လေ့ရှိသည်။ “နယ်နိမိတ် အပိုင်းအခြားကို စပြီးချိုးဖျက်တာ ကျားတွေမဟုတ်ဘူး။ လူတွေပဲ”ဟု ဆွန်ဒါဘန်စ် စခန်းမှ လက်ထောက် ကွင်းဆင်း ညွှန်ကြားရေးမှူး ကီရှော်မန်ကာက ပြောကြားခဲ့သည်။ “ကန့်သတ်နေရာကို မသွားကြဖို့ ငါးဖမ်းသူတွေကို ကျွန်တော်တို့ သတိပေးထားခဲ့တယ်။ ဒါပေမဲ့ လူတွေက ညွှန်ကြားချက်တွေကို ဘယ်တော့မှ မလိုက်နာဘူး”ဟုလည်း ၎င်းက ဆိုသည်။ ဆွန်ဒါဘန်စ်တွင် မျိုးသုဉ်းလုနီးပါး ဖြစ်နေသည့် ဘင်္ဂလားကျားများကို ထိန်းသိမ်းမွေးမြူထားသည်။ သာမန်အားဖြင့် အဆိုပါ စခန်းမှ ကျားများသည် ကန့်သတ်ဧရိယာကို ကျော်လွန်လာမှု မရှိသလောက် ရှားပါးပြီး အကယ်၍ လူ့ပတ်ဝန်းကျင်အနီးထိ ရောက်ရှိလာပါကလည်း လူများကို အန္တရာယ် ပြုရန်ထက် ဆိတ်များကိုသာ ဖမ်းယူသွားတတ်ကြောင်း သိရှိရသည်။ http://www.7daydaily.com/story/14387
27/6/2014 ပခုက္ကူမြို့နယ် မှာ ပခုက္ကူမြို့အနောက်ဖက် ၂မိုင်ခန့်အကွာ စံပယ်ကုန်းကျေးရွာ လေးပါဧရာဝတီမြစ်ရေကြောင့် ကမ်းပြိုတဲ့သဘာဝဘေးနဲ့ ကြုံတွေ့နေရတာပါ ဧရာဝတီတံကြီးအရှိန်နဲ့ မြေကွက်ဈေးတွေကလဲ ခေါင်ခိုက်နေတာမို့ လက်လုပ်လက်စားအများစုမို့ မြေနေရာမ၀ယ်နိုင်တာကြောင့် လမ်းကျဉ်းကျဉ်းဘေးမှာ ပုံထားကြတာကိုတွေ့ခဲ့ရပါတယ်။ ကမ်းပြို မြင်းတစ်ပြေး ဆိုတဲ့အတိုင်း တနေ့ကို အိမ် သုံးလုံး လေးလုံး စသည်ဖြင့် အလျင်အမြန် ဖျက်ပုံနေကြရပါတယ် သက်ဆိုင်ရာနဲ့ အခြားကယ်ဆယ်ရေးများရဲ့အကူအညီကိုလိုအပ်နေပါသဖြင့် ကူညီပေးကြပါရန် ရန်ကုန်က အားတဲ့ အဲဒီသောက်ရူးအဖွဲ့ အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို ဧရာဝတီမြစ်ရေကြောင့် ကမ်းပြိုတဲ့သဘာဝဘေးနဲ့ကြုံတွေ့ရတဲ့ စံပယ်ကုန်းကျေးရွာမှာ အလုပ်ကြမ်းနဲ့အရေးယူထားတယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။
27/6/2014 မြန်မာနိုင်ငံရဲတပ်ဖွဲ့ဟာ ၃ နှစ်အတွင်း အနှိပ်ခန်းနဲ့ ကေတီဗွီ၊ လောင်းကစားဒိုင်တွေမှာ လာဘ်ပေးလာဘ်ယူ လုပ်တာ အပါအ၀င် ရဲတပ်ဖွဲ့ စည်းမျဉ်းစည်းကမ်း ချိုးဖောက်သူ အရာရှိ ၄၃၃ ယောက်နဲ့ အခြားအဆင့် ၂၁၂ ယောက်၊ စုစုပေါင်း ၆၄၅ ယောက်ကို အရေးယူခဲ့တယ်လို့ ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။ ဇွန်လ ၂၇ ရက် ကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ အမရပူရအမတ် ဦးသိန်းထွန်းဦးက အနှိပ်ခန်းတွေ ကေတီဗွီတွေကို ဘယ်လို အရေးယူနေသလဲ၊ လိုင်းကြေးယူတဲ့ ရဲတွေကို ဘယ်လို အရေးယူနေသလဲ မေးတာကို သူက ခုလို ပြန်ဖြေခဲ့တာပါ။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဟာ ၂၀၁၃ ခုနှစ်မှာ ကေတီဗွီ ၂၅ မှုနဲ့ တရားခံ ၈၄ ယောက်၊ ၂၀၁၄ ဇွန်လ အထိ ၁၁ မှုနဲ့ တရားခံ ၂၃ ယောက် အရေးယူခဲ့တယ်လို့ ဆိုပါတယ်။ အနှိပ်ခန်း အမှုတွေအဖြစ် ၂၀၁၂ ခုနှစ်မှာ ၆၁ မှု၊ တရားခံ ၅၁၁ ယောက်၊ ၂၀၁၃ မှာ ၇၈ မှု၊ တရားခံ ၇၉၀ နဲ့ ၂၀၁၄ ဇွန်လအထိ ၆၆ မှု၊ တရားခံ ၄၂၄ ယောက် ဖမ်းဆီးအရေးယူခဲ့တယ်လို့ ဒုဝန်ကြီးက ရှင်းပြခဲ့ပါတယ်။ By ဒီဗွီဘီ
27/6/2014 မြန်မာနိုင်ငံဟာ ယခင်စစ်အာဏာရှင်လက်ထက်က ဖုန်းဆင်းကဒ်တွေကို မတရားအဓမ္မဈေးတင်ရောင်းချကိုယ်ကျိုးလောဘတွေရှာဖွေလုပ်ခဲ့ကြသည်။ထို့ကြောင့် မြန်မာပြည်သူများဟာအရမ်းကိုသနားစရာကောင်းတယ်။ ၁၅၀၀တန်ရောင်းချတော့လည်း မဲစနစ်နဲ့ မတ်တတ်ရပ်တန်းစီး မဲပေါက်မှ ၄င်းဆင်းကဒ်ကို ကိုင်ရပါတယ်။ ဒါတယ်မကသေးဘူး တစ်လကို ၅၀၀၀ မသုံးရင်ဖုန်းပိတ်မယ်ပြောလို့ ဆင်းဒုက္ခတွေကြားက ငွေကဒ်ဖြည့်ဖို့ရတာအမော်ပဲ၊ အဲဒါဘယ်လောက်ကလိမ်ကကျစ်ကျပြီး ဘယ်လောက်ဒုက္ခပေးလဲစဉ်စားတာကြည့် ကံသုံးပါးကိုယုံကြည်တယ်ဆိုရင် ၀ဋ်ဆိုတာ လည်တယ်နော်။ ဒီဘ၀ကောင်းစားပေမယ့် နောင်းဘ၀မှာသူတောင်းစားတောင်မဖြစ်ဘူးလို့ တရားဓမ္မတွေထဲမှာဖတ်ရပါတယ်။ မကောင်းတဲနည်းမျိုးစုံနဲ့ လုပ်နေတဲ့ခရုနီများကို သန်၆၀ကျော်ပြည်သူတွေက ပြန်ပြီး ဆုပေးဒဏ်ပေးစနစ်ကို ရောက်လာမှာအမှန်ပါပဲ။ စင်္ကာပူ၊ မလေးရှား၊ထိုင်း နိုင်ငံစသည့် နိုင်ငံများကိုသွားတဲ့ အသွားအပြန်လေယာဉ်လတ်မှတ်နဲ့စားသောက်စရိတ်လောက်ပေးရတယ်။ အဲဒါ ဘယ်နိုင်ငံမှာမ မရှိဘူးနော်ဒီလိုဖုန်းတွေရောင်းစားတာ….ဟာဟာဟာ။ အော် ဖုန်းနည်းပညာမထွင်တတ်လို့သာ ထွင်တတ်ရင် နိုင်ငံခြားတိုင်းပြည်ကို ဖုန်းတစ်လုံးကို ဒေါ်လာ ၅၀၀၀ လောက်ရောင်းမှ အရင်းလောက်ပဲကျန်မယ်ပြောအုံးမှာ ဟားဟားဟား …အော်လောဘ..အော်လောဘ၊ လောကနဲ့လောဘဆိုတာ သေသွားခဲ့ရင်တော့ ငရဲကြီး ၈ ထပ်ဆိုတာကြားဖူးတယ် ငရဲကြီး ၈ ထပ်ထဲမှာပါတဲ့ ဘုံလေးကိုကြည့်ကြရအောင် ခွေးတွေဟာငရဲဘုံနော် သေချာပြန်လည်စဉ်းစားကြနော် ဟဲဟဲ….ငရဲကို မယုံသူတွေလုပ်ကြပေါ့.။ ကျနော်တို့နိုင်ငံဟာ သိသိကြီးနဲ့လိမ်ညာ ညစ်ပတ်စုတ်ပြတ်နေသောအခြေခံဥပဒေကို အရေကြိုသောက်သူတွေ ရှိလို့လားဆိုတာမေးခွန်းရှိတယ်။ အဲဒီဥပဒေက အမှန်တကယ်လိုက်နာကြရဲ့လား ကျပ်သိန်း၂၀၊ ကျပ်သိန်း၁၅ ကနေပြီး ကျပ်၂သိန်း ၊ကျပ်၂သိန်းကနေ ကျပ် ၁၅၀၀ ဆိုပြီး အဆင့်ဆင့် မုသာဝါဒတွေ သုံးပြီးလုပ်လာကြတာ ယခု အခါ overseas ဆိုပြီးလုပ်ပြန်ပြီ ရယ်စရာတော့ကောင်းနေပြီ ရွှေမြန်မာတို့ရေ ကျနော်ဖော်ပြခဲ့တဲ့နိုင်ငံတွေမှာ ဆိုရင် မြန်မာနိုင်ငံကို ပြန်တာနဲ့ပဲဖုန်းဆင်းကဒ်တွေအလကားတောင်ပေးခဲ့ကြပါတယ်။ ကျနော်တို့နိုင်ငံကတော့ ၁၅ သိန်းတန်၊ ၁၀ သိန်းတန်၊ ၂သိန်း တန်၊ ၁၅၀၀တန် ဆင်းကဒ်များကိုတော့ ပျောက်မည်စိုးသောကြောင့် တယုတယနဲ့သိမ်းထားကြရပါတယ်။မြန်မာနိုင်ငံတော်သမ္မတကြီးသည် ၄င်းအကြောင်းအရာကို မသိလေရော့သလား၊ အခြေခံဥပဒေများ ရေးဆွဲနေလို့လားဆိုတာ ကျနော်တို့ နားမလည်ပါဘူ။ လိမ်စား၊ ညာစား၊ဗြောင်စား၊ရိုက်စား၊တိုင်စား၊လုစား၊ခိုးစား စသည် ဒီမိုကရေစီ ရွှေမြန်မာကွ လုပ်ကြ၊ အတ္တကင်းစင် ဒီလွင်ပြင်ကနေ ဟိုရေးဒီရေးတွေ့တာကိုအကုန်စွပ်ရေးလိုက်တာနော် ပရိသတ်ကြီးရေ… ဇူလိုင် ၂ ရက်မှစ၍ GSM နှင့် WCDMA မိုဘိုင်းဖုန်းများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ သယ်ဆောင်အသုံးပြုခွင့် ပြုမည် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ GSM နှင့်WCDMA ဖုန်း ကိုင်ဆောင်အသုံးပြုသူများ ပြည်ပနိုင်ငံ ၃၁ နိုင်ငံသို့ မိမိအသုံးပြုနေသည့်ဖုန်းများ သယ်ဆောင်အသုံးပြု ခွင့်ကို ဇူလိုင် ၂ ရက်မှ စတင်ခွင့်ပြုမည်ဖြစ်ကြောင်းကို ဇူလိုင် ၂၆ ရက် ညပိုင်း မြန်မာ့ရုပ်မြင်သံကြားသတင်းတွင် ဖော်ပြခဲ့သည်။ “International Outbound Roaming သွားရောက်သုံးစွဲနိုင်တဲ့ နိုင်ငံပေါင်း ၃၁ နိုင်ငံ ဖြစ်ပါတယ်။ ကျွန်...တော်တို့ရဲ့ မိုဘိုင်းဖုန်းသုံးစွဲသူများအနေနဲ့ Prepaid ဖုန်းရော Postpaid ဖုန်းနှစ်မျိုးစလုံး သုံးစွဲနိုင်မှာဖြစ်ပါတယ်။ Prepaid ဖုန်းများအနေနဲ့ကတော့ Top-Up များကို မိမိဆန္ဒရှိတဲ့အလျောက် ဖြည့်တင်းသွားဖို့ လိုအပ်သလိုTop-Up ကတ်များကို ဝယ်ယူသွားပြီး တခြားအသုံးပြုမယ့် နိုင်ငံမှာ ကုန်သွားလို့ထပ်မံပြီး Top-Up လုပ်မယ်ဆိုရင် ရရှိနိုင်ဖို့ စီစဉ်ဆောင်ရွက်ထားပြီး ဖြစ်ပါတယ်။ Postpaid ဖုန်းအသုံးပြုသူတွေအနေနဲ့ နိုင်ငံတကာလေဆိပ် ဝင်ပေါက် ထွက်ပေါက်များဖြစ်တဲ့ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးများမှာရှိတဲ့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တယ်လီဖုန်းအခွန်ကောက်ခံရေးကောင်တာများမှာ သွားရောက်ပြီး မိုဘိုင်းဖုန်း International Outbound Roaming သုံးဖို့အတွက်ကို ငွေကျပ်ငါးသိန်း ပေးသွင်းရမှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောကြားသည်။ “ဖုန်းခေါ်ဆိုခနှုန်းထားတွေအနေနဲ့ အာဆီယံနိုင်ငံတွေအတွင်းမှာတော့ ဇုန် ၁ ပေါ့၊ တောင်အာရှတိုက်ကိုတော့ ဇုန် ၂၊ အလယ်အာရှတိုက်ကိုတော့ ဇုန် ၃ ၊ ကျန်တဲ့ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက်များကို ဇုန် ၄ ဆိုပြီး ခွဲခြားထားပါတယ်။ အာဆီယံနိုင်ငံတွင်းကနေ မြန်မာနိုင်ငံကို ပြန်ခေါ်မယ်ဆိုရင် တစ်မိနစ် ကို ကျပ် ၃ဝဝဝ၊ တောင်အာရှတိုက်နိုင်ငံတွေကနေ မြန်မာနိုင်ငံကို ခေါ်ဆိုမယ်ဆို ရင် တစ်မိနစ်ကို ကျပ် ၃၅ဝဝ၊ အလယ် အာရှတိုက်ကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်ဆိုပါက တစ်မိနစ် ကျပ် ၄၅ဝဝ၊ ဥရောပ၊ အာဖရိက၊ ဩစတြေးလျ၊ အမေရိကတိုက် တွေကနေ မြန်မာနိုင်ငံကို ဖုန်းခေါ်မယ်ဆိုရင် တစ်မိနစ်ကို ကျပ် ၅ဝဝဝ နှုန်း ကျသင့်မှာ ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ သုံးစွဲသူတွေကို ခေါ်ဆိုမယ်ဆိုရင် ပုံမှန်ပြည်တွင်းမှာ ကောက်ခံနေတဲ့ ခေါ်ဆိုခနှုန်းထားအတိုင်းသာ ခေါ်ဆိုသူက ကျသင့်မှာဖြစ်ပါတယ်”ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ဆက်လက်ပြောကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Outbound Roaming ဝန်ဆောင်မှုကို သုံးစွဲလိုသူများအနေဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းတွင် သုံးရက်ကြိုတင် လျှောက်ထားရမည်ဟု မြန်မာ့ရုပ်မြင်သံကြားသတင်း ဖော်ပြချက်အရ သိရသည်။
26/6/2014 လွန်ခဲ့သော ရာစုနှစ်တွေက ခေါ်ဝေါ်အသုံးပြုကြသည့် ရွှေမြန်မာ စကားလုံးကို ယနေ့ခေတ်မှာတော့ တယ်ကိုမှန်ပြီ ရွှေမြန်မာဖြစ်လို့ စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် မယ် ကုမာရီပေါ့ ပေါ်လာလို့ အောအတော် ဂုဏ်ယူစရာကောင်းပါပေတယ်။ ကျနော်ရွှေမြန်မာနိုင်ငံဟာ နာမည်နဲ့လိုက်တယ် ရွှေခတ်ရောက်လို့မှ မပြရင် ကမ္ဘာ့အလည်မှာနောက်ကျနေမည်သာဖြစ်သည်။ အခုတော့ဖြင့် မြန်မာ့ယဉ်ကျေးမူနဲ့ လိုက်လျောညီထွေလှဲကလေးကိုစီးပြီး စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် ဆိုတော့ အတော်ကို ချမ်းသာနေပြီပဲ ကျနော်တို့ကတော့ ရွှေနိုင်ငံတောင် အိမ်မက် မမက်နိုင်ပါဘူးလို့ ရွှေပုဂံသားတစ်ဦးဆိုပါတယ်။ အကြောင်းအရင်းကတော့ ကျနော်တို့ရွှေပုဂံသားတွေဟာ နေပူကြဲံကြဲမှာ ၀မ်းရေးအတွက် မနည်းလုပ်နေရတဲ့အချိန်မှာ စကြာဝဠာ လေးကျွန်းလုံး ပတ်ပြမယ် မယ် ကုမာရီတွေကို မြင်ရတော့အရမ်းကိုအံ့အားသင့်မိတယ်လိုဆိုပါတယ်။ အခြားသောနိုင်ငံများကတော့ အာကာသကိုသွားကြပါတယ်။ ဒါပေမယ့် လေ့လာစရာဗဟုသုတတွေနဲ့ နည်းပညာတွေကို မြင်ရတွေ့ရပါတယ်။ အခုကျနော်လဲ အာကာသမှာတောင်မမြင်ဘူးတဲ့လှဲယဉ်နဲ့တွေ့ရတွေ့ရတော့ အာကာသ ကလား နတ်ပြည်ကဆင်းလာတဲ့ နတ်သမီးလားဆိုတာ ထင်ယောင်ထင်မှားဖြစ်မိပါတယ်လို့ပြောပြပါတယ်။ အော်ရွှေမြန်မာ ရွှေမြန်မာ ရွှေရှိသူတို့အဖို့ ရွှေမြန်မာ ကမ္ဘာကိုတောင်ပတ်နေပြီနော် ရွှေမြန်မာ။ မယ်စကြ၀ဠာမြန်မာဆုအတွက် စကော်တင် ရွေးချယ်ခံထားရတဲ့ မယ်အယောက် ၂၀ ကို ဟယ်လိုမဒမ် မီဒီယာက ပြည်တွင်းရက်တို လေ့လာရေး ခရီးစဉ်တစ်ခုစီစဉ်ခဲ့ပြီး ခရီးစဉ် တစ်လျှောက်မှာ အလှမယ်များရဲ့ နေထိုင်ပုံကို အမှတ်ပေးပြီး နောက်ထပ်ပြုလုပ်သွားမယ့် ထိုင်းနိုင်ငံ၊ ဖူးခက်ခရီးစဉ်အပြီးမှာ အလှမယ် တစ်ဦးကို ရွေးချယ်ပြီး Thailand Myanmar Firendship ဆုကို ပေးအပ်မှာဖြစ်ပါတယ်။ "ပုဂံကိုရွေးဖြစ်တာကတော့ ပုဂံဆိုတာ မြန်မာရဲ့ အသည်းနှလုံးပါ။ အဲဒီတော့ ဒီခရီးစဉ်က တစ်ဆင့် အလှဓာတ်ပုံတွေ အွန်လိုင်းမှာ တင်တဲ့အခါ နိုင်ငံတကာက မြန်မာရဲ့ အလှအပတွေနဲ့ ဒီနောက်ဆုံး ဆန်ခါတင် အယောက် ၂၀ နဲ့ တွဲသိသွားနိုင်မယ်လို့ စဉ်းစားမိလို့ ရွေးလိုက်တာပါ"လို့ မယ်စကြ၀ဠာမြန်မာ ပွဲစီစဉ်သူတစ်ဦးဖြစ်တဲ့ ဟယ်လိုမဒမ် မီဒီယာ မန်နေဂျင်း ဒါရိုက်တာ ဒေါ်စိုးယုဝေက မြန်မာတိုင်း(မ်)ကိုပြောပါတယ်။ လေ့လာရေးခရီးစဉ်က ရမှတ်များဟာ လာမယ့် ဇူလိုင်လထဲမှာ ကျင်းပပြုလုပ်သွားမယ့် နောက်ဆုံး ပြိုင်ပွဲကြီးမှာ ၅၀ ရာခိုင် နှုန်း အကျုံးဝင်တယ်လို့လည်း ဆိုပါတယ်။ ဇွန် ၂၂ ရက်နေ့က ရန်ကုန်မြို့ကနေ စတင် ခဲ့တဲ့ ဒီခရီးစဉ်ဟာ တစ်ပတ်တာကြာမြင့်မှာ ဖြစ်ပြီး ပုဂံအပြင် ပြင်ဦးလွင်မြို့ကိုလည်း သွားရောက်လေ့လာကြဦးမှာ ဖြစ်ပါတယ်။ "ညီမအတွက် သူငယ်ချင်းတွေနဲ့ ခရီး ထွက်ဖူးတာ ဒါပထမဆုံးပါ။ အခုပါလာတဲ့ အယောက် ၂၀ ကလည်း တစ်ယောက်နဲ့ တစ်ယောက် သိနေတာပဲရှိတာ။ အခုခရီးစဉ်အတွင်းမှာတော့ ညီအစ်မတွေလိုမျိုး ချစ်ချစ်ခင်ခင်လေးဖြစ်သွားပါတယ်" လို့ ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာက ပြောပါတယ်။ နောက်ဆုံးပြိုင်ပွဲကို ဇူလိုင်လ ၂၆ ရက်နေ့မှာ ရန်ကုန်မြို့၊ အမျိုးသားဇာတ်ရုံမှာ ကျင်းပပြုလုပ်သွား မှာဖြစ်ပါတယ်။ ပြိုင်ပွဲကနေ ချီးမြှင့်မယ့် ဆုတစ်ဆုဖြစ်တဲ့ ၾင်် ၤောသက် ဆုအတွက် ပရိသတ်တွေက မဲပေးရွေးချယ် ကြရာမှာ လက်ရှိမှာတော့ ခါးနံပါတ် ၆ ဖြစ်တဲ့ ဇွန်သံစဉ်က ထိပ်ဆုံးမှာ နေရာယူနေပြီး ဒုတိယ နေရာမှာတော့ ယွန်းမီမီကျော်၊ တတိယနေရာမှာ သျှားထွဋ်အိနြေ္ဒ ဖြစ်ပြီး ဇူလိုင်လ ၂၆ ရက်နေ့၊ နေ့လယ် ၁၂ နာရီထိ မဲများကို လက်ခံသွားမှာပါ။
26/6/2014 မြန်မာနိုင်ငံမှာ သတင်းမီဒီယာသမားကို ဥပဒေကြောင်းအရ အရေးယူတဲ့အခါ သတင်းမီဒီယာဥပဒေကလွဲလို့ အခြားဘယ်ဥပဒေနဲ့မှ အရေးယူလို့မရဘူးလို့ နည်းဥပဒေထဲထည့်ရေးတာကို ပြန်ကြားရေးက ကန့်ကွက်ခဲ့သလို လွှတ်တော်ကလည်း ဒီအပိုဒ်ကို ဖြုတ်လိုက်ပါတယ်။ ဒီဥပဒေဟာ မြန်မာစစ်တပ်နဲ့ ရွေးကောက်ပွဲကော်မရှင်အပေါ် သက်ရောက်မှု ရှိနိုင်ပါ့မလား။ သတင်းမီဒီယာသမားတွေကို သတင်းမီဒီယာဥပဒေနဲ့ပဲ အရေးယူရမယ်လို့ ဖော်ပြတာဟာ နစ်နာသူ ကာယကံရှင်ရဲ့ အခွင့်အရေးကို ဥပဒေကြောင်းအရ ကန့်သတ်သလိုဖြစ်နေတာကြောင့် ဖြုတ်ချခဲ့ပေမယ့် ပြဿနာပေါ်ရင် စာနယ်ဇင်းကောင်စီကို အရင်ဆုံး သတိပေးပြီး ကောင်စီက ကြိုတင်ညှိနှိုင်းပေးမယ်ဆိုတဲ့အချက်ကို ထည့်ထားတယ်လို့ ဦးကျော်မင်းဆွေက ရှင်းပြပါတယ်။ သတင်းမီဒီယာဥပဒေရဲ့ နည်းဥပဒေမှာ မြန်မာသတင်းထောက်တွေ သတင်းအချက်အလက်ရယူတဲ့အခါ သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းက ၁၂နာရီအတွင်း သတင်းပေးဖို့ နှောင့်နှေးပျက်ကွက်ရင် အရေးယူလို့ ရတဲ့အချက် ပါဝင်ပေမယ့် ဘယ်လိုအရေးယူမလဲဆိုတာကို လွှတ်တော်က ဖြုတ်ချလိုက်ပါတယ်။ ဒါဟာ အာဏာပိုင်တွေက ပြည်သူကို အစီရင်ခံဖို့ ပျက်ကွက်တယ်ဆိုတာ နားမလည်ကြဘူးလို့ ဇွန် ၂၅ရက်နေ့မှာ ရှင်းလင်းပွဲလုပ်ပြီး ပြောဆိုခဲ့ပါတယ်။ ဌာနဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းတွေ သတင်းထိမ်ချန်ချင်လို့ ထိပ်တန်းလျှို့ဝှက်သတင်းအကြောင်းပြပြီး ရှောင်လွှဲမှာစိုးလို့ ထိပ်တန်းလျှို့ဝှက်ချက်သတင်းရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို ဥပဒေထဲ ထည့်သွင်းထားတယ်လို့ ရှင်းပြပါတယ်။ ဒီသတင်းမီဒီယာဥပဒေဟာ မြန်မာစစ်တပ်အပါအဝင် ရွေးကောက်ပွဲကော်မရှင်အပေါ်မှာပါ သက်ရောက်မှုရှိဖို့ လုပ်သွားမယ်လို့ ဆိုပါတယ်။ ဒီရက်ပိုင်းအတွင်း ပြည်တွင်းပုံနှိပ်မီဒီယာတွေကို ပြည်ထဲရေးက အထူးရဲသတင်းတပ်ဖွဲ့ SB က သတင်းစာ ဂျာနယ်တွေကို ခေါ်ယူမေးမြန်းတဲ့ကိစ္စဟာ မီဒီယာအပေါ် သွယ်ဝိုက်ခြိမ်းခြောက်မှုဖြစ်ပြီး အခြေခံဥပဒေအရ ဒီလို ခေါ်မေးခွင့်မရှိဘူးလို့ ကောင်စီအဖွဲ့ဝင် ဦးဇော်သက်ထွေးက ဆိုပါတယ်။ ကမာရွက် facebookမှဖော်ပြသည်
26/6/2014 မြန်မာနိုင်ငံတွင် အောင်ရွှေသီးကုမ္ပဏီနှင့်ထိုင်းနဲ့ပူးပေါင်း၍ ၁၅၀ ပုဂ္ဂလိကဆေးရုံဆောက်မြန်မာပြည်တွင်ကုတင် ၁၅ဝ ပုဂ္ဂလိကဆေးရုံတစ်ခုနှင့် ဆေးခန်း ၁ဝခုဖွင့်ရန် အောင်ရွှေသီးကုမ္ပဏီနှင့် ထိုင်း Thonburi Hospital အကျိုးတူပူးပေါင်း၍ ဆောက်လုပ်မည်ဖြစ်ကြောင်းသတင်းရရှိပါသည်။ တကယ်တော့ မြန်မာနိုင်ငံမှာ စာမေးပွဲစစ်ရန်ရှိတဲ့ဆရာတွေရယ် မရာမတွေရဲ့အားနည်းချက်ကြောင့် ယခုလို့ မြန်မာနိုင်ငံမှာ ထိုင်းနိုင်ငံနဲ့ပူးပေါင်းပြီး ခရိုနီများစတင်နေပြီဖြစ်ကြောင်း သတိမမူ၊ ဂူမမြင် ဆိုတဲ့ဆိုရိုးစကားရှိသကဲ့သို့ ပြည်သူပြည်သူများအားလုံး သတိရှိရန်နဲ့ လက်ဝါးကြီးလုပ်ငန်းရှင်း အတ္တလောဘ လူတွေကို ယနေ့ ပြောင်းလဲနေသော မြန်မာ့ဒီမိုကရေစီရေစီးကြောင်းရဲ့အနက်သာရက ဘာလဲဆိုတာလူတိုင်းနားလည်သဘောပေါက်ဖို့လိုပါတယ်။
26/6/2014
25/6/2014 ရန်ကုန်ရဲ့ ပထမဆုံး ဆောက်လုပ်ရေးစီမံကိန်းကြီးတစ်ခုဖြစ်လာမယ့် ၂၂ဧကလောက်ကျယ်တဲ့ စစ်ရုံးချုပ်ဝင်းထဲက ဝန်ထမ်းအိမ်ရာနေရာမှာ Dagon City 1 ကို ဒီနှစ်ကုန်မှာ စတင်ဆောက်လုပ်ပါတော့မယ်။ ဘယ်ကုမ္ပဏီက ဘယ်လိုဆောက်မှာလဲ။ နိုင်ငံတကာမှာ နှစ် ၃ဝကျော် အတွေ့အကြုံရှိတဲ့ Marga Landmark ဆောက်လုပ်ရေးက နိုင်ငံတကာအဆင့်မီ Luxury မြို့အဖြစ် ဒီဇိုင်းဆွဲတည်ဆောက်မှာဖြစ်ပြီး ဆိုင်ခန်းတွေ၊ ရုံးခန်းတွေ၊ ကြယ်ငါးပွင့်အဆင့်ရှိတဲ့ ဟိုတယ်နဲ့ လူနေခန်းတွေ ပါဝင်မှာဖြစ်ပြီး အဆောက်အဦးတစ်ခုချင်းစီမှာ Sky Garden ၂ထပ်စီ ထည့်သွင်းသွားမယ်လို့ ပြောပါတယ်။ အင်္ဂလန်၊ ဟောင်ကောင်နဲ့ ကိုရီးယားက ကျွမ်းကျင်သူတွေပါဝင်တဲ့ Global Syndicate Marga Group က ၇ဝ%၊ ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ သုခရတနာက ၃ဝ% အကျိုးတူပူးပေါင်းပြီး အာရှိတိုက်ရဲ့ ထိပ်တန်း City ဖြစ်လာဖို့ ကြိုးစားမယ်လို့ ဆိုပါတယ်။ ရွှေတိဂုံစေတီတော်အရှေ့တောင်ဖက်နဲ့ ဦးထောင်ဘိုလမ်းထောင့်မှာရှိတဲ့ ဒီနေရာမှာ အထပ်မြင့်ဆောက်လုပ်ရေးမှာ စည်ပင်သာယာနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ ပြောပါတယ်။ စီးပွားရေးအရှိန်မြှင့်ဖို့ ကမ္ဘာ့အဆင့်မီ Commercial Complex တွေဖန်တီးပြီး ပြည်တွင်းမှာ အလုပ်အကိုင် ၅ဝဝဝကျော်ကို ဖန်တီးပေးမယ်လို့ ဆိုပါတယ်။ Dagon City 1 စီမံကိန်းမှာ Residential Towers ၄ခုပါဝင်မှာဖြစ်ပြီး ခေတ်မီဗိသုကာနဲ့ မြန်မာရိုးရာ ဒီဇိုင်းတွေ ပေါင်းစပ်ပြီး လိုက်လျောညီထွေဖြစ်အောင် ဆောက်လုပ်မှာဖြစ်ပြီး ခရီးသွားလုပ်ငန်းမြင့်တက်မှု၊ စားသောက်ဆိုင်လုပ်ငန်းကနေ ဝင်ငွေတိုးရဖို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
25/6/2014 ရွှေမြန်မာက မန္တလေး - အင်ဖာ ခရီးစဉ်ကို လာမယ့် သောကြာနေ့မှာ ပြန်လည် ပျံသန်းမယ်လို့ သိရပါတယ်။ အင်ဖာမြို့က အိန္ဒိယမြန်မာနယ်စပ် အာသံမဏိပူရပြည်နယ်မှာ တည်ရှိပါတယ်။ အဲဒီပြည်နယ်ကစစ်ကိုင်းတိုင်းနဲ့တမူးမြို့နှင့်ကပ်လျက်ရှိပါတယ်။အခုလေကြောင်းလိုင်းအသစ်ပြေးဆွေးရင်တော့ အရင်က လူစီးကားတွေနည်းသွားနိုင်ပါတယ်။ ယခင်တော့ အင်ဖာကနေ မိုးလေး(ရေး) မိုးလေး(ရေး)ကနေ တမူးမြို့၊ကလေးမြို့၊မန္တလေးမြို့ စသည်မြို့များသို့လာရောက်တဲ့အခါ အောက်လမ်းကနေ ၀င်ကြ၊ထွက်ကြပြီး ကားနဲ့သွားလာနေကြတာပါ။ အခုတော့ လေယဉ်ပြေးဆွဲတော့မယ်ဆိုတော့ သွားရလာရ လမ်းပန်းဆက်သွယ်ရေးအရင်ကထပ်စာရင် အများကြီးခရီးရောက်ပါတယ်.။ ယခင်က အောက်လမ်းကနေ၀င်ရင် အစစ်အဆေးအသားဆီးတွေနဲ့ သွားလာနေကြရတာပါလို့ စစ်တိုင်းဒေသကြီး၊ တမူးမြို့၊ မြို့နယ်ခံတစ်ဦးက ပြောပြပါတယ် ။ပြေးဆွေးမည်ရက်ကတော့ သောကြာနေ့ ဇွန်၂၇ ရက်နေ့ဖြစ်ပါတယ်။အပြန်ခရီးက ဇူလိုင် ၃ ရက်နေ့ ကြာသပတေးနေ့ဖြစ်လိမ့်မယ်လို့ အာသံမဏိပူရအပ်ဒိတ် အွန်လိုင်းသတင်းတစ်ပုဒ်မှာရေးထားတာကိုလည်း တွေ့ရပါတယ်။ခရီးသည်တွေကတော့ မဏိပူရဒေသကနေ စင်္ကာပူကို သွားမယ့်သူတွေ ဖြစ်ဖွယ်ရှိပါတယ်တဲ့။ ရွှေမြန်မာကစင်္ကာပူကိုလည်းနေ့စဉ်ပျံနေတာပါ။ စင်္ကာပူချန်ဂီလေဆိပ်အွန်လိုင်းစာမျက်နှာမှာတော့ ရွှေမြန်မာဟာ မန္တလေးကနေ နိုင်ငံတကာခရီးစဉ်အတွက် စင်္ကာပူကို ရွေးခဲ့တဲ့ ပထမဆုံး လေကြောင်းလိုင်းဖြစ်တယ်လို့ ဆိုပါတယ်။စင်္ကာပူ-မန္တလေးကို ၂၀၁၃ ဧပြီ ကတည်းက ပြေးခဲ့တယ်၊ အခုဆို နေ့တိုင်းအသွားအလာ ရှိတယ်၊ လမ်းမှာ ရန်ကုန်ကို ၀င်တယ်လို့ ဆိုပါတယ်။Golden Myanmar Airline ကို ပိုင်ဆိုင်သူက KMA Group မှ ဦးခင်မောင်အေး ဖြစ်တယ်လို့ သိရပါတယ်။ မကြာခင်မှာ ခရိုနီများမြန်များ မြန်မာနိုင်ငံကို ရောင်းစား လိမ်မည်ဖြစ်ကြောင်း သိပ္ပံနဲ့နည်းပညာဆရာကြီး လွင်ပြင်ရိုင်းကဟောကိန်းထုတ်ထားပါတယ်။ ယခုခရိုနီစီးပွားရေးလုပ်ငန်းရှင်များ မြန်မာပြည်အနှံလက်ဝါးကြီးလုပ်ကိုင်နေကြသည်ကို ပြည်သူတွေအတွေ အနေနဲ့ သတိကြီးကြီးရှိကြဖို့လို့ပြီဖြစ်ပါတယ်။
6/23/2014 အတ္တကင်းစင် ဒီမိုကရေစီ လွင်ပြင် သတင်းဘလော့စပေါ့သည် မကြာမီအချိန်နှင့်တပြေးညီ သတင်းများကို တင်ဆက်ပေးတော့မည်ဖြစ်ပါသည်။ လွန်ခဲ့သော ၂နှစ်ကျော်ကာလတွင် လွင်ပြင်ကြီး အလုပ်တွေအရမ်းများတာရယ် အင်တာနက်ကမောက်ကမောက်တွေကြောင့် အလုပ်တွေမလုပ်နိုင်ခဲ့ဘူး။ ယခုတဖန် သတင်းများကို အများပြည်သူတို့သိစေလိုခြင်းကြောင့် အမြန်ဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် လွင်ပြင်ရိုင်းသတင်းမီဒီယာအဖွဲ့သားများကြိုးစားဆောင်နေပြီဖြစ်ပါတယ်။ ဒါကြောင့်မကြာမီ တင်ဆက်တော့မည့်ဖြစ်ပါကြောင်းသတင်းကောင်းပါလိုက်ပါရစေ။………….
မိတ္ထီလာခရိုင် သာစည်မြို့နယ်တွင် နွေစပါး စိုက်ပျိုးကြသော တောင်သူများ ကုန်ကျစရိတ် များသော်လည်း ထွက်နှုန်း ကောင်းပြီး စပါးဈေး ကောင်းသောကြောင့် တောင်သူများ တွက်ခြေကိုက်ကြကြောင်းသိရသည်။ထိုကဲ့သို့ တောင်သူများ အကျိုးဖြစ်ထွန်းသော နွေစပါးနှင့် ပတ်သက်၍ သိရှိလိုသောကြောင့် မကျီးကန်ကွင်းတွင် စပါးရိတ်နေသော တောင်သူများထံသို့ မေးမြန်းကြည့်ရာတောင်သူတစ်ဦးကယခုလိုပြောပြပါတယ်။ ကျွန်တော်တို့က စရိတ်တာ နှစ်ရက်ပဲ ရှိသေးတယ်။ တစ်ချို့ကတော့ ရိတ်သိမ်းပြီးပါပြီ။ နွေစပါးကို သက်တမ်းတို ရက် (၉၀) စပါးမျိုးကို အဓိကထား စိုက်ပျိုးကြပါတယ်။ နွေစပါး စိုက်ပျိုးတဲ့အချိန်မှာ ပျိုးနှုတ်ကောက်စိုနေ့စားအလုပ်သမားခတွေလယ်ထွန်တဲ့ အခါမှာ ထွန်းငှားတွေကဈေးကြီးပေးရတယ်။ စိုက်ပျိုးပြီး ရိတ်သိမ်းချိန် ရောက်တော့လည်း မိုးဦးလေဦးကျမှာ ရိတ်သိမ်းရတော့ မိုးလေကင်းလွတ်ပြီး အချိန်မီ အမိုးအကာအောက် ရောက်ဖို့ ကို အလုပ်သမားတွေငှား၊ စက်မှုလယ်ယာသုံး ပစ္စည်းတွေ ငှားပြီးလုပ်ရတော့ ကုန်ကျစရိတ် များပါတယ်။ ဒါပေမဲ့ နွေစပါးက မိုးစပါးထက် အထွက်နှုန်း ပိုကောင်းတာရယ် စပါးဈေးက မနှစ်ကထက် အထိုက်အလျောက် ပိုကောင်းတော့ ကုန်ကျစရိတ်များပေမဲ့တွက်ခြေကိုက်ပါတယ်လိုပြောပြပါတယ်။ သာစည်မြို့နယ်တွင် နွေစပါးကို သက်တမ်းတို ရက်(၉၀) စပါးမျိုးနှင့် ပုလဲသွယ် စပ်မျိုးစပါးတို့ကို စိုက်ပျိုးကြကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် ၄င်းစပါးသည် တိုင်းဒေသကြီးရှိ မြို့နယ်များတွင် တောင်သူများ စိုက်ပျိုးကြကြောင်းလည်းသိရှိရပါတယ်။ ၄င်းနည်းတူ စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့နယ်က တောင်သူတစ်ဦးပြောပြရာတွင် သူတိုဆီမှာတော့ အေရာမင်းခေါ်သက်ကြီးစပါးကို စိုက်ကြပါတယ်။ ကျနောတို့ မြို့နယ်တွေမှာတော့ ၄င်းစပါးသည် အထွက်ကောင်းပြီး စားတဲ့အခါမှာလည်း အခြားသောဆန်းများနဲ့မတူပဲ အလွန်ပင်စားလို့ကောင်းကြောင်းပြောပြပါတယ်။ ထို့ကြောင့်မြန်မာနိုင်ငံအထက်ပိုင်းနဲ့အောက်ပိုင်းဒေသတို့တွင် မတူညီသည့် စပါးအထွက်နှုန်းတွေရှိနေတဲာတော့အမှန်ပါပဲ၊ မြန်မာနိုင်ငံသားများအတွက် ၀မ်းသားပိတိများဖြစ်ရသလို့ ၄င်းတောင်သူကပဲ ကျနော်တို့မြန်မာနိုင်ငံသည် ပြည်တွင်း ပြည်ပကိုပါ အရည်သွေးကောင်းမွန်စွာဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်းပြောပါသည်။
BCA Academy ကျောင်းသည် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာ ကျောင်းသူ၊ကျောင်းသားများကိုလက်ခံသင်ကြားပေးလျှက်ရှိရာ ယခုနှစ် တွင်လည်း October Intake အတွက...် ကျောင်းဝင်ခွင့်များလက်ခံပေးနေ ပြီဖြစ်သည်။Singapore အစိုးရ အင်ဂျင်နီယာကျောင်းဖြစ်သည့် BCA Academy ကျောင်းဝင်ခွင့်လျှောက်ထားလိုသောကျောင်းသူ၊ကျောင်းသား များသည် Future Way Co.,Ltd မှတဆင့်ဆက်သွယ်လျှောက်ထားနိုင်ပြီ ဖြစ်ပါသည်။ BCA Academy တွင်အင်ဂျင်နီယာကျောင်းလျှောက်ထားလိုသည့် တက္ကသိုလ်ဝင်တန်းအောင်မြင် / ဖြေဆိုပြီးသူများ၊ GCE ‘O’ Level တွင် English ၊ Mathematics အပါအ၀င် (၃) ဘာသာဖြေဆိုထားသူများ ၊ Secondary (4) ပြီးဆုံးထားသော ကျောင်းသား ကျောင်းသူ များ (eg . B.A, B.Sc , B.E , B.Tech , AGTI , HND , အပါအ၀င် ) 2014 October ၀င်ခွင့်အတွက် Future Way Education တွင် လျှာက်ထားနိုင်ပြီဖြစ်သည်။ ▶ Diploma in CONSTRUCTION ENGINEERING ▶ Diploma in CONSTRUCTION IT ▶ Diploma in DESIGN (INTERIOR & LANDSCAPE) ▶ Diploma in QUANTITY SURVEYING ▶ Diploma in ELECTRICAL ENGINEERING AND CLEAN ENERGY ▶ Diploma in MECHANICAL ENGINEERING (GREEN BUILDING TECHNOLOGY) ▶ Diploma in STRATEGIC FACILITIES MANAGEMENT စသည့် ဘာသာရပ်များ လျှောက်ထားနိုင်ပါသည်။ BCA Academy သည် အင်ဂျင်နီယာဘာသာရပ်များ သီးသန့်သင်ကြားသည့် တစ်ခုတည်းသော စင်္ကာပူအစိုးရအင်ဂျင်နီယာကျောင်းဖြစ်ပြီး စင်္ကာပူအစိုးရ အမျိုးသားဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာန ( Ministry of National Devlopment ) လက်အောက်ရှိ အဆောက်အဦး နှင့်ဆောက်လုပ်ရေး အာဏာပိုင် အဖွဲ့အစည်းကြီး ဖြစ်သည့် Building & Construction Authority (BCA) ၏ ပညာရေးနှင့်သုတေသန အပိုင်းကို ဖော်ဆောင် လျက်ရှိသောတစ်ခုတည်းသော Engineering ကျောင်းဖြစ်သည်။ 25000 စတုရန်းမီတာ ကျယ်ဝန်းသည့် Singapore နိုင်ငံ NO. 200, BRADDELL ROAD တွင် တည်ရှိသည့် BCA Academy သည် Singapore နိုင်ငံရှိ ဆောက်လုပ်ရေးလုပ်ငန်းများ ပြီးမြောက်အောင်မြင် ရန်အတွက်လိုအပ်သော နည်းပညာရှင်များကို အဓိကမွေးထုတ်ပေးလျက် ရှိပါသည်။ BCA Academy တွင် Engineering ဘာသာရပ်များကို Pre-Diploma Foundation, Diploma, Specialist Diploma နှင့် Degree တန်းများအထိ သင်ယူနိုင်ပါသည်။ ၂၀၁၄ ၊ ဇွန်လ ( ၃၀ ) ရက်နေ့မတိုင်ခင် Future Way တွင် လျှောက်ထား ခြင်းဖြင့်တိုက်ရိုက်ဝင်ခွင့်အခွင့်အရေးရရှိမည်ဖြစ်သည်။ စိတ်ဝင်စားသူများ အနေဖြင့် Future Way Education & Services-Phone:241099, 254185 ,254628 , 09421016158 တို့ကို ဆက်သွယ်စုံစမ်း လျှောက်ထားနိုင်ပါသည်။
UK နိုင်ငံတွင် Medical School ကျောင်းတက်ဖို့ Medicine Foundationမှ စက်တင်ဘာ ၂၉ ရက်နေ့ ၀င်ခွင့်လျှောက်ထားနိုင်ပြီ

UK နိုင်ငံတွင် MB BS တက်ရောက်လိုသည့် မြန်မာနိုင်ငံမှ ကျောင်းသူ ကျောင်းသားများအနေဖြင့် University of Central Lancashire ၏ Medicine Undergraduate Foundation ...Programme (UFP)ကို၂၀၁၄ စက်တင်ဘာဝင်ခွင့်အား Future Way မှတဆင့် လျှောက်ထားတက်ရောက်နိုင်ပြီ ဖြစ်သည်။

UFP သည် senior secondary education ပြီးဆုံးသူများနှင့် academic တက်ရောက်ရန် လိုအပ်ချက်ရှိသည့် နိုင်ငံတကာကျောင်းသားများ ကြိုတင်ပြင်ဆင်ရန်ရေးဆွဲထားသည့် Programme တစ်ခုဖြစ်ပါသည်။

Medicine UFP တွင် Biology,Chemistry,Maths နှင့် English စသည့် core modules (၄) ခု ပါဝင်မည်ဖြစ်ပြီး Programme အောင်မြင်ရန် Personal Tutor များ မှ အပြည့်အ၀ထောက်ပံ့ ပေးထား ပါသည်။ ထူးချွန်အောင်မြင်သည့် ဆေးကျောင်းသား တစ်ယောက်ဖြစ်လာစေရန် ၊ ကျောင်းသား၏ တက္ကသိုလ် အင်တာဗျူးရာတွင် အဆင်ပြေစေရန် နှင့် UK နိုင်ငံတွင် ပညာသင်ကြားမှုနှင့်နေထိုင်မှု တို့ကို သဟဇာတဖြစ်စေရန် Personal Tutor များမှ ကူညီ ပေးမည်ဖြစ်သည်။ ဤပရိုဂရမ် သင်ကြားနေစဉ်တွင် health and social care setting ၏ volunteering placements များတွင် အထောက်အကူဖြစ်စေမည့်သူတစ်ယောက်ြ
ဖစ်လာမည်ဖြစ်သည်။

တစ်နှစ်တာကြာမြင့်မည့် 3 terms Programme ဖြစ်ကာ two terms ကို ၇ ပတ်မှ ၈ ပတ်စီ နှင့် final term ကို ၁၂ ပတ် ထိ reading တစ်ပတ် နှင့် assessment တစ်ပတ်စီ တက်ရောက်ရမည်ဖြစ်သည်။ တစ်ပတ်လျှင် စာသင်ချိန် (classroom or lab-based study ) ၂၂ - နာရီ တက်ရောက်ရ မည်ဖြစ် သည်။ကျောင်းလခမှာ£16,500ဖြစ်ကြောင်းသိရပါသည်။

ဤပရိုဂရမ်ကို တက်ရောက်မည့်သူများအနေဖြင့် UCLan School of Medicine and Dentistry ၏ အင်တာဗျူး ကျိန်းသေ၀င်ခွင့်ရရှိမည်ဖြစ်ပြီး UCLan ၏ MB BS ကို (၅) နှစ် ဆက်လက်တက် ရောက်ခွင့်ရရှိမည်ဖြစ်သည်။ အကယ်၍ ၀င်ခွင့်မရခဲ့လျှင် (သို့မဟုတ်) လျှောက်ထားသူနှင့် ကိုက်ညီမှု မရှိ ဟု သတ်မှတ်ခံရလျှင် Medicine UFP အောင်မြင်ပြီးပါက BSc Medical Sciences ကို သေချာပေါက်တက်ရောက်ခွင့်ရရှိပါမည်။ Medicine UFP တက်ရောက်ပြီးသူများအနေဖြင့် Medical Sciences Year 1 ကို မိမိကိုယ်ကို ယုံကြည်မှုရှိရှိဖြင့် သင်ကြားနိုင်မည်ဖြစ်ပြီး MB BS ၏ Year-1 သို့ ဆက်လက်တက်ရောက်နိုင်မည့်အခွင့်အရေးရရှိမည်ဖြစ်သည်။

ဝင်ခွင့်လိုအပ်ချက်အနေဖြင့် (၁၇) နှစ်ပြည့်ပြီးသူဖြစ်ရမည်ဖြစ်ပြီး အမှတ်စာရင်း ကောင်းရန်လိုအပ်ပြီး Chemistry/Biology ဖြေဆိုထားရမည်ဖြစ်သည်။ IELTS တွင် Overall အပြင် Element တိုင်းတွင် 6.0ရှိရန်လိုအပ်ကာUCLanအင်တာဗျူးဝင်ရန်လည်းလိုအပ်မည်ဖြစ်သည်။

ဆေးပညာနယ်ပယ်တွင် Health Care ၊ Dentistry ၊ Pharmacy နှင့် Biomedical Science ဘာသာရပ်များတွင် ဦးဆောင် ပံ့ပိုးနိုင်သူ အဖြစ် ဂုဏ်သတင်းကျော်ကြားသည့် UCLan တွင် ဆေးပညာ တက်ရောက် သင်ကြားလိုသည့် ကျောင်းသူ / ကျောင်းသားများအနေဖြင့် Future Way သည် အကောင်းဆုံးအစီအစဉ်တွေကို ယနေ့ မျိုးဆက်သစ်လူငယ်များအတွက် နေ့စဉ်နှင့်အမျှဆိုသလို လူမူရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေးစသည့်အကြောင်းအရာများကို သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် ယနေ့ မြန်မာနိုင်ငံဒီမိုကရေစီကို လမ်းပြဦးဆောင်နေသည့် သမ္မတဦးသိန်းစိန်အစိုးကို အထူးပဲ ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကမ္ဘာ အနှင့်အညီ ဆောင်ရွက်ပေး နေခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် ယနေ့ နည်းပညာခေတ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသား လူငယ်များအနေဖြင့်များစွာသောအကျိုးကျေးဇူးတွေကိုယနေ့လက်တွေ့အသုံးချနိုင်မည်ဖြစ်ပါ ကြောင်းသတင်းကောင်းပါးရင်းတင်ပြလိုက်ရပါတယ်။
Future Way ကိုဆက်သွယ်ရန် ဖုန်း ၂၄၁၀၉၉ ၊ ၂၅၄၁၈၅ ၊ ၂၅၄၆၂၈ ၊ ၀၉ ၄၂၁၀၁၆၁၅၈ မှ တဆင့် ဆက်သွယ်လျှောက်ထားနိုင်ပါသည်။